အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အမျိုးမျိုး ရှိတဲ့အနက်က ဒီဘက်ခေတ် နောက်ပိုင်းမှာ M-cup လို့ခေါ်တဲ့ Menstrual Cup လစဉ်သုံးခွက်လေးတွေ အတော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ သက်သောင့်သက်သာ ရှိမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှု၊ ရေရှည် ငွေကုန်ကြေးကျ သက်သာမှု စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် အမျိုးသမီးလေးတွေကလည်း ဒီ Menstrual Cup ကို လစဉ်သုံးဂွမ်းထုပ် (Pad) တွေ၊ Tampon တွေထက် ပိုပြီး အသုံးများလာကြပါတယ်။ တကယ်ရော ဒီ Menstrual Cup တွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ ကျွန်မတို့ အတူတူ လေ့လာကြည့်ကြရအောင်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။