တစ်ချို့မိသားစုများတွင် အဖြစ်များကြောင်း သိထားပြီးသားဖြစ်သည်။ ထိုကြောင့် ဗီဇကြောင့်လဲ ဖြစ်နိုင်ပါသည်။
အဲလ်ပေါ့ရောဂါရှိသူများ
ရုတ်တရတ်ပြင်းထန် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ရောဂါ ခဏခဏ ဖြစ်သူများတွင် ကုသမှုကို မခံယူပါက နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို တဖြည်းဖြည်း ဖြစ်လာစေနိုင်ပါသည်။
သွေးကြောရောင်ခြင်း – သွေးလွှတ်ကြောများ မူမမှန်စွာ ရောင်ရမ်းခြင်း
အချိန်အတော်ကြာအောင် ဆေးလိပ်သောက်ခြင်း
ဟိုက်ဒရိုကာဗွန် ပျော်ဝင်ပစ္စည်းများဖြစ်သည် အိမ်သုတ်ဆေး၊ လောင်ဆာ (ဂတ်စ်နှင့် ဓါတ်ဆီ)၊ ဆိုင်ကယ်ကား အိတ်ဇောငွေ့များ၊ ကော်နှင့် ကော်ပစ္စည်းများ၊ အော်ဂဲနစ် ပျော်ဝင်ပစ္စည်းများ၊ တစ်ချို့သော် အေရီယိုစောများနှင့် ပိုးသတ်ဆေးများ စသည်တို့သည် အန္တရာယ်တိုးစေနိုင်ပါသည်။
ထို့ကြောင့် ဆေးသုတ်၊ ပရင့်ထုတ်၊ ကားဆိုင်ကယ် ပြုပြင်ရေး၊ အဝတ်အထည်၊ မီးသတ်၊ အော်ဂဲနစ် ဓါတုပစ္စည်းများနှင့် ဆေးဝါးထုတ်လုပ်ခြင်း၊ ကားဆိုင်ကယ် အိတ်ဇောငွေ့များနှင့် တောက်လျှောက် ထိတွေ့ရခြင်း စသည့် လုပ်ငန်းများတွင် လုပ်နေရသူတို့သည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေ များပါသည်။
ကင်ဆာရောဂါရှိခြင်း – ကင်ဆာများသည် ကျောက်ကပ်အပါအဝင် တခြားအင်္ဂါများ၏ လုပ်ငန်းများကို ထိခိုက်စေနိုင်ပါသည်။
Goodpasture ရောဂါ နှင့် SLE တို့လို ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုပြန်တိုက်သော ရောဂါများ။
ဆီးချိုမထိန်းခြင်း
ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်တို့လို ပိုးကူးစက်ခြင်းများသည် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်နိုင်ချေကို မြင့်စေနိုင်ပါသည်။ ဘက်တီးရီးယား ပိုးကူးစက်ခြင်းတွင် ဘက်တီးရီးယားကြောင့် နှလုံးရောင်ခြင်းနှင့် post-streptococcal infection များ။ ဗိုင်းရပ်စ်ပိုးကူးခြင်းတွင် HIV, အသည်းရောင် ဘီနှင့်စီ စသည်များ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို အမည်တပ်ရာတွင် အောက်ပါတို့ ပါဝင်ပါသည်။
ပြည့်စုံသောရောဂါရာဇဝင်
သေသေချာချာ စမ်းသပ်ကြည့်ရှု့ခြင်း
သွေးစစ်ရာတွင် အောက်ပါတို့ပါဝင်သည်။
Complete Blood Count (CBC)
သွေးတွင်း ဂလူးကို့စ်လယ်ဗယ်နှင့် ဟေမိုဂလိုဗင် A1c
Creatinine သန့်စင်နှုန်း သွေးစစ်ဆေးမှု
သွေးတွင်း ယူရီယား နိုင်ထိရိုဂျင်နှင့် ခရီရတနင်း လယ်ဗယ် စစ်ခြင်း
ပဋိပစ္စည်းများနှင့် ကွန်ပလိမန့်လယ်ဗယ်များကို စစ်ပြီး ကိုယ်ခံအားမူမမှန်ခြင်းကို သိရှိနိုင်မည့် အထူးသွေးစစ်ဆေးမှုများ
၂၄ နာရီ ဆီးတွင်ပါသည့် ပရိုတင်းအား ခွဲခြမ်းခြင်း – သွေးတွင် သို့ ဆီးတွင် ပရိုတင်းပါဝင်နှုန်းများနိုင်ပါသည်။
ရင်ဘတ်ဓါတ်မှန်
ကျောက်ကပ် အာထရာစောင်း
ဝမ်းဗိုက် စီတီနှင့် အမ်အာအိုင်ရိုက်ခြင်း
Intravenous pyelogram – ဆိုးဆေးကိုသုံးပြီး ကျောက်ကပ်ပုံမှန်မဟုတ်သည်များကို ဖမ်းမိနိုင်သော ဓါတ်မှန်စီးရီး
ကျောက်ကပ်အသားစစစ်ခြင်း
တစ်ခါတစ်ရံ ရောဂါဗေဒပညာရှင်မှ အထူးလေ့လာမှုများကိုပြုလုပ်နိုင်ပါသည်။ ၎င်းတွင် immunohistochemical ဆိုးဆေး, molecular စစ်ဆေးခြင်းနှင့် အီလက်ထရွန်မိုက်ခရိုစကုပ်ဖြင့် စစ်ဆေးခြင်းများကို ရောဂါအမည်တပ်ရာတွင် အထောက်အကုပြုရန် လေ့လာနိုင်ပါသည်။
ရောဂါအခြေအနေအမျိုးမျိုးသည် တူညီသော လက္ခဏာများ ရှိတတ်ပါသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်သူမှ တိကျသည့် ရောဂါအမည်တပ်နိုင်ရန် တခြားရောဂါများ မဟုတ်ကြောင်း သိနိုင်ရန်အတွက် ထပ်ဆောင်း စစ်ဆေးမှုများ ပြုလုပ်ရနိုင်ပါသည်။
Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ
နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ကုသရန် ခုလက်ရှိတွင် ကုထုံးမရှိသေးပါ။ ကုသမှုပုံစံသည်လည်း တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ အောက်ခံရောဂါပေါ်ကိုလဲ မူတည်ပါသည်။ တစ်ချို့သောကုထုံးများသည် ရောဂါလက္ခဏာကို သက်သာလာအောင် အာရုံစိုက်ပါသည်။
မကြာခဏဆိုသလို သွေးတိုးကျအောင်လုပ်ခြင်းသည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ကုသရာတွင် ဦးစားပေးအနေဖြင့်လုပ်ရပြီး ဆေးများ၊ အစားအသောက်များ အဓိအားဖြင့် ဆိုဒီမ် ပိုတက်စီယမ်နည်းသည်များကို စားခိုင်းခြင်းဖြင့် ထိန်းနိုင်ပါသည်။ အရည်နှင့် အီလက်ထရိုလိုက်များ မျှတအောင် ပြုလုပ်ရပါသည်။
ခန္ဓါကိုယ်တွင် လုံလောက်သည့် ပရိုတင်းရနေစေရန်လဲ ထိန်းရသည်။
ကုသမှုအမျိုးမျိုးကိုသုံးကာ ဆီးချိုထိန်းရသည်။
မျက်နှာဖောခြင်း ရောင်ခြင်းများကို ကုသရန်အတွက် ဆီးဆေးများသောက်ရန်လည်း လမ်းညွှန်နိုင်ပါသည်။
နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်ရခြင်းအကြောင်းရင်းသည် ကိုယ်ခံအားမှပြန်တိုက်သော ရောဂါများကြောင့်ဆိုပါက ပျက်စီးမှုကိုဖြစ်စေသည့် ပဋိပစ္စည်းလယ်ဗယ်ကို လျော့ချနိုင်ရန်အတွက် Plasmapheresis ကိုလုပ်ရန် စဉ်းစားနိုင်သည်။
ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ခြင်းကြောင့်ဆိုပါက ကော်တီကိုစတီးရွိက်များနှင့် တခြားသာ ကိုယ်ခံအားဖိနိပ်ဆေးများကို ပေးနိုင်ပါသည်။
ကျောက်ကပ်ပျက်စီးမှုသည် နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါထိဖြစ်လာပါက သွေးပြန်သန့်ရန် လိုအပ်ပါသည်။ သို့မဟုတ် ကျောက်ကပ်အစားထိုးရန် စဉ်းစားရပါမည်။
အုပ်စုလိုက်ပါဝင်ဆွေးနွေးခြင်းဖြင့် ရောဂါအခြေအနေနှင့် တစ်ချို့သော ဖိစီးမှုလျော့စေနိုင်သည့် အချက်များကို ပိုမိုနားလည်လာနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာတာရှည် ကျောက်ကပ်ရောင်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည် ကျောက်ကပ်ရောင်ရောဂါ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
အရည်များခြင်း၊ ဖောခြင်းနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ရန်အတွက် ဆားကိုလျော့ပါ။
သွေးတွင်း၌ အညစ်အကြေားများ စုပုံလာမှုကို လျော့နည်းစေရန် ပရိုတင်းနှင့် ပိုတက်စီယမ်ကို ဖြတ်ပါ
ကျန်းမာရေးနှင့် ညီညွှတ်သော ကိုယ်အလေးချိန်ကို ထိန်းပါ
ဆီးချိုရှိလျှင် သွေးတွင်းသကြားဓါတ်ကို ထိန်းပါ
ဆေးလိပ်ဖြတ်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ