backup og meta

သင်ထင်မထားတဲ့ မိန်းမကိုယ်ထိခိုက်စေသော အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ထင်မထားတဲ့ မိန်းမကိုယ်ထိခိုက်စေသော အချက်များ
    မိန်းကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘေးချိတ်ထားလို့ မရတာ တစ်ခုရှိတယ်။ မိန်းမကိုယ် ကျန်းမာရေး ပါပဲ။ မိန်းမကိုယ်ကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ရမယ်လို့တော့ သိကြတယ်၊ သန့်စင်ဆေးရည်တွေ ဝယ်သုံးကြတယ်၊ အတွင်းခံသန့်သန့် ဝတ်ကြတယ်ဆိုရင် လုံလောက်ပြီလို့ ယူဆကြပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ကို သက်ရောက်မှု ဖြစ်စေနိုင်တဲ့ တခြားအရာတွေကို သိပ်မသိကြပါဘူး။ သိရရင်တောင် ဘယ်လို ဆိုင်နေလို့လဲလို့ တွေးမိကြမှာပဲ။ ကိုယ်မထင်ထားလောက်တဲ့ ဘယ်အရာတွေက မိန်းမကိုယ်ကျန်းမာရေးကို ထိခိုက်စေနေသလဲဆိုတာ ဆက်ကြည့်ရအောင်နော်။

    သင်ထင်မထားတဲ့ မိန်းမကိုယ်ထိခိုက်စေသော အချက်များ

    သင်ထင်မထားတဲ့ မိန်းမကိုယ်ထိခိုက်စေသော အချက်များ ကတော့

    ဆေးလိပ်မသောက်သင့်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေပိုများတယ်ဆိုတာ ထင်မထားလောက်ဘူးမဟုတ်လား။ သားအိမ်ခေါင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ပြောင်းလဲမှုတွေ ရှိနိုင်သူ အမျိုးသမီးတွေမှာဆေးလိပ်သောက်ရင် ကင်ဆာအဆင့်ထိရောက်လာနိုင်ခြေ ၇၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ စီးကရက်ရဲ့ကာစီနိုဂျင်တွေ အမျိုးသမီး သားအိမ်ခေါင်းအချွဲမှာတွေ့ရတယ်လို့ သုတေသနတွေကတွေ့ရှိခဲ့ပါတယ်။

  • ဆီးချိုသွေးချိုရောဂါ
  • ဆီးချိုရောဂါက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် အဲဒီထဲမှာ မိန်းမကိုယ်လည်းပါမယ်လို့ အမျိုးသမီးတွေ ထင်မထားလောက်ပါဘူး။ တကယ်တော့ မှိုပိုးဝင်ခြင်း ပိုများလာတာက အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုဖြစ်နေကြောင်း ကနဦးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်နေတဲ့အခါ အထူးသဖြင့် မိန်းမကိုယ်တစ်ရှူးတွေအတွင်းမှာ မှိုပိုးတွေပေါက်ဖွားရှင်သန်ရာတစ်ခုဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ မှိုပိုးဝင်ခြင်း အမြဲလိုလိုဖြစ်နေလို့ အတော်ဒုက္ခရောက်ရပါတယ်။

    ဗိုက်ပိုပူလာလေ၊ ဆီးအိမ်၊ မိန်းမကိုယ် နဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတို့အပေါ် အလေးချိန်ဖိအားပိုများလေဖြစ်ပါတယ်။ ဒီလိုပိုလေးလံလာတဲ့ ဖိအားအကုန်လုံးက တင်ပါးဆုံအောက်ပိုင်းအစိတ်အပိုင်းများကျွံကျခြင်းလက္ခဏာတွေဖြစ်လာစေပြီးချောင်းဆိုး၊နှာချေရင်ဆီးထွက်တာမျိုးဖြစ်စေပါတယ်။ အဝလွန်ခြင်းက ကိုယ်ဝန်ရဖို့ခက်ခဲစေနိုင်သလို ကိုယ်ဝန်ဆိပ်တက်ခြင်းလို ကိုယ်ဝန်နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ သင့်ရဲ့ BMI က ၄၀ကျော်နေရင် ကိုယ်ဝန်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ခြေကဆေးလိပ်သောက်သူထက် ပိုများပါတယ်။

  • အသန့်လွန်ခြင်း
  • တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် လွန်ကဲရင်လည်းဘေးဖြစ်နိုင်တာ သတိရပါ။ မိန်းမကိုယ်နှုတ်ခမ်းသားနဲ့ အဝကို ရေချိုးတဲ့အခါ ဆပ်ပြာအပျော့စားနဲ့ ဆေးကြောသင့်ပေမယ့် အတွင်းပိုင်းကိုတော့ အထူးတလည် ဆေးကြောသန့်စင်ဖို့ မလိုပါဘူး။ သန့်စင်ဆေးရည်တွေသုံးပြီး အဝနားကိုပဲဆေးကြောပါ။

    အရမ်းကိုသန့်ချင်လို့၊ မွှေးကြိုင်နေချင်လို့ အတွင်းကိုဆေးကြောတာ၊ အဆီတွေ၊ဆေးဖက်ဝင်တွေသုံးတာ၊ရေနွေးငွေ့ပေးတာ၊ ပန်းသီးရှလကာရည်သုံးတာ၊စတဲ့ တခြားနည်းလမ်းစုံနဲ့ အတင်းကာရော မသန့်စင်ပါနဲ့။ မိန်းမကိုယ်ရဲ့နဂိုသဘာဝမှာကို အကျိုးပြုဘက်တီးရီးယားလေးတွေနဲ့ ကာကွယ်မှုစနစ်တည်ဆောက်ထားပြီးရောဂါပိုးကို တားဆီးနိုင်ပါတယ်။

    • ဝမ်းချုပ်ခြင်း

    မိန်းမကိုယ်နဲ့ အစာဟောင်းအိမ်ဟာ အရမ်းကို နီးကပ်တဲ့ အစိတ်အပိုင်းတွေပါ။ နံရံလေးတစ်ခုသာ ခြားတာမို့ ကာလတာရှည် ဝမ်းချုပ်တာ၊ ညှစ်ရတာ များလာရင် အဲဒီနံရံကို အားနည်းစေပြီး rectocele လို့ခေါ်တဲ့ အစာဟောင်းအိမ်ကျခြင်း ကိုဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် တင်ပါးဆုံအောက်ပိုင်းမှာဖိအားတွေဖြစ်လာမယ်၊ လိင်ဆက်ဆံရင်နာကျင်မယ်၊ ဝမ်းသွားရပိုခက်ခဲလာစေနိုင်တယ်။ ဝမ်းချူပ်တတ်တယ်ဆို ရေများများသောက်ပါ၊ အသီးအရွက်နဲ့ အမျှင်ဓာတ်များများစားပါ။ လိုအပ်ရင် ဆရာဝန်ပြပြီး ဝမ်းပျော့ဆေးသောက်ရပါမယ်။

    • လေ့ကျင့်ခန်းလုပ်ခြင်း

    ကိုယ်လက်လေ့ကျင့်ခန်းတွေက နှလုံး၊ ကြွက်သားနဲ့ စိတ်ခံစားချက်တွေအတွက် နည်းလမ်းကောင်း ဖြစ်ပေမယ့် ချွေးစိုနေတဲ့ အားကစားဝတ်စုံနဲ့ ကြာကြာနေတာက မိန်းမကိုယ်အတွက် မကောင်းပါဘူး။ ကျပ်ကပ်နေတဲ့အပြင် ချွေးက ရွှဲနေသေးတော့ မိန်းမကိုယ် မှိုပိုးတွေနဲ့ဘက်တီးရီးယားတွေအတွက် အိမ်ဆောက်ပေးထားသလို ဖြစ်စေပါတယ်။ရေကူးဝတ်စုံနဲ့ ကြာကြာနေခြင်းကလည်း(ရေကူးကန်ထဲက တက်လာချိန်) အလားတူပါပဲ။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ရေချိုးမသန့်စင်နိုင်သေးတောင် တတ်နိုင်သလောက် အမြန်ဆုံး အဝတ်အစား လဲသင့်ပါတယ်။

    ကဲ ဒီအချက်တွေ သိရပြီဆိုတော့ နောက်ဆို သတိထားတော့နော်။ Hello ရဲ့လေဒီတို့ကို ကျန်းမာလန်းဆန်းတဲ့ ပန်းကလေးတွေ ဖြစ်နိုင်စေဖို့ အကြံပြုပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 30/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement