backup og meta

အမျိုးသမီးများ Work-Life balance မျှစေဖို့

ခုခေတ်မှာ အမျိုးသမီးတွေက အိမ်မှုကိစ္စအပြင် ပြင်ပအလုပ်တွေကို တွဲဖက်လုပ်လာရပါပြီ။ ကိုယ်ပိုင်လုပ်ငန်း၊ ကုမ္ပဏီဝန်ထမ်း စတဲ့ ပုံစံအမျိုးမျိုးနဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်လာကြပါပြီ။ ဒါပေမယ့် သူတို့ရဲ့ မူရင်းအလုပ်ဖြစ်တဲ့ အိမ်မှုကိစ္စ၊ ကလေးတွေ ကိစ္စစတာတွေကိုလည်း လက်လွှတ်လို့မရသေးပါဘူး။ ဘယ်လောက်ပဲ အမျိုးသားက ကူတယ်ပြောပြော အမျိုးသမီးတွေကပဲ ဦးဆောင်လုပ်ရတာပါ။ တစ်ကိုယ်တော် အမေတွေဆို ပိုပြီးအလုပ်များပါသေးတယ်။ ဒီလိုအမျိုးသမီးတွေအတွက် Work-Life balance ဆိုတာ လိုကို လိုအပ်လာပါပြီ။ ဒါကြောင့် အမျိုးသမီးများ Work-Life balance မျှစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Work-Life balanceဆိုတာ

အလုပ်ရယ် ကိုယ်ပိုင်ဘဝရယ်လို့ အလွယ်တကူ ပြောလို့ရပေမယ့် တကယ်က ဒီထက် နက်ရှိုင်းပါတယ်။ Balance ဖြစ်ဖို့ဆို ပိုတောင် ခက်ပါသေးတယ်။ အလုပ်မှာဆိုရင် ဝန်ထမ်းဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေ၊ ကိုယ်ပိုင်အလုပ်ဆိုရင် ကိုယ့်ဝန်ထမ်းတွေ စသဖြင့် တစ်ကိုယ်ရည်စာ အလုပ်ဆိုတာထက် ပိုပါတယ်။

အိမ်မှာဆိုရင်လည်း ကလေးအလုပ်၊ အမျိုးသားအလုပ်၊ အိမ်မှုကိစ္စ၊ သာရေး နာရေးနဲ့ နှစ်ဖက်မိဘတွေ အရေး ဒါတွေကိုပဲ ဦးစားပေးနေရတာပါ။ ဒါကြောင့် သူတို့မှာ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်ဘဝဆိုတာ မရှိသလောက် ရှားပါတယ်။ Work-Life balance လို့ပြောရင် အလုပ်နဲ့ အိမ်ကိစ္စပဲ ရှိနေပါသေးတယ်။ တကယ်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကိုပါ ပါဝင်အောင် ထည့်တွက်သင့်ပါတယ်။

Work-Life balance ဆိုတာ . . .

Work-Life balance ဆိုတာ အလုပ်ရယ်၊ မိသားစုရယ် ဆိုတာထက် ပိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို အချိန်ပေး ဂရုစိုက်တာကိုလည်း ထည့်တွက်သင့်ပါတယ်။

အမျိုးသမီးများ Work-Life balance မျှစေဖို့

အမျိုးသမီးများ Work-Life balance မျှစေဖို့ ဆိုရင်

အလုပ်မှာဆိုရင်

လုပ်ငန်းခွင် စိတ်ဖိစီးမှုက ကိုယ့်ရဲ့ အိမ်အထိ လိုက်လာတတ်ပါတယ်။ ဒါကြောင့် ရွေးချယ်လို့ ရမယ်ဆို ကိုယ်ပျော်တဲ့၊ ကိုယ်နှစ်သက်တဲ့ အလုပ်ကိုပဲ လုပ်ပါ။ အလုပ်မှာ သက်သောင့်သက်သာနဲ့ အလုပ်လုပ်နိုင်တာက အိမ်ပြန်ချိန်တွေကို သာယာစေပါတယ်။

  • တာဝန်ခွဲထားပါ။

နေရာတကာ ကိုယ်ဝင်ပါဖို့ မလိုအောင် တာဝန်တွေကို တိတိကျကျ ခွဲထားပါ။ အရေးကြီးတာကို ဦးစားပေးလုပ်ပါ။ အလုပ်များများ လုပ်တာထက် လုပ်သမျှအလုပ်က အရာထင်အောင် ကြိုးစားပါ။

တကယ်လို့ မနက်မှာ ကလေးကျောင်းပို့ရမှာမို့လို့ နာရီဝက်နောက်ကျမယ်ဆိုရင် အလုပ်ဆင်းချိန်ကို နာရီဝက်နောက်ရွေ့ပေးမယ်လို့ ညှိနှိုင်းကြည့်ပါ။ ဒီလို လုပ်လို့ ကိုယ့်ရဲ့ လုပ်ငန်းခွင်နဲ့ အလုပ်ကို မထိခိုက်စေဘူးဆိုတာကိုတော့ အာမခံနိုင်ပါစေ။

  • ငြင်းဆိုတတ်ပါစေ။

အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အလုပ်အားလုံးကို တစ်ယောက်တည်း သိမ်းကျုံးလုပ်စရာ မလိုပါဘူး။ မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ ငြင်းဆိုတတ်ပါစေ။ အခါအားလျော်စွာ အကူအညီတောင်းတတ်ပါစေ။

အမျိုးသမီးများ Work-Life balance မျှစေဖို့

အိမ်မှာဆိုရင်

‘Me time’ ဆိုတာက ကလေးနဲ့မဆိုင်၊ မိသားစုနဲ့ မဆိုင်ဘဲ ကိုယ့်ကိုယ်ကို အချိန်ပေးတာ၊ ဂရုစိုက်တာပါ။ မနက်စာ၊ နေ့လယ်စာ၊ ညစာကို ဖြစ်သလို မစားဘဲ သေချာပြင်ဆင်တာ၊ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးတာ၊ ကိုယ့်ဝါသနာလေးတွေအတွက် အချိန်ပေးတာမျိုးပါ။ ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အတူထွက်လည်တာကတည်း ‘Me time’ ပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့ဆိုရင် အလုပ်ကကိစ္စတွေကို အိမ်ကို သယ်မလာပါနဲ့။ မိသားစုနဲ့ နေရမယ့် အချိန်ကို ဖဲ့ပြီး အလုပ်အတွက် မသုံးပါနဲ့။ တတ်နိုင်ရင် အလုပ်ဖုန်းတွေ အီးမေးလ်တွေကို ကိုယ်ပိုင်ဖုန်းတွေနဲ့ မတူအောင် ခွဲထားပါ။ အိမ်ရောက်သွားရက်၊ ပိတ်ရက်ဆိုရင် အလုပ်ဖုန်းကို ပိတ်ထားလိုက်ပါ။

  • အိမ်အလုပ်တွေကို တစ်ယောက်တည်း မလုပ်ပါနဲ့။

ရုံးမှာ ရုံးအလုပ်၊ အိမ်မှာ အိမ်အလုပ် တစ်ယောက်တည်း ကျုံးလုပ်နေရရင် စိတ်ပျော်မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ ငါပဲလုပ်နေရတယ်ဆိုပြီး ကြာလာရင် မိသားစုနဲ့ ဆက်ဆံရေး ထိခိုက်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အိမ်မှာလည်း အလုပ်တာဝန်ခွဲထားပါ။ ကလေးတွေ လုပ်နိုင်တဲ့ အလုပ်ဆို ပေးလုပ်လိုက်ပါ။ ခင်ပွန်းသည်ကို အကူအညီတောင်းပါ။

တစ်ခါတလေမှာ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အမှားလုပ်မိတာ ရှိနိုင်ပါတယ်။ တစ်ဖက်ကို ဦးစားပေးလိုက်လို့ တစ်ဖက်မှာ လစ်ဟင်းသွားတာတွေ ရှိတတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိတာကြောင့် အလုပ်မှာရော၊ အိမ်မှာရော အပြစ်ကင်းအောင် နေဖို့ဆိုတာ ခက်မှာပါ။

အမျိုးသမီးများ Work-Life balance မျှတစေဖို့

အမျိုးသမီးတွေအနေနဲ့ အလုပ်လား၊ မိသားစုလားဆိုတာကို ရွေးချယ်ဖို့ ဗျာများလေ့ရှိပါတယ်။ ဒါက အချိန်တိုင်းအတွက် အဖြေတူမှာ မဟုတ်ပါဘူး။ အလုပ်ကို ဦးစားပေးရတာလည်း ရှိသလို အိမ်ကို ဦးစားပေးရတာလည်း ရှိနိုင်ပါတယ်။
အရေးကြီးဆုံးကတော့ အလုပ်လည်း မဟုတ်၊ အိမ်လည်း မဟုတ်ဘဲ မိမိကိုယ်ကို ဦးစားပေးဖို့ မမေ့ကြပါနဲ့။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://greatist.com/live/work-life-balance-for-women#tips-to-improve

https://medium.com/thrive-global/a-working-womans-guide-to-maintain-work-life-balance-27aa63e2f743

https://www.apa.org/topics/covid-19/working-women-balance

ယခုပုံစံ

23/02/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ စိတ်ဓာတ်ကျ နိုင်

အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/02/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement