backup og meta

တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။

တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။

ရာသီ (ဓမ္မတာ) နဲ့ ပတ်သက်တဲ့အကြောင်းများစွာ ကြားဖူးကြမှာပါ။ ဒီတစ်ခေါက်တော့ တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ရာသီသွေး ထိမ်လို့၊ ရာသီ သွေးဆင်းတာ များလို့ နည်းလို့၊ ရာသီသွေးပေါ်ရင် ကိုက်ခဲလို့၊ ရာသီသွေးဆင်းတဲ့ ရက်များလို့၊ ရာသီသွေးဆင်းတဲ့ ရက်နည်းလို့ ဆိုပြီး ပြဿနာ အမျိုးမျိုးကြားဖူးကြမှာပါ။ ကြားဖူးနေကြဖြစ်တဲ့အတွက် ဒီပြဿနာတွေအကြောင်းကို အားလုံး သိပြီးနေကြလောက်ပါပြီ။ ဒီဆောင်းပါးထဲမှာတော့ ဓမ္မတာနဲ့ ပတ်သက်တဲ့ အပေါ်ကပြဿနာတွေ မဟုတ်ဘဲ နောက်တစ်ခုဖြစ်တဲ့ တစ်လတည်း ရာသီ ၂ ခါလာတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။

တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။

တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဒီလို တစ်လတည်း ရာသီ ၂ခါလာတာ ရာသီသွေးဆင်းတဲ့ ရက်များတာနဲ့ မတူပါဘူး။ ပုံမှန်ဆို ၂၈ ရက်ရာသီစက်ဝန်းရှိတဲ့ သူက ၂၈ ရက်ကြာရင် တစ်ခါ၊ ၃၀ ရက်စက်ဝန်းရှိတဲ့ သူက ၁လ ကြာရင် တစ်ကြိမ် ရာသီ လာပါတယ်။

ဒါပေမယ့် တချို့အမျိုးသမီးတွေက ၂၂ရက်တစ်ခါ ရာသီလာကြတာရှိပါတယ်၊၊ ရာသီစက်ဝန်းတိုတဲ့သူတွေပါ၊၊ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ၊၊ ၂၂ရက်တစ်ခါ ရာသီလာတဲ့သူတွေ ရှိသလို ၃၅ရက်လောက်နေမှ ရာသီလာတဲ့သူလည်း ရှိပါတယ်၊၊ ၂၂ရက်တစ်ခါ ရာသီလာတဲ့သူဆိုရင် တချို့လတွေမှာ ၁လတည်း ၂ခါလာမျိုး ဖြစ်တတ်ပါတယ်၊၊ လအစမှာ တစ်ခါလာပြီး လကုန်ရက်မှာ တစ်ခါလာတာမျိုးပါ၊၊

ရောဂါတစ်ခုခုကြောင့် တစ်လထဲ ရာသီ ၂ ခါ လာစေတဲ့ အကြောင်းအရင်းများ

သားအိမ်အတွင်းသားနံရံထူလာတာ၊ သားအိမ်မှာ အလုံးတည်တာတွေက တစ်လထဲကို ရာသီ ၂ ခါလာစေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတွေပါ။ နောက်တစ်ခုက သားအိမ်ကင်ဆာကြောင့်လည်း ပုံမှန် မဟုတ်ဘဲ သွေးတွေ ဆင်းနိုင်တာကြောင့် ရာသီတစ်လထဲနဲ့ ၂ ခါလာတာဟာ ပေါ့ဆလို့ မရတဲ့ ပြဿနာတစ်ခုပါ။

ကိုယ်ဝန်ကို တားပေးတဲ့ သန္ဓေတား ဆေးတွေ၊ သန္ဓေတား ပစ္စည်းတွေဆိုတာ ဟော်မုန်း ပါဝင်တဲ့ အရာတွေ ဖြစ်တာကြောင့် သင့်ရာသီ စက်ဝန်းအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ရာသီ ထိမ်သွားတာ၊ ရာသီသွေး လုံးဝကို မပေါ်တော့တာ နဲ့ တစ်လတည်း ရာသီ ၂ခါ လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆေးဖြတ်လိုက်ရင်တောင် ဆေးအာနိသင်က လအနည်းငယ်အထိ ကျန်ရှိနေတတ်ပါသေးတယ်။

  • ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ချိန်တွေဆို ကိုယ်တွင်း ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တာကြောင့် ရာသီသွေးလုံးဝ ရပ်သွားပါတယ်။ ဒါပေမယ့် တချို့ ကိစ္စတွေရှိတတ်ပါတယ်။ ကိုယ်ဝန်ရှိနေပြီးဟော်မုန်း အပြောင်းအလဲကြောင့် ရာသီ မရပ်ခင်လေး တစ်လထဲနဲ့ ၂ ခါလာသွားတာမျိုးတွေ ရှိတတ်ပါတယ်။ ပုံမှန်ရာသီလာတယ်ဆိုတာနဲ့ သွေးဆင်းသွားတာမျိုးပါ။

ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းချုပ်နေတဲ့ သိုင်းရွိုက်ဟော်မုန်းတွေ ပုံမှန်မဟုတ်တဲ့အခါ တစ်လထဲ ရာသီ ၂ ခါလာတာ။ ရာသီသွေး ဆင်းများတာမျိုးတွေ ဖြစ်တတ်ပါတယ်။

  • သွေးဆုံးခါနီး ရှေ့ပြေးလက္ခဏာတွေထဲတွင် တစ်လထဲ ရာသီ ၂ ခါ လာတာ ပါပါတယ်

 သွေးဆုံးခါနီးအချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းလဲဆုံး အချိန်ပါ။ ဒါကြောင့် ဟော်မုန်းတွေပေါ် မှီခိုနေရတဲ့ ရာသီစက်ဝန်းလည်း ကမောက်ကမ ဖြစ်ပြီး ရာသီသွေးဆင်းနည်းတာ၊ များတာ၊ ရာသီထိမ်တာ ၊ တစ်လထဲ ရာသီ ၂ ခါပြန်လာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

  • ရာသီ စစလာချိန်၊ အပျိုဖော်ဝင်စအချိန်

ရာသီစစလာတဲ့ အပျိုဖော်ဝင်စ အချိန်မှာဆို လည်း ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တာကြောင့် တစ်လတည်း ရာသီ ၂ ခါလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

  • ကိုယ်အလေးချိန် အတက်အကျ

ကိုယ်အလေးချိန် ရုတ်တရက် များလားတာ၊ ရုတ်တရက် ကျဆင်းသွားတာတွေကလည်း ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေတာကြောင့် ရာသီသွေး တစ်လတည်း ၂ ခါလာတာကို ဖြစ်စေတတ်ပါတယ်။

  • နေထိုင်မှုပုံစံပြောင်းလဲသွားတာ

စိတ်ဖိစီးလွန်းတာ၊ ခရီးတွေ ဆက်တိုက်သွားနေရတာ၊ အိပ်ရေးပျက်တာ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာတွေကြောင့် ခန္ဓာကိုယ်မှာ ဖိအားတွေ ဖြစ်လာပါတယ်။ ဒီအခါမှာ ကော်တီစောဟော်မုန်းတွေ ထွက်လာတာကြောင့် ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး တစ်လထဲ ရာသီ၂ခါလာတာ ဖြစ်တတ်ပါတယ်။

ဒါတွေ အားလုံးက တစ်လထဲ ရာသီ ၂ ခါ လာစေတဲ့အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ရံဖန်ရံခါ တစ်လကို ၂ကြိမ်လာတာမျိုးက ဖြစ်တတ်ပေမယ့် လတိုင်း ၂ကြိမ်လာနေရင်တော့ ဆရာဝန်နဲ့ ပြသင့်နေပါပြီ၊၊ အကြောင်းအရင်းကို သိမှ ကုသလို့ရမှာလေနော်။

ရေးသားသူ- Dr Thin Yadanar@ Frances

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Causes Two Periods in One Month? https://www.healthline.com/health/womens-health/two-periods-in-one-month#causes Accessed date 4.3.2019

Why do I have two periods in a month? https://www.medicalnewstoday.com/articles/322252.php Accessed date 4.3.2019

Is it OK to Get My Period Twice in One Month? https://kidshealth.org/en/teens/plus-periods.html Accessed date 4.3.2019

Menstrual cycle: What’s normal, what’s not https://www.mayoclinic.org/healthy-lifestyle/womens-health/in-depth/menstrual-cycle/art-20047186 Accessed date 4.3.2019

Periods and the pill https://www.nhsinform.scot/healthy-living/contraception/the-pill/periods-and-the-pill Accessed date 4.3.2019

 

 

 

ယခုပုံစံ

01/11/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement