backup og meta

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ

    သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ဆိုတာက ရာသီသွေးဆင်းတဲ့အရွယ် အမျိုးသမီးတွေမှာ ဟော်မုန်း မညီမျှမှုကြောင့်ဖြစ်ရတဲ့ အမျိုးသမီး ကျန်းမာရေးပြဿနာပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ကျားဟော်မုန်းတွေ မြင့်တက်မှုက PCOS ဖြစ်စေတဲ့ အခြေခံအကျဆုံး အကြောင်းအရင်း တစ်ရပ်ပါ။ တစ်ချိန်တည်းမှာ ရာသီသွေးမမှန်တာကလည်း PCOS ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ မြင်သာအောင် ပြောပြရရင် PCOS ဖြစ်တဲ့အခါ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တဲ့အနေအထားကို ဖြစ်ပေါ်ပြီး ဆီးချိုအဝလွန်တာ၊ ကင်ဆာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    အမျိုးသမီး ၁၀ ဦးမှာ ၁ ဦးက PCOS ခံစားနေရနိုင်ပါတယ်။ PCOS ဖြစ်စေတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် PCOS ဖြစ်တဲ့အခါ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပေးတာက အတော်လေး ထိရောက်မှု ရှိပါတယ်။ ဒီတစ်ခေါက်တော့ သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    အစေ့အဆန်တွေက PCOSကို ဘယ်လို ထောက်ကူပေးနိုင်လဲ

    အစေ့အဆန်တွေက PCOS ကို အခုလို ထောက်ပံ့ပေးပါတယ်။ အကြောင်းကတော့

    • အစေ့အဆန်တွေမှာ PCOS ကို သက်သာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အစေ့အဆန်တွေက သေးပေမယ့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
    • အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်း၊ omega-3 fatty acidsတို့ ကြွယ်ဝမှုကလည်း PCOSကို သက်သာစေနိုင်ပါတယ်။
    • ကိုယ်အလေးချိန်ကို ထိန်းညှိပေးတာကလည်း PCOSကို သက်သာစေနိုင်ပါတယ်
    • ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနည်းပြီ သွေးတွင်းသကြားဓာတ်ကို မတက်စေတာကြောင့် အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပြီး PCOSကို သက်သာစေနိုင်ပါတယ်။
    • ဟော်မုန်း ထိန်းညှိပေးတာကလည်း PCOSကို သက်သာစေနိုင်ပါတယ်။

    သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ

    သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS) ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ

    သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS) ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ ကဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်ရအောင်လား။

    ဖရုံစေ့

    ဖရုံစေ့မှာ ဗီတာမင် A၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ copper၊ ဇင့်၊ သံဓာတ် တို့ ပါဝင်နေသလို ပရိုတင်းကြွယ်ဝပြီး ဟော်မုန်းတွေကို ထိန်းညှိပေးတဲ့ monounsaturated fatsတွေ ပါဝင်နေတာကြောင့် ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ အရိုးမပွစေဖို့ ထောက်ကူပေးနိုင်သလို သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။ ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။

    နှမ်းကြတ်စေ့

    နှမ်းကြတ်စေ့မှာ မျိုးပွားအင်္ဂါ ကျန်းမာစေနိုင်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပါတယ်။ omega-3-fatty acids ပါဝင်တာကြောင့် estrogen ထွက်ရှိမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ရာသီသွေးမှန်စေသလို PCOS ကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲတာ၊ ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။

    Chiaစေ့

    Chia စေ့မှာ သံဓာတ်၊ ဇင့်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပြီး ရာသီလာချိန်မှာ စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးပြီး PCOS ခံစားနေရသူတွေမှာ ဟော်မုန်းကို ထိန်းညှိပေးပြီး ရာသီသွေးမှန်စေဖို့ ထောက်ကူပေးပါတယ်။

    ပုံမှန် ရာသီသွေးဆင်းစေဖို့နဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    နှမ်း

    နှမ်းမှာ ဇင့်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် ပါဝင်နေသလို ဗီတာမင် E လည်း ပါဝင်နေတာကြောင့် မျိုးပွားစနစ် ကျန်းမာစေနိုင်ပါတယ်။ ဟော်မုန်းကို ထိန်းညှိပေးပြီး progesterone ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းစေသလို သွေးတွင်းကိုလက်စထရောကိုလည်း ထိန်းညှိပေးပါတယ်။

    နေကြာစေ့

    နေကြာစေ့ ဗီတာမင် E ပါဝင်နေတာကြောင့် ရာသီအ​ကြို လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ Progesterone ဟော်မုန်း ထွက်ရှိဖို့ လှုံ့ဆော်ပေးပြီး PCOS ကြောင့် ရောင်ရမ်းတာ၊ စိတ်ခံစားမှု ပြောင်းလဲလိုမျိုး လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆီလီနီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေပြီး အသည်း လုပ်ဆောင်မှု ကောင်းစေသလို အခြားကျန်းမာရေး ကောင်းကျိုးတွေလည်း ပေးစွမ်းပါတယ်။

    ကဲ ……. PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ က ဘာတွေလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement