အဓိပ္ပါယ်ဖွင့်ဆိုချက်
Fibroids (သားအိမ်အလုံး) ကဘာလဲ။
သူတို့ဟာ သားအိမ်ထဲမှာ ဒါမှမဟုတ် သားအိမ်ပေါ်မှာ မူမမှန်ကြီးထွားလာတဲ့ အလုံးတွေ ဖြစ်ပါတယ်။ ဒီအလုံးတွေဟာ သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို ပိုမများစေသလို ကင်ဆာအဖြစ်ပြောင်းသွားလေ့လည်း မရှိပါဘူး။ တခါတလေ အလုံးတွေဟာ အတော်ကြီးလာတတ်ပြီး ဗိုက်အရမ်းအောင့်တာ၊နာတာ နဲ့ ဓမ္မတာများတာ စတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ ဘာရောဂါလက္ခဏာမှ ပြလေ့မရှိပါဘူး။