လမ်းသွားနေရင်း အပြင်းအထန် အိမ်သာတက်ချင်တာမျိုး ကြုံဖူးကြမလား၊ ဒါမှမဟုတ် အိမ်သာနဲ့ အလှမ်းကွာနေတဲ့ နေရာတစ်နေရာရာကို ရောက်နေချိန်မှာမှ ဝမ်းသွားချင်စိတ် ပေါ်လာတာမျိုးပေါ့။ အင်မတန် ခက်ခဲတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။
ထွက်မှာ သေချာပြီလား။
လမ်းသွားနေရင်း အပြင်းအထန် အိမ်သာတက်ချင်တာမျိုး ကြုံဖူးကြမလား၊ ဒါမှမဟုတ် အိမ်သာနဲ့ အလှမ်းကွာနေတဲ့ နေရာတစ်နေရာရာကို ရောက်နေချိန်မှာမှ ဝမ်းသွားချင်စိတ် ပေါ်လာတာမျိုးပေါ့။ အင်မတန် ခက်ခဲတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။
ဒါပေမယ့်လည်း တစ်ချို့အခြေအနေတွေမှာတော့ ဝမ်းသွားချင်စိတ်ကို တမင်ထိမ်းချုပ်ထားတာမျိုးလည်း ရှိတတ်ပါတယ်။ အနီးအနားမှာ အိမ်သာ မရှိလို့၊ ဝမ်းသွားရမှာပျင်းလို့၊ အရေးတကြီးလူကြီးတွေနဲ့ တွေ့နေရတာမို့ ထုတ်ပြောရမှာရှက် ဒါမှမဟုတ် ကားပေါ်ရောက်နေပြီး ဆင်းမရပြုမရဖြစ်နေလို့ စသဖြင့်ပေါ့။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ။ ဝမ်းသွားချင်စိတ်ကို ထိမ်းချုပ်တာက မှန်ကန်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။
တကယ်တော့ ဝမ်းမှန်ခြင်းဟာ သင့်ရဲ့ အစာခြေစနစ်ကောင်းမွန်ပြီး လူလည်းကျန်းမာတယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုပါ။ ဝမ်းမမှန်ရင် ဒါမှမဟုတ် ဝမ်းခဏခဏသွားနေရင်သာ သင်မကျန်းမာဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
လူတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားရမလဲဆိုတာမျိုး အတိအကျ သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် အစာခြေဖျက်နိုင်စွမ်းနဲ့ မစင်စွန့်ထုတ်ပုံစနစ် အလုပ်လုပ်ပုံခြင်း အတန်ငယ်ကွာခြားလေ့ရှိတာမို့ပါ။
ပျမ်းမျှအားဖြင့် တစ်နေ့ကို ၃ ကြိမ်ကနေ တစ်ပတ်ကို ၃ ကြိမ်အတွင်း ပုံမှန်ဝမ်းသွားမယ်ဆိုရင် ဒါက ပုံမှန်လို့ ဆိုပါတယ်။ အတိအကျကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ပုံမှန်ဖြစ်နေတဲ့ အခြေအနေကို တားဆီးပိတ်ပင်မိမယ်ဆိုရင်တော့ဖြင့် အခြေအနေတွေက ရှုပ်ထွေးသွားမှာဖြစ်ပါတယ်။
မစင်စွန့်တယ်ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစာဟောင်းတွေ၊ အဆိပ်အတောက်တွေနဲ့ မလိုအပ်တော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်တဲ့လုပ်ငန်းစဉ်ပါ။ ဒါကြောင့် နေ့စဉ် ပုံမှန်ဝမ်းသွားတာက အကောင်းဆုံးနည်းလမ်းပါ။
ဒီလိုမဟုတ်ပဲ ဝမ်းသွားချင်စိတ်ကို ခဏခဏ အောင့်ထားမယ်ဆိုရင် Timing တွေ လွဲသွားပြီး အစာဟောင်းအိမ်ထဲမှာလည်း ပြဿနာတွေဖြစ်လာတော့မှာပါ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ဖြင့် သင့်မှာ အောက်ပါ ပြဿနာတွေကြုံဆုံလာရဖို့ ရှိလာပါပြီ။
ဒီလက္ခဏာတွေထဲက တစ်ချို့ကို ၃ လလောက်ဆက်တိုက်ပြသနေပြီဆိုရင်တော့ သက်ဆိုင်ရာကျန်းမာရေးဌာနကို ပြေးဖို့ မဖြစ်မနေလိုအပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
နေ့စဉ်အချိန်မှန် ဝမ်းသွားတဲ့ အလေ့အကျင့်ရှိမယ်ဆိုရင် ဟိုဟိုဒီဒီအပြင်သွားချိန်တွေမှာ ဝမ်းသွားချင်စိတ်ဖြစ်ပေါ်တာကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ပုံမှန် အချိန်နဲ့ ဝမ်းသွားတဲ့ အလေ့အကျင့်ရှိအောင် လေ့ကျင့်ယူထားနိုင်မယ်ဆိုရင် အပြင်သွားချိန်တိုင်း ဝမ်းသွားချင်တဲ့ ပြဿနာမျိုးမဖြစ်အောင် တားဆီးနိုင်ပါလိမ့်မယ်။
ဒါကြောင့် အချိန်မှန်မှန်ဝမ်းသွားစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာနိုင်ပါတယ်။
အထက်ပါ အချက်တွေက ဝမ်းမှန်ပြီး ကျန်းမာအောင် ကူညီပေးပါလိမ့်မယ်။
ဒါ့အပြင် အပြင်သွားချိန်တိုင်း ဝမ်းသွားချင်စိတ်ပေါ်တတ်သူတွေအနေနဲ့လည်း အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒီနည်းလမ်းတွေကတော့ သင်အပြင်သွားချိန်တွေမှာ ဝမ်းသွားချင်တဲ့ ပြဿနာကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်မှာဖြစ်ပြီး ဝမ်းသွားချင်ချိန်တွေမှာ အတင်းကာရော ချုပ်တည်းထားရတာမျိုးမဖြစ်အောင် ကူညီနိုင်ပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။