ဆီးချိုသွေးချိုရှိသူအတွက် ဆောင်ရန် ရှောင်ရန်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဆီးချိုရောဂါရှိသူတွေဟာ တခြားသူတွေထက် နှလုံးရောဂြါဖစ်နိုင်တဲ့အန္တရာယ်နှစ်ဆနီးပါးပိုများပြီး စိတ်ကျရောဂါလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေပိုများပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါရှိပြီဆိုတာနဲ့ စိတ်ဓါတ်ကျဖို့မလိုပါဘူး။ အရသာရှိအောင်လည်းစားလို့ရသေးတယ်၊ အားလည်းပြည့်မယ်၊ စိတ်ကျန်းမာရေးပါ တိုးတက်ကောင်းမွန်လာနိုင်သေးတယ်(ဥပမာ တရားထိုင်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်းတို့ကြောင့်)။ အချိုကို တစ်သက်လုံး လုံးဝရှောင်ရမယ်လို့လည်း မရှိပါဘူး။ ချင့်ချိန် ဆင်ခြင်ဖို့ပဲလိုတာပါ။ ကိုယ့်မှာဆီးချိုသွေးချိုရှိနေပြီဆိုရင်တောင်မှ အရာရာနောက်မကျသေးပါဘူး။ အရင်ကမလုပ်ခဲ့တဲ့ ကျန်းမာရေးလိုက်စားတဲ့အမူအကျင့်တွေကိုမွေးမြူသင့်တဲ့အချိန်ရောက်ပြီလို့ မှတ်ယူလိုက်ပါ။ ကျန်းမာရေးနဲ့ညီအောင်စားမယ်၊ ပိုပြီး လှုပ်လှုပ်ရှားရှားနေမယ်၊ ကိုယ်အလေးချိန်ထိန်းမယ်ဆိုရင် လက္ခဏာတွေလျော့ပါးသက်သာပြီး ပိုတောင်ကျန်းမာလာနိုင်တဲ့ အခွင့်ကောင်းတွေရှိနိုင်ပါတယ်။ အခုဆိုရင် ဆီးချိုရောဂါဖြစ်ပွားသူတွေများလာတာနဲ့အမျှ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာပေးတာတွေ၊ဆေးဝါးတွေ၊ဖြည့်စွက်စာအာဟာရတွေအပြင် ဆီးချိုရှိသူတွေအတွက်သင့်တော်အောင်ထုတ်တဲ့အစားအသောက်တွေ အစုံအလင်ကျယ်ပြန့်လာပြီမို့ သိပ်ကြောက်စရာမလိုပါဘူး။ အခုပြောပြပေးမှာက ဆီးချိုကျန်းမာရေးအတွက် သိထားသင့်တဲ့ ဒါမှမဟုတ် သိထားပြီးသားဆိုရင်လည်း မမေ့သင့်တဲ့အချက်တွေပါ။

(၁) သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးပါ

သွေးတွင်းသကြားဓါတ်ကို မကြာမကြာ စစ်ကြည့်တော့မှ အစားအသောက်၊ စိတ်ဖိစီးမှု၊ လှုပ်ရှားမှု စတာတွေအပေါ် ကိုယ့်ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်မှုရှိလဲဆိုတာ အမြဲမပြတ်သိနိုင်မှာပါ။ မနက်အစာမစားမီနဲ့ ထမင်းစားပြီးနှစ်နာရီမှာသွေးချိုတိုင်းကြည့်သင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ စစ်ကြည့်ပါ၊ စိတ်ဖိစီးနေတဲ့အခါ စစ်ကြည့်ပါ။ အခြေအနေအမျိုးမျိုးမှာ ကိုယ့်ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်နေသလဲ သိလာပါလိမ့်မယ်။

(၂ ) သွေးတွင်းသကြားဓါတ်အတက်အကျကို သက်ရောက်မှုရှိနိုင်တဲ့အရာတွေ လေ့လာပါ

ရုတ်တရက်ဆိုရင်တော့ သကြားပါတဲ့၊ အချိုများတဲ့အစားအသောက်တွေကိုပြေးမြင်မှာပဲပေါ့။ ဒါပေမယ့်သွေးတွင်းသကြားဓါတ်ကိုသက်ရောက်မှုရှိနိုင်တဲ့အရာတွေက ဒီတစ်ခုတည်းမကပါဘူး။ ကိုယ်လက်လှုပ်ရှားမှုရယ်၊ စိတ်ဖိစီးမှုတွေရယ်၊ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုး၊ နာကျင်ကိုက်ခဲမှုဝေဒနာ၊ စတာတွေကြောင့်လည်း ဆီးချိုသွေးချို အတက်အကျရှိစေနိုင်ပါတယ်။

အစားအသောက်မှာဆိုလည်း အချိုမပါရင် အကုန်တည့်တယ်ဆိုပြီး အချိုမပါတာတွေကို အကြိုက်စားတာမျိုးက မသင့်တော်ပါဘူး။ တကယ်က အဆီများတာ၊ ဆီကြော်စာတွေမစားသင့်ပါ။ အငန်လျှော့စားပါ။

(၃) ပရိုတင်းကို မမေ့ပါနဲ့

ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကို သတိထားကြည့်နေသင့်တယ်ဆိုပေမယ့် ပရိုတင်းရဲ့အရေးပါမှုကိုလည်းလျှော့တွက်လို့မရပါဘူး။ ပရိုတင်းမပါဘဲ ကာဗိုဟိုက်ဒရိတ်ကိုပုံမှန်စားသုံးနေလည်းသွေးတွင်းသကြားဓါတ်ကိုတက်စေနိုင်ပါတယ်။ ပဲ၊ အသား၊ဥ တို့ကရတဲ့ ပရိုတင်းတွေကို လုံလောက်အောင်စားပေးမှ ဆီးချိုရှိသူတွေမှာဖြစ်တတ်တဲ့ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်မှာပါ။ အဲဒီထဲကမှ whey protein လို့ခေါ်တဲ့ နို့ထွက်ပစ္စည်းကရတဲ့ပရိုတင်းတစ်မျိုးက ဆီးချိုထိန်းညှိပေးနိုင်တဲ့အစွမ်းထက်အာနိသင်ရှိတယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။

(၄) ကာဗိုဟိုက်ဒရိတ်တွေကို ယတိပြတ် မရှောင်ပါနဲ့

ကာဗိုဟိုက်ဒရိတ်တွေက မကောင်းတဲ့အရာတွေမဟုတ်ပါဘူး။ ဆီးချိုတက်လိမ့်မယ်ဆိုတာနဲ့ပဲ အပြီးရှောင်လိုက်စရာမလိုပါဘူးနော်။ သူတို့ကို ထိုက်သင့်တဲ့ပမာဏအထိ အမြဲပုံမှန်စားပေးဖို့အရေးကြီးပါတယ်။ပေါင်မုန့်၊ပါစတာ၊ထမင်းတို့မှာပဲ ကာဗိုဟိုက်ဒရိတ်ပါတာမဟုတ်ပါဘူး။ နို့ထွက်ပစ္စည်းတွေ၊အသီး၊ ဟင်းသီးဟင်းရွက်တွေ၊ ဥပမာ အာလူး၊ ပဲစိမ်းနဲ့ပြောင်းဖူးတွေမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့အတွက် စားတဲ့အခါ ပမာဏကို ချင့်တွက်ပါ။

(၅) ရေသောက်မနည်းပါနဲ့

ဆီးချိုရှိသူတွေမှာ အရေးကြီးတဲ့တစ်ချက်ကရေသောက်ဖို့ပါ။ရေဓါတ်ပြည့်ဝနေဖို့ကလည်းသွေးတွင်းသကြားဓါတ်ထိန်းတဲ့နေရာမှာ အရေးပါနေပါတယ်။သွေးတွင်းသကြားဓါတ်မြင့်လာတဲ့အခါ ခန္ဓါကိုယ်က ပိုလျှံနေတဲ့သကြားဓါတ်ကိုဖယ်ထုတ်ဖို့ ဆီးကတဆင့် စွန့်ထုတ်ပါလိမ့်မယ်။ ဒီလိုနဲ့ ဆီးသွားတာများတဲ့အခါ ခန္ဓါကိုယ်မှာရေဓါတ်ပြန်ဖြည့်ဖို့လိုအပ်လာပါတယ်။ ဒါ့ကြောင့်ရေသောက်ခြင်းကသွေးတွင်းကသကြားဓါတ်ကို တချို့တဝက်စွန့်ထုတ်နိုင်ဖို့ အထောက်အကူပေးပါတယ်။

(၆) စိတ်ဖိစီးမှုကို ဖြေရှင်းပါ

စိတ်ဖိစီးမှုကြောင့် ခန္ဓါကိုယ်မှာ သကြားဓါတ်ပိုထွက်စေနိုင်ပြီး ဆဲလ်တွေထဲမှာ စုပုံများပြားလာစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အချိန်ကာလကြာရှည် စိတ်ဖိစီးမှုခံစားနေရတဲ့အခါသွေးချိုထိန်းတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုပြေလျော့စေဖို့အတွက်က ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ဖို့၊ စိတ်ပြေလျော့စေတဲ့နည်းလမ်းတွေကို ကြိုးစားကြည့်ဖို့( အသက်ရှူလေ့ကျင့်ခန်း၊ တရားထိုင်တာ) လိုပါတယ်။

(၇) လှုပ်ရှားပေးဖို့ မမေ့ပါနဲ့

ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးတဲ့အခါ ကိုယ်အလေးချိန်ကိုထိန်းနိုင်တဲ့အပြင်သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀လောက်အနည်းဆုံး လမ်းလျှောက်ပေးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာဆိုသွေးတွင်းသကြားဓါတ်ကို သိသိသာသာလျော့ကျစေပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ကလေး ခန္ဓာကိုယ် မိဘ အလေ့အကျင့် အလေ့အထ နှလုံး သွေးကြော အဆုတ် သွေးတွင်းသကြားဓာတ် ကိုယ်အလေးချိန် သွေးတိုး ကိုယ်ခံအား စိတ်ရောကိုယ်ပါ အပြေး ကြွက်သား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နှလုံးရောဂါ ရှိသူတွေ လိင်ဆက်ဆံသင့်လား

နှလုံးရောဂါ အမောခံ လိင်ဆက်ဆံ heart attack ရင်ဘတ်အောင့်ခြင်း သန္ဓေတားဆေး ကိုယ်ဝန်ယူ နှလုံးကြွက်သားကောင်းကောင်းညှစ် လိပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သာမာန် စိတ်ဓာတ်ကျ ခြင်းနှင့် စိတ်ကျရောဂါ ဝေဒနာ

စိတ်ဓာတ်ကျ စိတ်ကျရောဂါ လေ့ကျင့်ခန်း သတ်သေချင်တဲ့စိတ် မကောင်းမြင်စိတ် အာရုံမစိုက်နိုင် အပြစ်ရှိတဲ့စိတ် မျှော်လင့်ချက်မရှိ အရက်စွဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အစာမရှိဘဲ ပြေးသင့်သလား

ပြေးခြင်း နေထိုင်မှုပုံစံ ကိုယ်ခန္ဓာ အဆီလောင်ကျွမ်းမှု စွမ်းအင်ရယူမှု အစာအိမ်အူလမ်းကြောင်း ထိခိုက်ဒဏ်ရာ ကြွက်သားများ သွေးတွင်းသကြားဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

လေထုညစ်ညမ်းမှုနဲ့ ပါကင်ဆန်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020