သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သင့်ကျောက်ကပ်ကို ကာကွယ်ပါ

သင့်ကျောက်ကပ်ကို ကာကွယ်ပါ

Hello ဆရာဝန် ပရိတ်သတ်ကြီး မင်္ဂလာပါ

ဒီတစ်ခေါက် ဆောင်းပါးမှာတော့ သင့်ရဲ့ကျောက်ကပ်ကို ဘယ်လိုကျန်းမာအောင်နေရမလဲဆိုတာ ဆွေးနွေးပေးသွားမှာပါ ။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆရာဝန်လောင်းလျာတစ်ယောက် ကျောက်ကပ်ရောဂါဖြစ်တာကို Facebook မှာ တွေ့လိုက်ရမှာပါ ။ ရုတ်တရက်ကြီး ထဖြစ်တတ်တာမျိုးလည်း ရှိတဲ့အတွက် ကျောက်ကပ်ကို ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ် ။

အရင်ဆုံး ကျောက်ကပ်ရဲ့ လုပ်ငန်းကို ရှင်းပြမှာပါ ။ ခန္ဓာကိုယ်‌မှာ နေ့စဉ်လှုပ်ရှားစားသောက်နေသမျှမှာ မလိုအပ်တဲ့ မကောင်းတဲ့ဓါတ်တွေ ပါပါတယ် ။ ကျောက်ကပ်က သွေးထဲကနေ ခန္ဓာကိုယ်အတွက် ကောင်းတာတွေကို စစ်ယူ၊ မကောင်းတာတွေကို ဖယ်ရှားစေပြီး ဆီးထဲကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးပါတယ် ။ ဒါ့အပြင် သွေးတိုးရောဂါ ထိန်းချုပ်ခြင်း ၊ သွေးနီဥများ ပြုလုပ်ခြင်း ၊ အရိုးများ သန်မာဖို့အတွက် လိုအပ်တဲ့ Vitamin D ထုတ်ခြင်းတွေမှာလည်း အရေးပါတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ် ။ ဒါ့ကြောင့် သင့်ကျောက်ကပ်ကို ကျန်းမာစေဖို့အတွက်

active ဖြစ်အောင် နေပါ

ပုံမှန်ကျန်းမာရေးလေ့ကျင့်ခြင်းက ကိုယ်အလေးချိန်လျှော့ချခြင်းထက်ပိုပြီး အရေးကြီးပါတယ် ။ နာတာရှည်ကျောက်ကပ်ရောဂါ မဖြစ်စေဖို့အတွက် ၊ နှလုံးကျန်းမာရေးနဲ့ သွေးတိုးထိန်းညှိဖို့အတွက် ပုံမှန်လေ့ကျင့်ခန်းတွေက အရေးကြီးပါတယ် ။ဒါမှသာ သင့်ရဲ့အဖိုးတန်တဲ့ ကျောက်ကပ်ကို ထိခိုက်မှု နည်းမှာ ဖြစ်ပါတယ် ။

ဆီးချိုထိန်းခြင်း

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ ကျောက်ကပ်ကို ပျက်စီးစေခြင်းပါ ။ ခန္ဓာကိုယ်မှာ ပိုလျှံတဲ့ သကြားတွေကို မသုံးနိုင်တဲ့အခါ ကျောက်ကပ်က နဂိုထက် စစ်ထုတ်ခြင်းလုပ်ငန်းတွေကို ပိုလုပ်ရပါတယ် ။ နှစ်နဲ့ချီပြီး အလုပ်တွေ ပိုလုပ်ရချိန်မှာတော့ ကျောက်ကပ်ထိခိုက်တတ်လာပါတယ် ။ ဒါ့ကြောင့် ဆီးချိုကို ထိန်းဖို့ ကိုယ်တွင်းသကြားဓါတ် မများဖို့ လိုအပ်ပါတယ် ။‌

သွေးတိုးထိန်းပါ

သွေးတိုးရောဂါကလည်း မထိန်းနိုင်ရင် ‌ကျောက်ကပ်ကိုပါ ထိခိုက်စေတတ်ပါတယ် ။ အထူးသဖြင့် သွေးတိုးခြင်း ၊ ဆီးချိုရောဂါနဲ့ ‌သွေးတွင်းအဆီဓါတ်များခြင်း စတဲ့ရောဂါသုံးခုပေါင်းစပ်လိုက်ရင်တော့ ကျောက်ကပ်ကို ထိခိုက် မှုပိုပြီး ကြီးမားပါတယ် ။ ဒါ့ကြောင့် သွေးတိုးရောဂါကို ထိန်းဖို့ သွေးမတိုးအောင် ကာကွယ်ဖို့ လိုအပ်ပါတယ် ။

ရေများ‌များသောက်ခြင်း

ရေများများသောက်ခြင်းက အဆိပ်တွေ Sodium ဆားဓါတ်တွေကို ကျောက်ကပ်ကနေ ဖယ်ရှားပေးပါတယ် ။ ဒါ့ကြောင့် နာတာရှည် ကျောက်ကပ်ရောဂါတွေကို မဖြစ်အောင် တားဆီပေးတဲ့ နည်းလမ်းတစ်ခုပါ ။ တစ်နေ့ကို ရေ တစ်လီတာခွဲ ကနေ နှစ်လီတာလောက်အထိ သောက်သုံးသင့်ပါတယ် ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးစေပါတယ် ။ ‌ဒါ့ကြောင့် ကျောက်ကပ်ဆီ‌ သွားတဲ့သွေးကြောတွေ ထိခိုက် မိပြီး ကျောက်ကပ်ကို သွေးအရောက်နည်းသွားပါတယ် ။ ရလဒ်အနေနဲ့ ကျောက်ကပ်ကို ပျက်စီးတတ်ပါတယ် ။

နောက်တစ်ချက်ကတော့ ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်စေတတ်ခြင်းပါ။ ဆီးလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ကင်ဆာတွေမှာ ဆေးလိပ်ရဲ့သက်ရောက် မှုကြီးပါတယ် ။ ဒါ့ကြောင့် ကျောက်ကပ်ဝေဒနာ မခံစားရအောင် ဆေးလိပ်တတ်နိုင်သမျှ မသောက်ဖို့ အရေးကြီးပါတယ် ။

ဒါ့အပြင်

  • အသက် ၆၀ကျော် သက်ကြီးရွယ်အိုများ
  • မွေးဖွားစဉ် ပေါင်ချိန်မပြည့်သူများ
  • ကိုယ်တိုင် သို့မဟုတ် မျိုးရိုးထဲ နှလုံးသွေးကြောရောဂါနှင့် သွေးတိုးရောဂါရှိသူများ
  • အဝလွန်သူများ
  • ကျောက်ကပ်ထိခိုက်ဖူးသူများ

အဆိုပါ လူတွေကကတော့ ကျောက်ကပ်ပျက်စီးနိုင်ချေများတဲ့ risk person တွေ ဖြစ်တဲ့အတွက် ကျောက်ကပ် ကောင်းမကောင်း ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ကြောင်း အကြံပြုလိုက်ရပါတယ်

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ – Dr.Aung Kyaw Myint

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။