backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ကဘာလဲ။

သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း ဆိုတာဘာလဲ

ဆိုလိုသည်မှာ ပုံမှန်လာနေကျရာသီသွေးမဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်းကို ဆိုလိုသည်။

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသမီးတိုင်းလိုလို၏ အသက်အရွယ်တခုခုတွင် တခါတရံ ဖြစ်ပွားတတ်သည်။ အမေရိကန်ရှိမျိုးဆက်ပွားကျန်းမာရေးကို လေ့လာသောအဖွဲ့တခု၏အဆိုအရ ထိုကဲ့သို့သွေးဆင်းခြင်းသည် အပျိုဖော်ဝင်စအသက်အရွယ်နှင့် သွေးဆုံးသည့် အရွယ်တို့တွင်အဖြစ်အများဆုံးဖြစ်ကြောင်း

တွေ့ရှိရသော်လည်း ဟော်မုန်းများခန္ဓါကိုယ်တွင်းမညီမျှသည့် မည်သည့်အချိန်အခါမဆို ဖြစ်ပွားနိုင်ပါသည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။

လက္ခဏာများ

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးမှာ ရာသီလာရက်မဟုတ်ပဲ ပုံမှန်မဟုတ်ပဲ သွေးဆင်းနေခြင်းဖြစ်သည်။ ရာသီလာနေချိန်အတွင်းလည်းဖြစ်ပွားနိုင်သည်။

အဖြစ်များသော လက္ခဏာရပ်များမှာ

  • ရာသီသွေးသွန်ခြင်း
  • ထိုသို့သွေးဆင်းရာတွင် သွေးခဲများ အဖက်များ များစွာပါလာခြင်း
  • 7ရက်ထက်ကြာအောင် သွေးဆင်းနေခြင်း
  • ပြီးခဲ့သည့် ရာသီရက်များမှ စ၍ 21 ရက်အတွင်း သွေးဆင်းခြင်း တို့ဖြစ်သည်။

အခြားသောလက္ခဏာရပ်များမှာ

  • ပမာဏ နည်းနည်းစီ မကြာခဏ သွေးဆင်းခြင်း
  • ရာသီကာလတခုနှင့် တခုကြား ပုံမှန်မဟုတ်ပဲသွေးဆင်းနေခြင်း
  • ရင်သားများတင်းခြင်း၊အောင့်ခြင်း၊နာကျင်ခြင်း
  • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

အောက်ပါပြင်းထန်သော လက္ခဏာရပ်များကို ခံစားရပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ချက်ချင်း ပြသပါ။

  • ခေါင်းမူးဝေနေခြင်း
  • တချက်တချက် မိုက်ခနဲ သတိလစ်သွားသကဲ့သို့ ဖြစ်ခြင်း
  • အားနည်းနုံးချိနေခြင်း
  • သွေးပေါင်များကျနေခြင်း
  • နှလုံးခုန်မြန်နေခြင်း
  • ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း
  • ပြင်းထန်စွာ နာကျင်နေခြင်း
  • သွေးခဲအကြီးများပါ ဆင်းနေခြင်း
  • ရာသီသွေးများလွန်း၍ 1 နာရီတစ်ခါ ပင် အောက်ခံလစဉ်သုံးပစ္စည်းကို လဲလှယ်အသုံးပြုနေရခြင်း

အထက်ပါ လက္ခဏာရပ်များအပြင် အခြားသော လက္ခဏာရပ်များ ရှိနိုင်သေးသည်။

စိုးရိမ်စရာတခုခုရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဓိကအကြောင်းအရင်းမှာ မျိုးပွားမှုဆိုင်ရာ ဟော်မုန်းများ ကိုယ်တွင်း မမျှတ၍ဖြစ်သည်။ အပျိုဖော်ဝင်ခါစ နှင့် သွေးဆုံးခံနီးတွင် ထိုကဲ့သို့သော ဟော်မုန်းမမျှတမှုများမှာ လများ၊နှစ်များကြာအောင် ဖြစ်ပွားတတ်သည်။

ထိုမှတဆင့် ပုံမှန်မဟုတ်ပဲ ဟိုတရက်ဒီတရက်ခြားကာ သွေးဆင်းခြင်း၊သွေးသွန်ခြင်း၊ ပမာဏ နည်းနည်းစီ မကြာခဏ သွေးဆင်းခြင်း စသည်ဖြင့်ဖြစ်ပွားစေသည်။ ပမာဏ နည်းနည်းစီ မကြာခဏ သွေးဆင်းခြင်း ဆိုသည်မှာ လာနေကျရာသီသွေးထက်နည်းပါးပြီး အများအားဖြင့်အညိုရောင်၊ပန်းရောင်၊(သို့) အနီရောင်ဖျော့ဖျော့ တို့ဖြင့်သာ တွေ့ရသော သွေးဆင်းခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့သော ဟော်မုန်းမမျှတခြင်းတို့မှာ အချို့သောရောဂါများ၊ ဆေးကုသမှုများ (သို့) အသုံးပြုနေရသော ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကြောင့်လည်းဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ပုံမှန်မဟုတ်သောသွေးဆင်းခြင်းများကို ဖြစ်စေသည့် ရောဂါများမှာ

  • မျိုးဥအိမ်တွင် အရည်အိတ်များတည်ခြင်း – မျိုးပွားမှုဆိုင်ရာဟော်မုန်းများကို လွန်ကဲစွာထုတ်လုပ်စေတတ်သော ဟော်မုန်းရောဂါတစ်မျိုးဖြစ်ပြီး ထိုမှတဆင့် အီစထရိုဂျင် နှင့် ပရိုဂျက်စရိုဂျင် ကဲ့သို့သော ဟော်မုန်းများ မမျှတမှုဖြစ်ကာ

ပုံမှန်မဟုတ်သော ရာသီကာလများကို ဖြစ်ပွားစေသည်။

  • ပုံမှန်မဟုတ်သော သားအိမ်မဟုတ်သည့် နေရာများ ဥပမာ – မျိုးဥအိမ်များတွင် သားအိမ်၏တစ်ရှူးများတည်ခြင်း ဖြင့်လည်း သွေးသွန်ခြင်းကိုဖြစ်စေသည်။
  • သားအိမ်တွင်အသားပိုလုံးများတည်ခြင်း – မည်ကဲ့သို့သောအကြောင်းကြောင့်ဖြစ်ပွားသည်ကို မသိရသော်လည်း ထိုအသားပိုလုံးများကြီးထွားမှုမှာ ဟော်မုန်းအီစထရိုဂျင်နှင့် အဓိက

သက်ဆိုင်နေကြောင်းတွေ့ရှိရသည်။ ထိုအသားပိုလုံးများရှိ သွေးကြောငယ်လေးများမှ

ပုံမှန်မဟုတ်ပဲသွေးဆင်းခြင်းကို ဖြစ်ပွားစေနိုင်သည်။

  • သားအိမ်တွင် အသားလုံးများတည်ခြင်း – သားအိမ်အတွင်းနှင့် သားအိမ်နံရံများ(သို့)သားအိမ်ကြွက်သားများတွင်ဖြစ်ပွားသော အသားလုံးများဖြစ်ပြီး

မည်ကဲ့သို့သောအကြောင်းကြောင့်ဖြစ်ပွားသည်ကို မသိရသော်လည်း ထိုအသားပိုလုံးများကြီးထွားမှုမှာ အသားပိုလုံးများကဲ့သို့ပင်

ဟော်မုန်းအီစထရိုဂျင်နှင့် အဓိက သက်ဆိုင်နေကြောင်းတွေ့ရှိရသည်။

  • လိင်ဆက်ဆံမှုမှတဆင့် ကူးစက်သော ရောဂါများ ဥပမာ ဂနိုရောဂါပိုးနှင့် မျက်ခမ်းစပ်ရောဂါပိုးတို့မှလည်း ပုံမှန်မဟုတ်သောသွေးဆင်းခြင်းကို လိင်ဆက်ဆံမှုပြုပြီးသောအခါဖြစ်ပွားစေတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဖြစ်ပွားခဲ့ဖူးသော ရောဂါများ၏ရာဇဝင်နှင့် ရာသီလာခြင်းအခြေအနေတို့ကို ဆရာဝန်မှ မေးမြန်းမှာဖြစ်ပြီး ထိုမှတဆင့် မည်သည့်ရောဂါများဖြစ်နိုင်ချေရှိသည်ကို သိရှိနိုင်သည်။

သောက်သုံးနေသော ဆေးဝါးများ ဥပမာ ကိုယ်ဝန်တားဆေးများ ရှိပါကလည်းဆရာဝန်အားအသိပေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆေးဝါးများမှလည်းပုံမှန်မဟုတ်ပဲ သွေးဆင်းစေနိုင်၍ဖြစ်သည်။

အယ်ထရာဆောင်းရိုက်ခြင်း

ကိုယ်တွင်းရှိ မျိုးပွားအင်္ဂါအစိတ်အပိုင်းများကို တွင် ပုံမှန်မဟုတ်သော အသားလုံးများ နှင့် အသားပိုများရှိမရှိကို စစ်ေဆေးကြည့်ရှူခြင်းဖြစ်သည်။ သားအိမ်တွင်းသွေးယိုစိမ့်နေခြင်းကိုလည်းတွေ့ရှိနိုင်သည်။

သွေးစစ်ခြင်း

သွေးထဲရှိ ဟော်မုန်းပမာဏနှင့် သွေးခဲလ်ပမာဏတို့ကို စစ်ဆေးရန်ဖြစ်သည်။ သွေးထဲရှိဟော်မုန်းပမာဏကိုကြည့်ရှူခြင်းဖြင့် သွေးဆင်းရသောအကြောင်းအရင်းကို သိရှိနိုင်သည်။ သွေးအရမ်းသွန်နေပါက သွေးဆဲလ်များ၏ပမာဏကို စစ်ဆေးခြင်းဖြင့် သွေးနီဥများနည်းပါးနေခြင်းနှင့် သွေးအားနည်းနေခြင်းတို့ရှိမရှိကို ခွဲခြားသိရှိနိုင်သည်။

သားအိမ်မှအသားစယူခြင်း

သားအိမ်ရှိအသားပိုလုံးများကြောင့် ပုံမှန်မဟုတ်ပဲ သွေးဆင်းနေပါက သားအိမ်နံရံသည်အလွန်ထူထဲနေတတ်ပြီး သားအိမ်အသားစယူရန်ဆရာဝန်မှ ညွှန်ကြားတတ်သည်။ အသားစကို မိုက်ခရိုစကုပ်အောက်တွင်စစ်ဆေးခြင်းဖြင့် ပုံမှန်မဟုတ်သောဆဲလ်များ ရှိမရှိကို သိရှိနိုင်ပြီး ထိုဆဲလ်များမှတဆင့် သားအိမ်တွင် ကင်ဆာများ၊ဟော်မုန်းမမျှတမှုများ နှင့် အခြားသောရောဂါများကို ဖော်ထုတ်နိုင်သည်။

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ကို ဘယ်လိုကုသပါသလဲ

များပြားသော ကုသမှုနည်းလမ်းများရှိပါသည်။ ပျိုဖော်ဝင်ခါစဖြစ်ပါက မည်သည့်ကုသမှုမှမခံယူရပဲ ပျောက်ကင်းသွားတတ်သည်။ မှန်ကန်တိကျသောကုသမှုမှာ ဖြစ်ရသည့်အကြောင်းအရင်းပေါ်မူတည်သည်။ အသုံးပြုမှုအများဆုံး ရိုးရှင်းလွယ်ကူသည့် ကုသမှုမှာ အီစရိုဂျင်နှင့် ပရိုဂျက်ဆရိုဂျင်တို့ပါဝင်ပေါင်းစပ်ထားသော ကိုယ်ဝန်တားဆေးများ ပေးခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်မရှိသေးပါက ထိုကဲ့သို့သော ရာသီကာလကိုထိန်းညှိပေးသည့် ဆေးများကို ဆရာဝန်များက ပေးလေ့ရှိသည်။

အကယ်၍သွေးများအရမ်းကိုသွန်နေပါက အီစရိုဂျင်များကို သွေးကြောထဲထိုးသွင်းပြီး ပရိုဂျက်စတင်ဆေးများကို သောက်သုံးစေကာ ဟော်မုန်းများကို ပြန်လည်မျှတစေသောကုသမှုများလည်းရှိသည်။ အကယ်၍ ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေသောသူဖြစ်ပါက မျိုးဥကြွေခြင်းကို လှံူ့ဆော်ပေးနိုင်သော

ဆေးများ ဥပမာ ကလိုမီဖင်း ကဲ့သို့သောဆေးများ ပေးခြင်းဖြင့် ရက်ရှည်သွေးဆင်းနေခြင်းကို ထိရောက်စွာကုသနိုင်သည်။ အကယ်၍သားအိမ်နာရံသည် အလွန်ထူထဲကာ ရက်ရှည် သွေးသွန်နေပါက သားအိမ်အပေါက်ဝအား ယာယီချဲ့ပြီး သားအိမ်နံရံရှိထို တစ်ရှူးစများကို ခြစ်ချကာကုသသည်။ ထိုခြစ်ချလိုက်သော အသားစများကို ယူ၍စစ်ဆေးပြီး အကယ်၍ ကင်ဆာဆဲလ်များကိုတွေ့ရှိရပါက သားအိမ်အားဖြတ်ထုတ်ကုသခြင်းများပြုလုပ်တတ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement