မျိုးဥအိမ် ရေအိတ်တည်ခြင်း အကြောင်းသိကောင်းစရာ အပြည့်အစုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 8 mins read
Share now

အမျိုးသမီးတစ် ယောက်ရဲ့ မျိုးပွား အင်္ဂါအစိတ် အပိုင် း မှာ မက် မွန် သီးနဲ့ ပုံစံရော၊ အရွယ် အစားပါ အတူတူ လောက် ရှိတဲ့ မျိုးဥအိမ် ၂ခုရှိပါတယ်။ မျိုးဥအိမ် တစ် ခုက သားအိမ် ရဲ့တစ် ဖက် တစ် ချက် စီမှာ တည် ရှိပါတယ် ။ မျိုးဥ တွေဟာ မျိုးဥအိမ် ထဲမှာကြီးထွားလာပြီး လစဉ် ဓမ္မတာ စက်ဝန်းကာလအတွင် းမှာ မျိုးဥအိမ် က ထွက် ရှိပါတယ် ။ မျိုးဥအိမ် ရေအိတ် ဆိုတာ မျိုးဥအိမ် အတွင်းနဲ့ မျိုးဥအိမ် မျက် နှာပြင် ပေါ်မှာ ဖြစ်တတ်တဲ့ အရည် တွေပြည့် နေတဲ့ အိတ် ကိုခေါ်တာပါ။ မျိုးဥအိမ်ရေအိတ်တွေရဲ့ အရွယ်အစားကတော့ အမျိုးမျိုးရှိပြီး ပဲစေ့အရွယ်ကနေ လိမ္မော်သီးထက်ကြီးတဲ့ အရွယ်အထိရှိပါတယ်။ အမျိုးသမီး တော် တော် များများက သူတို့ဘဝ သက်တမ် း တစ် လျှောက် မျိုးဥအိမ် ရေအိတ် တွေ ဖြစ် တတ် ကြပါတယ် ။ များ သောအားဖြင့် မျိုးဥအိမ် ရေအိတ် တွေဟာ အနည် းငယ် မသက် မသာ ဖြစ် ရုံကလွဲပြီး အန္တရာယ် မရှိကြပါဘူး။ မျိုးဥအိတ် ရေအိတ် တော် တော် များများက ဘာကုသမှု ခံယူစရာမှမလိုဘဲ လအနည် းငယ် အတွင် းမှာ ပျောက် ကင် းသွားတတ် ပါတယ် ။ ဒါ ပေမဲ့ မျိုးဥအိမ် ရေအိတ် ပေါက် ပြဲသွားမယ် ဆိုရင် တော့ ပြင် းထန် တဲ့ ရောဂါ လက္ခဏာ တွေကိုဖြစ် စေနိုင် ပါတယ်။ ဒီ တော့ ကျန် းမာ ရေးကို စောင့် ရှောက် တဲ့ အ နေနဲ့ တင် ပါးဆုံဧရိယာတစ်ဝိုက် စစ် ဆေးမှု တွေကို ပုံမှန် စစ် ဆေးခြင် းဖြင့် ရောဂါ လက္ခဏာ တွေကို ကြိုသိနိုင် ပြီး ပြင် းထန် တဲ့ ရောဂါ လက္ခဏာ တွေမဖြစ် အောင် တားဆီးနိုင် ပါတယ် ။

Photo Credit : mayoclinic

ရောဂါ လက္ခဏာများ

မျိုးဥအိမ် ရေအိတ် အများစုက ဘာ ရောဂါလက္ခဏာမှ ပြ လေ့မရှိဘဲ သူ့ဘာသာ ပျောက်ကင် းသွား လေ့ရှိပါတယ် ။ ဒါ ပေမဲ့ ပမာဏ ကြီးတဲ့ ရေအိတ် တွေက တော့

  • တင် ပါးဆုံ ပတ် ဝန် းကျင် တစ် ဝိုက် နာကျင် ခြင် း။
  • ရေအိတ် ရှိတဲ့ ဘက် ခြမ် း ဝမ် း ဗိုက် အောက် ဘက် ပိုင် းမှာ နာကျင် မှူ စူးစူးရှရှ ခံစားရခြင် း၊ သို့မဟုတ် အုံ့ပြီး နာကျင် နေခြင် း။
  • ဝမ် း ဗိုက် အတွင် းပြည့်ကျပ် ပြီး လေးလံ နေခြင် း။
  • ဝမ် း ဗိုက် အတွင် း ဖောင် းပွ နေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ဘယ် အချိန် ဆေးဝါးကုသမှု ခံယူရမလဲ။

ရုတ် တရက် ဝမ် း ဗိုက် ပိုင် း (သို့မဟုတ် ) တင် ပါးဆုံ ပတ် ဝန် းကျင် က နေ ရုတ် တရက် ပြင် းထန် စွာ နာကျင်ခြင်း၊ သွေးလန့်ပြီး စိတ်ချောက်ခြားလာခြင်း၊ ဖျားနာပြီး နာကျင် လာခြင်း၊ ပျို့အန့်လာခြင်း ၊ အ ရေပြား အေးလာခြင် း၊ ချွေးထွက် ပြီး စိုထိုင် းလာခြင် း၊ သွေးလန့်ခြင် း၊ အသက် ရူ မြန် လာခြင် း၊ မူးဝေလာခြင်းနဲ့ အားနည် းလာခြင် းတို့ကို ကြုံလာရင် ဆရာဝန် နဲ့ အမြန် ဆုံးသွား ရောက် ပြသသင့်ပါတယ် ။

မျိုးဥအိမ် ရေအိတ် အများစုဟာ ဓမ္မတာစက် ဝန် း ကြောင့် ဖြစ် ပေါ်လာကြတာပါ။ ဒီရေအိတ်တွေကို သာမန်မျိုးဥအိမ် ရေအိတ်တွေ (functional cysts) လို့ခေါ်ပါတယ်။ ဒီ ရေအိတ် တွေဟာ တစ် ခြား သော ရေအိတ် အမျိုးအစား တွေ ထက် အ တွေ့ရများပါတယ် ။

သာမန်မျိုးဥအိမ် ရေအိတ်များ။ (functional cysts)

Photo Credit : britannica

Functional ovarian cyst ဆိုတာကတော့ မျိုးဥအိမ်က မျိုးဥ ပြုလုပ်နေတဲ့ အချိန်နဲ့ မျိုးဥကြွေတဲ့ အချိန် အနည်းငယ်ပြောင်း လဲသွားတဲ့အတွက်ဖြစ်ပေါ်တဲ့ ရေအိတ်တွေပါ။ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးဥအိမ်မှာ follicle လို့ခေါ်တဲ့ ရေအိတ်လို ခန္ဓါကိုယ် အစိတ်အပိုင်းတွေက လတိုင်းလတိုင်းမှာ ပုံမှန်ကြီးထွားလာပါတယ်။ follicle တွေဟာ အမျိုးသမီး ဟော်မုန်းတွေ ဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း (progesterone)( နောက်ထပ်မျိုးဥဖြစ်ပေါ်မှုကို တားဆီးပေးတဲ့ ဟော်မုန်း) ကို ထုတ်လုပ်ပေးတဲ့အပြင် မျိုးဥကြွေချိန်ကျရင်လည်း မျိုးဥကို ထုတ်လုပ်ပေးပါတယ်။ လစဉ်လတိုင်းကြီးထွားနေတဲ့ follicle တွေ ရေအိတ်အဖြစ် ကြီးထွားလာမယ်ဆိုရင် ဒါကို သာမန် ရေအိတ်တွေလို့ခေါ်ပါတယ်။

follicle လို့ခေါ်တဲ့ ရေအိတ်လို ခန္ဓါကိုယ် အစိတ်အပိုင်းတွေက ရင့်မှည့်နေတဲ့ မျိုးဥကို သယ်ဆောင်ထားပြီး ပုံမှန်အားဖြင့် ဥကြွေသွားတဲ့ အခါကျရင် ဒီအိတ်တွေက အလိုလို ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့ ဥမထွက်တဲ့အခါမျိုး (သို့မဟုတ်) ရေအိတ်က ဥထွက်သွားပြီးတဲ့ အခါမှာတောင် ရေအိတ်က ပြန်ပိတ်သွားတဲ့ အခါကျရင် ရေအိတ်ထဲမှာ အရည်တွေ စုမိလာနိုင်ပါတယ်။ ဒီလို သာမန် မျိုးဥအိမ်ရေအိတ်တွေက ကင်ဆာလိုမျိုး တစ်ခြားသော အကြောင်းရင်းတွေကြောင့် မျိုးဥအိမ် ကြီးထွားလာတဲ့ ပုံစံတွေနဲ့ မတူပါဘူး။ အများစုအားဖြင့် ဒီလို ရေအိတ်တွေက အန္တရာယ်ရှိလေ့ မရှိတဲ့အပြင် ဘာမှ ကုသစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုရေအိတ်တွေ မပျောက်သွားဘဲ ပိုကြီးလာမယ်၊ မျိုးဥအိမ် လိမ်သွားမယ် (မျိုးဥအိမ်လိမ်သွားခြင်း။ (Ovarian torsion) အကြောင်းကို အောက်မှာ အကျယ်ရှင်းထားပါတယ်။)
၊ ပေါက်ပြဲသွားမယ်၊ သွေးထွက်သွားမယ်ဆိုရင် နာကျင်မှုကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

မျိုးဥအိမ် ရေအိတ် ပိုကြီးလာလေ ရောဂါလက္ခဏာ ပိုဖြစ်လေပါပဲ။ ရောဂါ လက္ခဏာတွေကတော့-

  • ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း (အထူးသဖြင့် ဓမ္မတာ စက်ဝန်းအလယ်ခန့်မှာဖြစ်တတ်ပါတယ်။)
  • ဓမ္မတာ စက်ဝန်းစတဲ့ အချိန် နှေးကွေးခြင်း။
  • ဓမ္မတာ မလာချိန်မွေးလမ်းကြောင်းမှ သွေးဆင်းခြင်း တို့ ဖြစ်စေနိုင်ပါတယ်။

functional cysts (၂) မျိုးရှိပါတယ်။

အဲ့ဒါတွေကတော့

Follicular cyst ( မျိုးဥအိမ်အတွင်းမှ ရေအိတ်)။

Photo Credit : mayoclinic

ဓမ္မတာ စက်ဝိုင်း တစ်ဝက်လောက်ခန့်မှာ မျိုးဥဟာ သူ့ကို သယ်ဆောင်ထားတဲ့ အိတ်ထဲမှ ထွက်လာပြီး မျိုးဥသယ်ပြွန်တစ်လျှောက်ဆင်းသွားပါတော့တယ်။ Follicular cyst ဆိုတာကတော့ မျိုးဥအိမ်အတွင်းက ရေအိတ်လေးက မျိုးဥကို အပြင်ထုတ်ပေးဖို့ ပေါက်ပြဲမသွားဘဲ ပိုကြီးလာတဲ့ ရေအိတ်မျိုးကို ခေါ်တာ ဖြစ်ပါတယ်။

Corpus luteum ရေအိတ်။

Photo Credit : mayoclinic

ကော်ပတ်စ် လူတီယမ် (corpus luteum) ကို lutein ဆဲလ်လို့ခေါ်တဲ့ ခန္ဓါကိုယ် အဆီဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ luteus ဆိုတာ လက်တင် ဘာသာစကားအရ အဝါရောင်လို့ အဓိပ္ပါယ်ရပါတယ်။ Corpus luteum ဆိုတာ အမျိုးသမီး မျိုးပွားစနစ် ထဲက ဟော်မုန်း စစ်ထုတ်ပေးတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းတွေပါ။ Corpus luteum ဟာ မျိုးဥအိမ်ထဲက မျိုးဥသယ်ထားတဲ့ ရေအိတ် (follicle) မှ ဥကြွေအပြီးမှာ ဆက်လက်ဖြစ်ပေါ်လာတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ Corpus luteum ဟာ မျိုးဥကြွေအပြီး မျိုးဥမရှိတော့တဲ့ ရေအိတ် သာ ဖြစ်ပါတယ်။ follicle (ရေအိတ်) တွေဟာ မျိုးဥထွက်ပြီးတာနဲ့ corpus hemorrhagicum လို့ခေါ်တဲ့ သွေးခဲနေတဲ့ corpus luteum အဆင့်ကို ဖြတ်ပြီးမှ သာမန် corpus luteum အဆင့်ကိုရောက်တာ ဖြစ်ပါတယ်။ မျိုးဥက ဥသယ်ပြွန်ထဲကို ဆင်းသွားတဲ့ အချိန်မှာ corpus luteum က မျိုးဥအိမ်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ မျိုးဥအိမ်နဲ့ နှိုင်းယှဉ်ရင်တော့ corpus luteum ဟာ တော်တော်ကြီးတယ်လို့ ပြောရမှာ ဖြစ်ပြီး corpus luteum အဆင့်မှာဆိုရင် အချင်းက ၂ စင်တီမီတာကနေ ၅ စင်တီမီတာ အထိရှိနိုင်ပါတယ်။ corpus luteum ဟာ အီစထရိုဂျင် (estrogens) နဲ့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်း ၂ မျိုးကို စစ်ထုတ်ပေးပါတယ်။ ပရိုဂျက်စတီရုန်း (progesterone) ဟာဆိုရင် မျိုးဥ မျိုးအောင်ရင် သားအိမ်ထဲမှာ အဆင်သင့်ဖြစ်စေဖို့အတွက် သားအိမ်ကို ပြင်ဆင်ပေးတဲ့ ဟော်မုန်းဖြစ်ပြီး သန္ဓေသားအာဟာရ အတွက်လည်း ပြင်ဆင်ပေးပါတယ်။ အကယ်၍ မျိုးဥက သန္ဓေ မအောင်ဘူးဆိုရင် corpus luteum ဟာ အလုပ်မလုပ်တော့ဘဲ ၁၀ ရက်ကနေ ၁၄ ရက်ခန့်အကြာမှာတော့ ဓမ္မတာ လာခြင်း (menstruation) ဖြစ်ပါတယ်။ follicle အဆင့်မှ ကော်ပတ်စ် လူတီယမ် (corpus luteum) အဆင့်ထိ ကြီးထွားလာပြီးနောက် တစ်ခါတစ်ရံ အရည်များက corpus luteum အထဲ စုမိနေတဲ့ အခါ ရေအိတ် ဖြစ်လာနိုင်ပါတယ်။

သာမန် မျိုးဥအိတ်ရေအိတ်တွေဟာ များသောအားဖြင့် အန္တရာယ်မရှိဘဲ နာကျင်တယ်ဆိုတာလည်း ရှားပါတယ်။ များသောအားဖြင့် ဓမ္မတာ စက်ဝန်း ၂ ကြိမ် ၃ ကြိမ်ခန့်မှာ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။

ရောဂါကြောင့်ဖြစ်တဲ့ ရေအိတ်များ။

ဒီရေအိတ်တွေကတော့ ဓမ္မတာ စက်ဝန်းရဲ့ ပုံမှန် လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်တဲ့ ရေအိတ်တွေနဲ့ မဆိုင်ပါဘူး။ အဲ့ဒါတွေကတော့

Dermoid Cyst ။

Dermoid ရေအိတ်ဆိုတာကတော့ တစ်ရှုးတွေ၊ အမွှေးအမျှင်တွေ၊ အရေပြားနဲ့ သွားများအထိ ပါဝင်တဲ့ ရေအိတ်တွေ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပါဝင်နေရတာလဲ ဆိုတော့ ဒီရေအိတ်ဟာ သန္ဓေသားဆဲလ်တွေကနေ ဖြစ်ပေါ်လာတာကြောင့်မို့ပါ။ ပုံမှန်အားဖြင့် ဒီရေအိတ်တွေမှာ ကင်ဆာဆဲလ်တွေ မပါဝင်ပါဘူး။ ဒီရေအိတ်တွေဟာ တစ်ဖြည်းဖြည်း ကြီးထွားတတ်ပြီး မပေါက်ပြဲသွားသ၍ နာကျင်မှု မရှိပါဘူး။ Dermoid ရေအိတ် ဖြစ်တတ်တဲ့ နေရာတွေကတော့ မျက်နှာ၊ ဦးခွံအတွင်း၊ နောက်ကျောအောက်ဘက်ပိုင်းနဲ့ မျိုးဥအိမ်အတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ မျိုးဥအိမ်မှာ ဖြစ်ပေါ်တဲ့ ရေအိတ်တွေကတော့ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်သေးတဲ့ ကာလမှာ ဖြစ်ပေါ်နိုင်ပြီး ဒီရေအိတ်တွေဟာ လိမ်သွားခြင်း၊ ရောဂါကူးစက်ခံရခြင်း၊ ပေါက်ပြဲခြင်းနဲ့ ကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။ Dermoid ရေအိတ်ကိုတော့ ပုံမှန်အားဖြင့် သမာရိုးကျခွဲစိတ်မှုနဲ့ ဖယ်ရှားကြသလို ခွဲစိတ်မှု အနည်းငယ်သာ လိုအပ်တဲ့ အချိန်မှာတော့ Laparoscopyလို့ခေါ်တဲ့ ဝမ်းဗိုက်အတွင်းက အင်္ဂါတွေကို ခွဲစိတ်မှု အနည်းငယ်သာလိုအပ်တဲ့ စစ်ဆေးနည်းနဲ့ စစ်ဆေးမှာ
ဖြစ်ပါတယ်။ Dermoid ရေအိတ်တွေဟာ သန္ဓေသားကြီးထွားနေစဉ်ကာလအတွင်းမှာ အရေပြားနဲ့ အရေပြားဆိုင်ရာ အစိတ်အပိုင်းမှာ ပိတ်မိသွားတဲ့ အတွက်ကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် Dermoid ရေအိတ်တွေရဲ့ ဆဲလ်တွေမှာ ခန္ဓါကိုယ်ပြင်ပဆိုင်ရာ အရေပြားတွေနဲ့ တူတဲ့ အရေပြား၊ မွေးညင်းပေါက်၊ ချွေးထွက်ဂလင်းတွေနဲ့ တစ်ခါတစ်ရံ အမွှေးအမျှင်၊ သွားနဲ့ နာဗ်ကြောများအထိပါ ပါဝင်တတ်ပါတယ်။ သာမန်အားဖြင့် Dermoid ရေအိတ်ကို အရေးပေါ် ကုသရမယ့် အခြေအနေ တစ်ရပ်တစ်ခု အဖြစ် မသတ်မှတ်ထားပါဘူး။ ဒါပေမဲ့ Dermoid ရေအိတ် ပေါက်ပြဲသွားမယ်၊
ရောင်ကိုင်းသွားမယ်၊ နာကျင်လာမယ်၊ ဖျားနာလာမယ်ဆိုရင် လူနာအနေနဲ့ ဆရာဝန်ထံ အမြန်ဆုံးပြသသင့်ပြီး နာကျင်မှု ပြင်းအားအလိုက် အရေးပေါ် ကုသရမှာ ဖြစ်ပါတယ်။

Cystadenomas။

Cystadenomas ဆိုတာ မျိုးဥအိမ်ရဲ့အပေါ်ယံ အလွှာပေါ်မှာ ဖြစ်ပွားလေ့ရှိတဲ့ ကျန်းမားရေး ဆိုးကျိုး မပေးတဲ့ အကျိတ်မျိုး ဖြစ်ပါတယ်။ ဒီရေအိတ်အတွင်းမှာ အခန်းပေါင်းများစွာ ပါဝင်ပြီး အတွင်းမှာ ရေနဲ့ အကျိအချွဲကဲ့သို့သော အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ မျိုးဥအိမ် အကျိတ် ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ Cystadenomas ဖြစ်တတ်တာကတော့ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။ Cystadenomas ရေအိတ် ၈၀ ရာခိုင်နှုန်းကတော့ ကျန်းမာရေး အန္တရာယ်မရှိကြဘဲ
၁၀ ရာခိုင်နှုန်းကတော့ အန္တရာယ်ပေးနိုင်တဲ့ အကျိတ်တွေ ဖြစ်နိုင်သလို ကျန် ၁၀ ကတော့ အန္တရာယ် ဖြစ်စေနိုင်တာက တစ်ဝက်၊ အန္တရာယ်တစ်ဝက်မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။

Endometriomas ။

ဒီရေအိတ်တွေကတော့ သားအိမ် (uterus ) ရဲ့ အနားသတ်ဆဲလ်တွေက သားအိမ် အပြင်ဘက် ကြီးထွားတဲ့ အခါ ဖြစ်ပေါ်တဲ့ ရေအိတ်တွေပါ။ ဒီအနားသတ်ဆဲလ်တွေက မျိုးဥအိမ် (ovary)ကိုတွယ်ကပ်ပြီး ကြီးထွားလာနိုင်ပါတယ်။ Ovarian endometrioma တွေဟာ အီစထရိုဂျင် ဟော်မုန်း လိုအပ်ပြီး အန္တရာယ်မရှိကြပါဘူး။ ဒီရေအိတ်တွေရှိရင်တော့ သန္ဓေ မအောင်နိုင်ခြေ မြင့်မားပါတယ်။ Ovarian endometrioma တွေက ဘာကြောင့် သန္ဓေ မရနိုင်ခြေ မြင့်မားစေတာလဲဆိုတော့ မျိုးဥ အရည်အသွေးနဲ့ အရေအတွက်တွေ ထိခိုက်သွားတဲ့ အတွက်လို့ သတ်မှတ်ထားပါတယ်။ ဒီရေအိတ်တွေဟာ အမေရိကန်နိုင်ငံရှိ မျိုးပွားနိုင်တဲ့ အရွယ် အမျိုးသမီး ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းမှာ ဖြစ်ပွားတတ်ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့-

  • တင်ပါးဆုံဧရိယာတစ်ဝိုက် နာတာရှည်နာကျင်ခြင်း၊
  • ဓမ္မတာ လာချိန် နာကျင်ခြင်း ( dysmenorrhea)
  • လိင်ဆက်ဆံချိန် နာကျင်ခြင်း (dyspareunia) နဲ့ သန္ဓေ မအောင်နိုင်ခြင်းတို့ဖြစ်တတ်ပါတယ်။

Dermoid ရေအိတ်တွေနဲ့ မျိုးဥအိမ်ရဲ့အပေါ်ယံ အလွှာပေါ်မှာ ဖြစ်ပွားလေ့ရှိတဲ့ cystadenomas တွေကတော့ ကြီးထွားလာနိုင်ပြီး မျိုးဥအိမ်ကိုပါ သူ့နဂိုရှိနေကျနေရာကနေ ရွေ့လျားသွားစေနိုင်ပါတယ်။ ဒီလို ရွေ့သွားတဲ့အခါမှာ မျိုးဥအိမ်လိမ်ခြင်းလို့ခေါ်တဲ့ ovarian torsion ကိုဖြစ်စေနိုင်ပြီး နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ မျိုးဥအိမ်လိမ်တဲ့အခါမှာ မျိုးဥအိမ်သို့ သွေးရောက်ရှိမှု နည်းသွားတာမျိုး၊ ပိတ်ဆို့သွားတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ။

မျိုးဥအိမ် ရေအိမ် (ovarian cyst) တွေဟာ အောက်ပါ အကြောင်းရင်းများကြောင့် ဖြစ်ပွားရတာ ဖြစ်ပါတယ်။

ဟော်မုန်း ပြဿနာ။

သန္ဓေအောင်စေဖို့ အတွက်မျိုးဥကြွေစေရန် သောက်သုံးရတဲ့ clomiphene (Clomid) လို့ခေါ်တဲ့ ဆေးတွေ သောက်သုံးတဲ့ အခါ ဖြစ်နိုင်ပါတယ်။

သန္ဓေဆောင်ရခြင်း။

တစ်ခါတစ်ရံမှာ ရေအိတ်တွေဟာ မျိုးကြွေတဲ့ အချိန် မျိုးဥအိမ်မှာ စတင်ဖြစ်ပေါ်ပြီး သန္ဓေဆောင်နေတဲ့ ကာလပတ်လုံး တည်ရှိနေပါတယ်။

Endometriosis ။

သားအိမ်မှ (uterus) အနားသတ် ဆဲလ်များ သားအိမ် အပြင်မှာ ကြီးထွားပြီး ဒီတစ်ရှုးတွေက မျိုးဥအိမ်ကို တွယ်ကပ်ကာကြီးထွားတဲ့အချိန် ဖြစ်ပေါ်ပါတယ်။

တင်ပါးဆုံ ဧရိယာတစ်ဝိုက် ကူးစက်မှု ခံရခြင်း။

ကူးစက်ရောဂါ တစ်မျိုးမျိုးက မျိုးဥအိမ်တွေထဲ ပျံ့နှံ့သွားတဲ့အခါမှာ ရေအိတ်ဖြစ်စေနိုင်ပါတယ်။

အရင်က မျိုးဥအိမ်ရေအိတ် ဖြစ်ဖူးခြင်း။

အရင်က ဖြစ်ဖူးတယ်ဆိုရင် နောက်ထပ်ဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။

ရောဂါအသစ်တွေ ထပ်တိုးလာစေနိုင်သလား။

အမျိုးသမီး တစ်ချို့မှာတော့ ရှားပါးတဲ့ ရေအိတ်များ ဖြစ်တတ်ကြပါတယ်။ သွေးဆုံးချိန် အပြီးမှာ ဖြစ်ပေါ်တဲ့ မျိုးဥအိမ် ရေအိတ်တွေကတော့ ကင်ဆာကျိတ်တွေ ဖြစ်နေနိုင်တဲ့အတွက်တင်ပါးဆုံဆိုင်ရာကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်လုပ်ဆောင်နေဖို့ လိုပါတယ်။ မျိုးဥအိမ် ရေအိတ်ဖြစ်ရင် ရှားရှားပါးပါး ဖြစ်တတ်တဲ့ တစ်ခြား အခြေအနေတွေကတော့

မျိုးဥအိမ်လိမ်သွားခြင်း။ (Ovarian torsion)

မျိုးဥအိတ် ရေအိတ်တွေ ကြီးလာတဲ့အခါမှာတော့ မျိုးဥကို နေရာရွေ့သွားစေနိုင်ပါတယ်။ နေရာရွေ့လေလေ မျိုးဥအိမ်ကို လိမ်စေနိုင်ပြီး ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့-

တင်ပါးဆုံ ဧရိယာတစ်ဝိုက် ရုတ်တရက် ပြင်းထန်စွာနာကျင်ခြင်း၊ ပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အပြင် မျိုးဥအိမ်သို့ သွေးရောက်မှုကို နည်းစေခြင်း၊ ပိတ်ဆို့စေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ပေါက်ပြဲခြင်း။

ရေအိတ်တွေ ပေါက်ပြဲသွားမယ်ဆိုရင် ပြင်းထန်စွာနာကျင်နိုင်ပြီး ခန္ဓါကိုယ် အတွင်းပိုင်းမှလည်း သွေးထွက်နိုင်ပါတယ်။ ရေအိတ်ကြီးလေလေ ပေါက်ပြဲနိုင်တဲ့ အန္တရာယ်များလေလေပါပဲ။ လိင်ဆက်ဆံခြင်းလို ကြမ်းတမ်းတဲ့ တင်ပါးဆုံ တစ်ဝိုက်လှုပ်ရှားမှုတွေက ရေအိတ်တွေကို ပိုပြီး ပေါက်ပြဲစေနိုင်ပါတယ်။

မျိုးဥအိမ် ရေအိတ်ကို စစ်ဆေးမှု ပြုလုပ်ပုံများ။

တင်ပါးဆုံ ဧရိယာတစ်ဝိုက် စစ်ဆေးတဲ့ အချိန်မှာ မျိုးဥအိမ် ရေအိတ်တွေကို တွေ့ရှိတတ်ပြီးပုံမှန်အားဖြင့် မျိုးဥအိမ် တစ်ခုမှာ ရောင်ကိုင်းနေတာကိုတွေ့ရမှာ ဖြစ်ပြီး ရေအိတ်ရှိနေလားဆိုတာကို အတည်ပြုဖို့ အတွက် ကြိမ်နှုန်းမြင့် အသံလှိုင်းကို အသုံးပြုပြီး ခန္ဓါကိုယ် အတွင်းပိုင်းအင်္ဂါတွေကို စစ်ဆေးတဲ့ ultrasound စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ultrasound စစ်ဆေးမှုတွေက အရွယ်အစား၊ တည်နေရာ၊ ပုံစံနဲ့ အရည်တွေပြည့်နေလား၊ အစိုင်အခဲတွေ ပြည့်နေလားဆိုတာ ခွဲခြားပေးနိုင်မှာပါ။

မျိုးဥအိမ် ရေအိတ်တွေကို စစ်ဆေးပေးနိုင်တဲ့ တစ်ခြား ကိရိယာတွေကတော့-

CT scan။

ခန္ဓါကိုယ်အတွင်းပိုင်း ပုံရိပ်တွေကို အထူး ပြုလုပ်ထားတဲ့ X-rays နဲ့ ကွန်ပျုတာကို အသုံးပြုပြီး
ထုတ်လုပ်ပေးတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။

MRI (Magnetic Resonance Imaging)။

သံလိုက်လှိုင်း၊ ရေဒီယို လှိုင်းနဲ့ ကွန်ပျူတာကို အသုံးပြုပြီး ခန္ဓါကိုယ်အတွင်းပိုင်း အင်္ဂါပုံရိပ် အသေးစိတ်ကို ဖော်ပေးတဲ့ စစ်ဆေးမှု နည်းပညာဖြစ်ပါတယ်

ရေအိတ်အများစုက ပုံမှန်အားဖြင့် ရက်သတ္တပတ် အနည်းငယ် (သို့) လအနည်းငယ်အကြာမှာ ပျောက်ကင်းသွားတဲ့ အတွက်ဆရာဝန်တွေက ကုသမှု နည်းလမ်းကို ချက်ခြင်း လုပ်ဆောင်ပေးမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား ရက်သတ္တပတ် အနည်းငယ် (သို့) လအနည်းငယ်အကြာမှာ ultrasound စစ်ဆေးမှုကိုသာ ထပ်လုပ်မှာ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ထပ်စစ်တဲ့ အခါ ရေအိတ်အခြေအနေက ဘာမှပြောင်းလဲမှု မရှိဘူး (သို့မဟုတ်)အရွယ်အစားပိုကြီးလာမယ်ဆိုရင် ဆရာဝန်တွေက တစ်ခြားသော စစ်ဆေးမှုတွေကို ထပ်လုပ်ပြီးဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို သတ်မှတ်မှာ ဖြစ်ပါတယ်။

အဲ့ဒါတွေကတော-

  • သန္ဓေဆောင်ထားရလားဆိုတာကို စစ်ဆေးဖို့အတွက် သန္ဓေစစ်ဆေးမှု။
  • အီစထရိုဂျင် (estrogens) နဲ့ ပရိုဂျက်စတီရုန်း (progesterone) များနေလားဆိုတာကို
    စစ်ဆေးဖို့အတွက် ဟော်မုန်း ပမာဏ စစ်ဆေးမှုများ။
  • မျိုးဥအိမ် ကင်ဆာဖြစ်နေလားဆိုတာကို စစ်ဆေးဖို့ အတွက် CA-125 သွေးစစ်ဆေးမှုတို့ဖြစ်ပါတယ်။

မျိုးဥအိမ် ရေအိတ်တွေကို ကုသနိုင်တဲ့ နည်းလမ်းများ။

မျိုးဥအိတ်ရေအိမ်က မပျောက်သွားဘူး (သို့) ပိုကြီးလာမယ်ဆိုရင် ဒီရေအိတ်ကို ရှုံ့သွားစေမယ့် ကုသမှု (သို့မဟုတ်) ဖယ်ရှားဖို့ အတွက် ဆရာဝန်တွေက အကြံပေးမှာ ဖြစ်ပါတယ်။

သန္ဓေတားဆေးများ။

သင်မှာ မျိုးဥအိမ် ရေအိတ်တွေ ပြန်ပြန်ဖြစ်နေမယ်ဆိုရင် ဆရာဝန်တွေက မျိုးဥကြွေခြင်းကို တားပြီး ရေအိတ်တွေ မကြီးထွားလာစေရန်အတွက် သောက်သုံးရတဲ့ သန္ဓေတားဆေးတွေကို ညွှန်းမှာ ဖြစ်ပါတယ်။ သန္ဓေတားဆေးတွေက ရေအိတ်တွေကို ပျောက်ကင်းသွားစေမှာ မဟုတ်ပေမဲ့ နောက်ထပ် အသစ်မဖြစ်လာအောင် တားဆီးပေးနိုင်ပါတယ်။ သောက်သုံးရတဲ့ သန္ဓေတားဆေးတွေဟာ မျိုးဥအိမ် ကင်ဆာ ဖြစ်ပွားနိုင်ခြေကိုလည်း နည်းပါးစေနိုင်ပါတယ်။ မျိုးဥအိမ်ကင်ဆာကတော့ သွေးဆုံးအပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

Laparoscopy။

ရေအိတ်ကလည်း သေးငယ်နေမယ်၊ ပုံရိပ်ဖော် စစ်ဆေးချက်တွေ အရလည်း ကင်ဆာမဟုတ်ဘူးဆိုရင် ဆရာဝန်များက Laparoscopy လို့ခေါ်တဲ့ ခန္ဓါကိုယ် အတွင်းပိုင်းကို စစ်ဆေးပြီး အသေးစားခွဲစိတ်မှုကို ပြုလုပ်နိုင်တဲ့ ခွဲစိတ်နည်းနဲ့ ကုသမှာပါ။

ခွဲစိတ်ခြင်း။

မျိုးဥအိမ် ရေအိမ်က ကြီးနေမယ်ဆိုရင် ဆရာဝန်များက သမာရိုးကျခွဲစိတ်မှုနဲ့ ခွဲထုတ်မှာ ဖြစ်ပါတယ်။ အရင်ဆုံး တစ်ရှုးတွေကို ဖယ်ထုတ်ပြီး စစ်ဆေးခြင်းပြုလုပ်တဲ့ အခါ ရေအိတ်က ကင်ဆာဆဲလ် ဖြစ်နေမယ်ဆိုရင် မျိုးဥအိမ်နဲ့ သားအိမ်ကို ဖယ်ရှားမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်။

သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေ မျိုးဥအိမ်ရေအိတ်ဖြစ်တာက ကောင်းမွန်ပါတယ်။ရေအိတ်အများစုဟာ လအနည်းငယ်အတွင်းမှာ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။ သို့ပေမဲ့ မျိုးဥအိမ်ရေအိတ်တွေဟာ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေနဲ့ ဟော်မုန်း မညီမျှတဲ့ အမျိုးသမီးတွေမှာ ဖြစ်ပွားနိုင်ပါတယ်။ endometriomas ကတော့ မကုသဘဲထားမယ်ဆိုရင် သန္ဓေရနိုင်ခြေကို လျှော့ကျစေနိုင်ပါတယ်။ သန္ဓေရနိုင်ခြေကို မြင့်တတ်စေရန်အတွက်ဆရာဝန်တွေက ရေအိတ်ကို ရှုံ့သွားအောင်ပြုလုပ်ခြင်းနဲ့ ခွဲစိတ်ခြင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ Functional cysts, cystadenomas, and dermoid cysts တွေကတော့ သန္ဓေရနိုင်ခြေကို မထိခိုက်ပါဘူး။ ဆရာဝန်တစ်ချို့က မျိုးဥအိမ်ရေအိတ်တွေနဲ့ ပတ်သတ်ပြီး စောင့်ကြည်ပြီး ကုသတဲ့ ကုသမှုတွေကို ပြုလုပ်တတ်ကြပေမဲ့ သွေးဆုံးအပြီးမှာ ဖြစ်တတ်တဲ့ ရေအိတ်တွေကိုတော့ ဖယ်ရှားပစ်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သွေးဆုံးပြီးချိန်မှာ ကင်ဆာဆဲလ်ရေအိတ်တွေနဲ့ မျိုးဥအိမ် ကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သို့ပေမဲ့ မျိုးဥအိမ် ရေအိတ်တွေဟာ မျိုးဥအိမ် ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မမြင့်စေပါဘူး ရေအိတ်က ၅ စင်တီမီတာ အထက်ကြီးလာတယ်ဆိုရင်တော့ ဆရာဝန်တွေက ခွဲစိတ်ပြီး ဖယ်ရှားမှာ ဖြစ်ပါတယ်။

မျိုးဥအိမ် ရေအိတ်တွေကို ဘယ်လို ကာကွယ်ကြမလဲ။

မျိုးဥအိမ်ရေအိတ်တွေကို ကာကွယ်ဖို့ နည်းလမ်းမရှိပေမဲ့ တင်ပါးဆုံ ဧရိယာတစ်ဝိုက် ပုံမှန်စစ်ဆေးပေးခြင်းက မျိုးဥအိမ်တွေ ပြောင်းလဲမှုတွေကို သိရှိစေနိုင်သလို ကုသမှုကို လည်း စောစောစီးစီး ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင်-

  • ပုံမှန်မဟုတ်တဲ့ ဓမ္မတာလာတာမျိုး၊
  • ဓမ္မတာ စက်ဝိုင်းပြောင်းလဲမှု၊
  • တင်ပါးဆုံ ဧရိယာတစ်ဝိုက်နာကျင်နေခြင်း၊
  • အစာစားခြင်းစိတ်မရှိခြင်း ၊
  • အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း၊
  • ဝမ်းဗိုက် ပူလာခြင်း စတဲ့ အရာတွေကိုတွေ့လာရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

အန္တရာယ်မရှိတဲ့ ရေအိတ်တွေက ကင်ဆာကျိတ် အဖြစ် ပြောင်းလဲသွားခြင်း မရှိပါဘူး။ သို့ပေမဲ့ မျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတွေက မျိုးဥအိမ်ရေအိတ်ရဲ့ လက္ခဏာတွေနဲ့ တူနေနိုင်တဲ့အတွက် ပုံမှန်စစ်ဆေးမှု လုပ်ဖို့ က အရေးကြီးပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

    အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    သွားနှင့် ခံတွင်း ကျန်းမာရေးအကြောင်း

    သွားနဲ့ခံတွင်းကျန်းမာရေးဟာ မဖြစ်မနေဂရုစိုက်သင့်တဲ့ ကျန်းမာရေးကိစ္စတစ်ခုဖြစ်ကြောင့် မှန်ကန်တဲ့စောင့်ရှောက်မှုနည်းလမ်းတွေကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung

    ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

    ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။ ဘေဘီလေးတို့ အိပ်ပျော်စေဖို့ သတိပြုစရာလေးတွေရှိပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint

    Black Panther ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာ ကို ဘယ်လိုကာကွယ်မလဲ

    Black Panther၊ အူမကြီးကင်ဆာ၊ တင်ပါးဆုံ၊ Colon၊ Rectum၊ အစာဟောင်းအိမ်၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်ဗိုက်နာ၊ အလုံးအကျိတ်စမ်းမိတာ၊Sigmoidoscope၊ Colonoscope၊ ဓါတ်မှန်ရိုက်၊ Antioxidants၊ ဆေးလိပ်၊ ဗီတာမင် D ဆာလ်မွန်ငါး၊ ဆာဒင်းငါး၊ နို့၊ လိမ္မော်ရည်၊ ပုဇွန်ဆိတ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung

    သင့်အတွက် ရွေးချယ်ထားသည်

    nose-and-eye-allergy နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

    နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
    လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

    လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read

    ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
    ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

    ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read