backup og meta

အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား

    အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား … တစ်ခုခုစားပြီးချိန်မှာ အစာရေမြိုတဝိုက်မှာ ပူလောင်တဲ့ ခံစားမှုကို တွေ့ကြုံဖူးပါလိမ့်မယ်။ အဆိုပါပြဿနာဟာ အစာအိမ်ထဲမှာ အပူဓာတ်များပြီး အစာရေမျိုကို လျှံတက်ပြီး လည်ချောင်းဝအထိ ရောက်လာလို့ ဖြစ်ပါတယ်။ အစာရေမျိုအဝမှာ အပေါက်ကိုပိတ်ပေးတဲ့ ပတ်လည်ကြွက်သားဟာ အပြည့်မပိတ်နိုင်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေ လျှံတက်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ လူတိုင်းလိုလိုကြုံဖူးတဲ့ ပြဿနာဖြစ်ပြီး နေရထိုင်ရခက်လောက်အောင် ကြုံရတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် နေ့စဉ်လိုလိုကြုံတွေ့ရပါတယ်။ သာမန်လူတွေရဲ့ သုံးပုံတပုံခန့်ဟာလည်း ဒီပြဿနာကို လစဉ်လိုလိုကြုံရတတ်ကြောင်း စစ်တမ်းများအရ သိရပါတယ်။ အစာခြေရည်ပြန်လျှံတက်ခြင်းကြောင့် အစာရေမြိုကို ထိခိုက်ပျက်စီးစေမယ် ဆိုရင်တော့ နောင်အမြဲလိုလို ကြုံသွားရတတ်ပါတယ်။

    အစားအစာတချို့ဟာ အစာချေရည်ပြန်လျှံတက်ခြင်းကို ပိုဖြစ်စေတတ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်များဟာ အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ခိုင်းတတ်ကြပါတယ်။ ဒီအထဲမှာ နာနတ်သီးလည်း ပါတတ်ပါတယ်။ ဒါပေမယ့် နာနတ်သီးကို ရှောင်ဖို့မဆုံးဖြတ်ခင် နာနတ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို သိထားသင့်ပါတယ်။

    အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား

    အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား ဆိုတော့ နာနတ်သီးရဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်ပါတယ်။

    အကျိုးကျေးဇူးများ

    – နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဟာ ရောင်ရမ်းမှုကိုကျစေတဲ့၊ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။

    – နာနတ်သီးရဲ့ အဆီအနှစ်ဟာ အနာရောဂါများ ထိခိုက်ရှနာများကို သက်သာစေပါတယ်။

    – နာနတ်သီးမှာ အမျှင်ဓာတ်နဲ့ရေဓာတ်များပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

    နာနတ်သီးဟာ တခြားအသီးတွေနဲ့ မတူတဲ့အချက်ကတော့ သူ့မှာ ဘရိုမီလိန်းကြွယ်ဝတာပါပဲ။ ဘရိုမီလိန်းမှာ ရောင်ရမ်းမုှကိုကျစေတဲ့ ဂုဏ်သတ္တိနဲ့ ကင်ဆာကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ အက်ဆစ်ဓာတ်ကဲတယ်ထင်ရပေမယ့် ကျွမ်းကျင်သူအချို့ကတော့ အစာချေချိန်မှာ အယ်လ်ကာလီဂုဏ်သတ္တိရှိတယ်လို့ ထောက်ပြကြပါတယ်။ ဒါကြောင့် အစာခြေရည်ပြန်လျှံတက်သူတွေမှာ နာနတ်သီးနဲ့ တည့်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဘရိုမီလိန်းအင်ဇိုင်းဟာ ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်းနဲ့ တခြားထိခိုက်ဒဏ်ရာနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ရေဓာတ်များတာမို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာကြေစေပါတယ်။

    သတိပြုရန်အချက်များ

    သင့်မှာ အစာခြေရည် ပြန်လျှံတက်ပြီး ရင်ပူနေတဲ့ပြဿနာ ရှိနေမယ် ဆိုရင် နာနတ်သီးကို ရှောင်ဖို့ ဆရာဝန်တချို့က အကြံပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် နာနတ်သီးဟာ အက်ဆစ်ဓာတ်ကဲတယ်လို့ ယူဆလို့ဖြစ်ပါတယ်။

    များသောအားဖြင့် အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေဟာ အက်ဆစ်ဓာတ်များတဲ့အတွက် အစာမကြေရင်ပူခြင်းကို ပိုဖြစ်စေပါတယ်။ (အက်ဆစ်ဓာတ်နည်းတဲ့ အသီးအနှံတွေဟာ ငှက်ပျောသီး၊ ဖရဲသီး စတာတွေ ဖြစ်ပါတယ်) တကယ်လို့သင့်မှာ အစာအိမ်အနာဖြစ်မနေဘူးဆိုရင် နာနတ်သီးကို စိတ်ချလက်ချ စားနိုင်ပါတယ်။

    အစာမကြေရင်ပူခြင်းအတွက် ဘာလုပ်သင့်သလဲ

    အစာမကြေရင်ပူပြီး လေချဉ်တက်ခဲ့ရင် ဆရာဝန် ညွှန်းစာ မလိုဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အစာအိမ် လေဆေးတွေ ရှိပါတယ်။ ဒါဟာ ပထမအဆင့် ကုသမှုဖြစ်ပါတယ်။ လေဆေးတွေနဲ့ မသက်သာရင် ဆရာဝန် ပြသသင့်ပါတယ်။ အစာမကြေလေပူထခြင်းကို သက်သာစေတဲ့ နေထိုင်မှု ပုံစံတွေ ရှိပါတယ်။ ကိုယ်လက်လှုပ်ရှား လုပ်ပေးခြင်း၊ နည်းနည်းစီ ခွဲစားခြင်း၊ ညဖက် အိပ်ရာဝင်ခါနီး သရေစာများ ရှောင်ခြင်း၊ အပူအစပ်လျှော့စားခြင်း စတာတွေ ဖြစ်ပါတယ်။

    နာနတ်သီးဟာ အက်ဆစ်ဓာတ် ကဲတာကြောင့် အစာမကြေ ရင်ပူတတ်သူများမှာ သတိထားသင့်တယ် ဆိုပေမယ့် တခြားအာဟာရဓာတ်တွေလည်း များစွာ ပါဝင်နေပါတယ်။ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း ချင့်ချိန်စားသုံး နိုင်ပါတယ်။ အစာအိမ်အနာ ဖြစ်နေရင်တော့ ရှောင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement