မကြာသေးခင်က အသက် ၃၂ နှစ် ကနေ ၇၃ နှစ်အရွယ်ရှိ အမျိုးသမီး ၆၁၈၀၀၀ ပါဝင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ ကိုယ်ဝန် ၃ ကြိမ် နဲ့ ၃ ကြိမ်အထက် ပျက်ကျဖူးတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် မပျက်ကျဘူးတဲ့ အမျိုးသမီးတွေထက် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများနေပြီး အသက်အန္တရာယ် မရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၈၂ ရာခိုင်နှုန်း ပိုများနေပါတယ်။
ကလေး အသေမွေးဖွားဖူးတဲ့ အမျိုးသမီးတွေမှာ အခြားအမျိုးသမီးတွေထက် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၀.၇ ရာခိုင်နှုန်း ပိုများနေပြီး အသက်အန္တရာယ် မရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၂.၈ ရာခိုင်နှုန်း ပိုများနေပါတယ်။
လေ့လာမှု အသစ်အရ သိရတဲ့ ရလဒ်
လေ့လာမှု အသစ်အရ သိရတဲ့ ရလဒ်က အမျိုးသမီးတွမှာ မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာနဲ့ ကလေး အသေမွေးဖွားတာတွေက အမျိုးသမီးတွေကို လေဖြတ်နိုင်ခြေ ပုံမှန်ထက် ပိုများနေပါတယ်။
- မျိုးမအောင်ခြင်းက အသက်အန္တရာယ် မရှိတဲ့ လေဖြတ်နိုင်ခြေ ခံစားရနိုင်ခြေ များပါတယ်။
- အကြိမ်ကြိမ် ကလေးအသေမွေးဖွားသူတွေမှာ ဦးနှောက်ဆီ သွေးစီးဆင်းနေတဲ့ သွေးကြော ပိတ်ဆို့သွားတာကြောင့် ဖြစ်ရတဲ့ အသက်အန္တရာယ်မရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ များပါတယ်။
- အကြိမ်ကြိမ် ကိုယ်ဝန်ပျက်ကျသူတွေမှာ အသက်အန္တရာယ် ရှိတဲ့ လေဖြတ်တာကိုရော အသက်အန္တရာယ် မရှိတဲ့ လေဖြတ်တာကိုရော ခံစားရနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ဒီအချက်တွေကြောင့်လည်း လေဖြတ်နိုင်ခြေ များသလို နေ့စဉ်နေထိုင် စားသောက်မှုပုံစံနဲ့ မျိုးဗီဇတွေကြောင့် လေဖြတ်နိုင်ခြေ များပါတယ်။
လေဖြတ်တာကို ကာကွယ်လို့ ရလား
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။