home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျောက်ကပ်တခုတည်းရှိခြင်း

ကျောက်ကပ်တခုတည်းရှိခြင်း

ကျောက်ကပ်တခုတည်းရှိခြင်းဆိုတာ ဘာလဲ

လူတယောက်မှာ ကျောက်ကပ်တခုသာ ပါရှိခြင်း ဒါမှမဟုတ် အလုပ်လုပ်တဲ့ ကျောက်ကပ် တခုသာရှိခြင်းကို ဆိုလိုပါတယ်။ အဓိကအကြောင်းအရင်း ၃မျိုး ရှိပါတယ်။

  • မွေးရာပါချို့ယွင်းခြင်း။ ကျောက်ကပ်ဖွံ့ဖြိုးမှု မရှိသူများဟာ ကျောက်ကပ်တခုသာပါပြီး မွေးဖွားလာတတ်ပါတယ်။ ကျောက်ကပ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားခြင်းများ ဖြစ်ခဲ့ရင် ကျောက်ကပ်၂ခုစလုံးနဲ့ မွေးဖွားလာပေမယ့် တခုက အလုပ်မလုပ်တတ်ပါဘူး။ သူတို့ဟာ ကျောက်ကပ်တခုပဲ ရှိတယ်ဆိုတာကို ဓါတ်မှန်၊ အာထရာဆောင်း၊ ခွဲစိတ်မှု စတာတွေ မပြုလုပ်ခင် အချိန်အထိ မသိကြပါဘူး။
  • ခွဲစိတ်ဖယ်ရှားခြင်း။ လူတချို့မှာ ကင်ဆာ၊ ရောဂါတမျိုးမျိုး၊ ထိခိုက်ဒဏ်ရာရခြင်း စတာတွေကြောင့် ကျောက်ကပ်ကို ခွဲစိတ်ဖယ်ရှားခြင်း ပြုလုပ်ရတတ်ပါတယ်။ ရောဂါအတွက်၊ ဒါမှမဟုတ် လှူဒါန်းဖို့ ရည်ရွယ်ချက်နဲ့ ကျောက်ကပ်ကို ခွဲစိတ်ဖယ်ထုတ်ရင် ဆီးပြွန်ကိုပါ ဖယ်ထုတ်ပါတယ်။
  • ကျောက်ကပ်လှူဒါန်းခြင်း။ မိသားစုဝင် ဒါမှမဟုတ် ကျောက်ကပ်မကောင်းတော့တဲ့ မိတ်ဆွေများအတွက် ကျောက်ကပ်အစားထိုး လှူဒါန်းသူများဟာ တဖြည်းဖြည်း များပြားလာပါတယ်။

ယေဘုယျအားဖြင့် ကျောက်ကပ်တခုပဲ ရှိသူများဟာ ကျန်းမာပြီး သက်တမ်းစေ့နေနိုင်ပါတယ်။ ဒါပေမယ့် တချို့မှာတော့ ကျောက်ကပ်ရောဂါ ပိုဖြစ်တတ်ပါတယ်။

ကျောက်ကပ်တခုတည်းနဲ့ မွေးလာတာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့ ကျောက်ကပ်တခုသာ ရှိတာပဲဖြစ်ဖြစ် ဒီအခြေအနေမှာ အကျုံးဝင်ပါတယ်။ ကျောက်ကပ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားခြင်းများ ဖြစ်ခဲ့ရင် ကျောက်ကပ်၂ခုစလုံးနဲ့ မွေးဖွားလာပေမယ့် တခုက အလုပ်မလုပ်တတ်ပါဘူး။ ရောဂါအတွက်၊ ဒါမှမဟုတ် လှူဒါန်းဖို့ ရည်ရွယ်ချက်နဲ့ ကျောက်ကပ်ကို ခွဲစိတ်ဖယ်ထုတ်ရင် ဆီးပြွန်ကိုပါ ဖယ်ထုတ်ပါတယ်။

ကျောက်ကပ်တခုတည်းရှိသူများဟာ ကျောက်ကပ်ပျက်စီးခြင်းအတွက် စောင့်ကြည့်စစ်ဆေးဖို့ လိုသလား

ကျောက်ကပ်တခုတည်းရှိသူများဟာ အောက်ပါလက္ခဏာများ ရှိမရှိ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

  • ဆီးအတွင်း အယ်လ်ဗျူမင်ပါဝင်ခြင်း
  • ကျောက်ကပ်စစ်နှုန်းလျော့နည်းခြင်း (GFR)
  • သွေးတိုးခြင်း

ဆီးအတွင်းအယ်လ်ဗျူမင်ပါဝင်မှုစစ်ဆေးခြင်း

ဆီးအတွင်းမှာ အယ်လ်ဗျူမင်လို့ခေါ်တဲ့ ပရိုတိန်းဓါတ် ပမာဏ မြင့်တက်ခြင်းရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ အယ်လ်ဗျူမင်ဆိုတာ မြှေုပ်လိုပဲ ကိုယ်ခန္ဓါထဲက အရည်ပိုတွေကို သွေးထဲကို ဆွဲယူပေးပါတယ်။ ပြီးရင် ကျောက်ကပ်ကနေ ဖယ်ရှားပါတယ်။ အယ်လ်ဗျူမင်ဟာ ဆီးထဲရောက်သွားရင် ကိုယ်ခန္ဓါထဲက အရည်ပိုတွေကို စုပ်ယူနိုင်စွမ်း မရှိတော့ပါဘူး။ ဆီးအတွင်း အယ်လ်ဗျူမင်မြင့်တက်ခြင်းဟာ ဘာလက္ခဏာမှ မပြပေမယ့် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

ဆီးစစ်တံဖြင့် အယ်ဗျူမင်စစ်ဆေးခြင်း

အယ်လ်ဗျူမင်စစ်ဆေးတဲ့ ဆီးစစ်တံများနဲ့ သွေးအတွင်း အယ်လ်ဗျူမင်ရှိမရှိ စစ်ဆေးနိုင်ပါတယ်။ ဆီးနမူနာထဲမှာ ရယူပြီး စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးလိုတဲ့အခါ ဆီးခံခွက်ကို ဆေးရုံဆေးခန်းက ဖြစ်ဖြစ်၊ ဆေးရုံကဖြစ်ဖြစ် ရနိုင်ပါတယ်။ ဆေးရုံဆေးခန်းမှာဖြစ်ဖြစ်၊ ဓါတ်ခွဲခန်းကို ပို့ပြီးဖြစ်ဖြစ် စစ်ဆေးပါလိမ့်မယ်။ စစ်ဆေးတဲ့အခါမှာ ဓါတုဗေဒနည်းအရ လုပ်ထားတဲ့ ဆီးစစ်တုတ်ချောင်းကို ဆီးထဲထည့်စစ်ဆေးပါလိမ့်မယ်။ ဆီးထဲမှာ ပရိုတိန်းရှိရင် ဆီးစစ်တံမှာ အရောင်ပြောင်း သွားပါတယ်။

အယ်လ်ဗျူမင်နှင့် ခရီရက်တနင်း စစ်ဆေးခြင်း

ဆီးအတွင်း အယ်လ်ဗျူမင်ပါဝင်မှုကို ပိုသေချာအောင် စစ်ဆေးနိုင်ပါတယ်။ တကြိမ်စာ ဆီးနမူနာ ဒါမှမဟုတ် ၂၄နာရီခံယူထားတဲ့ဆီးကို ဓါတ်ခွဲခန်းကို ပို့ပြီးစစ်ဆေးနိုင်ပါတယ်။ တကြိမ်စာဆီးနမူနာမှာ အယ်လ်ဗျူမင်နဲ့ ခရီရက်တနင်းကိုပါ တိုင်းတာပါတယ်။ ခရီရက်တနင်းဆိုတာ ကြွက်သားတွေ ဖြိုခွဲရာကနေ စွန့်ထုတ်တဲ့ အညစ်အကြေးပါတယ်။ အဲဒီ၂မျိုးကို အချိုးချပြီး ရလဒ်ထုတ်ပါတယ်။ အယ်လ်ဗျူမင်-ခရီရက်တနင်းအချိုးဟာ တစ်ဂရမ်မှာ ၃၀မီလီဂရမ်အထက်ရှိရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ပါတယ်။

ကျောက်ကပ်စစ်ထုတ်နှုန်းစစ်ဆေးခြင်း

သွေးဖောက်ပြီး ဓါတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးပါတယ်။ တမိနစ်မှာ ကျောက်ကပ်ကနေ သွေးဘယ်လောက် စစ်ထုတ်သလဲဆိုတာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဒါကို ဂလိုမာရူလာစစ်ထုတ်နှုန်း (eGFR) လို့ ခေါ်ပါတယ်။ စစ်ဆေးမှုရဲ့ အဖြေများဟာ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။

  • eGFR ၆၀နှင့်အထက် ။ ပုံမှန်
  • eGFR ၆၀အောက်။ ကျောက်ကပ်ရောဂါ
  • eGFR ၁၅နှင့်အောက်။ ကျောက်ကပ်ပျက်ခြင်း

သွေးပေါင်ချိန်ကိုစောင့်ကြည့်ခြင်း

သွေးပေါင်ချိန်ဆိုတာ နှလုံးကနေ သွေးများကို ညှစ်ထုတ်လိုက်ချိန်မှာ သွေးကြောနံရံတွေကို ဝင်တိုးတဲ့အားပဲ ဖြစ်ပါတယ်။ အဲဒီသွေးကြောတွေမှာ သွေးလွှတ်ကြောတွေ ပါဝင်ပါတယ်။ သွေးပေါင်ချိန် မြင့်တက်ခြင်းဆိုတာကို သွေးတိုးခြင်းလို့လည်းခေါ်ပြီး သွေးကြောနံရံတွေအပေါ် သွေးများကနေ သက်ရောက်တဲ့ ဖိအားမြင့်တက်ခြင်းကို ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကိုဖော်ပြရာမှာ မျဉ်းစောင်းခံပြီး ရေးသားလေ့ရှိပါတယ်။ ဥပမာ ၁၂၀/၈၀ ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ပထမနံပါတ်ကို အပေါ်သွေးလို့ခေါ်ပြီး နှလုံးညှစ်လိုက်ချိန်မှာ သွေးကြောတွေထဲကို သွေးများဝင်တိုးလာတဲ့ ဖိအားပဲ ဖြစ်ပါတယ်။ ဒုတိယနံပါတ်ကိုတော့ အောက်သွေးလို့ခေါ်ပြီး နှလုံးခုန်ခြင်း တချက်နဲ့တချက်အကြား ရပ်နားလိုက်တဲ့အချိန်မှာ ရှိတဲ့ သွေးများရဲ့ဖိအားကို ဆိုလိုပါတယ်။

လူတယောက်ရဲ့ သွေးပေါင်ချိန်ဟာ ၁၂၀/၈၀အောက်မှာ ရှိနေရင် ပုံမှန်လို့ သတ်မှတ်ပါတယ်။ အပေါ်သွေး ၁၂၀မှ၁၃၉ (သို့) အောက်သွေး ၈၀မှ၈၉ရှိနေရင်တော့ သွေးတိုးဖြစ်ချင်တဲ့ အနေအထားလို့ သတ်မှတ်ပါတယ်။ အပေါ်သွေး ၁၄၀နဲ့အထက်၊ အောက်သွေး ၉၀နဲ့အထက်ဆိုရင်တော့ သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။ သွေးတိုးရောဂါလို့ အတည်ပြုဖို့အတွက် သွေးပေါင်ချိန်တိုင်းတာခြင်းများ များစွာပြုလုပ်ရပြီး ဆေးရုံဆေးခန်းကို အကြိမအ်များစာ သွားရောက်ရပါတယ်။ သွေးပေါင်ချိန်ဟာ အမြဲတမ်း ၁၄၀/၉၀အထက်ရှိနေရင် သွေးတိုးလို့ သတ်မှတ်ပါတယ်။ ဆေးခန်းတွေမှာ သွေးပေါင်ချိန်ကို သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ စစ်ဆေးပါတယ်။ မိမိသွေးပေါင်ချိန်ကို အိမ်မှာပဲစစ်ဆေးနိုင်အောင် ဝယ်ယူထားနိုင်ပါတယ်။

သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ ကျောက်ကပ်ရဲ့ သွေးကြောတွေကို ပျက်စီးစေပြီး ကျောက်ကပ်ရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ကျောက်ကပ်ပျက်စိးလာရင် ဆားနဲ့အရည်ပိုတွေကို ဖယ်ထုတ်နိုင်စွမ်းကျဆင်းလာပြီး သွေးပေါင်ချိန်ကို ပိုမိုမြင့်တက်စေပါတယ်။ အဲဒီလိုနဲ့ပဲ ရောဂါသံသရာ လည်နေပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

National Heart, Lung, and Blood Institute.The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure.Washington, D.C.: U.S. Government Printing Office; 2004. NIH publication 04–5230. Report.

http://www.niddk.nih.gov/health-information/health-topics/kidney-disease/solitary-kidney/Pages/facts.aspx

စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။