backup og meta

ကိုယ့်အသားအရေအမျိုးအစားအလိုက် အားဖြည့်ပေးမယ့် ကြက်ဥမျက်နှာပေါင်းတင်နည်း

အသားအရေကို အားဖြည့်ပေးမယ့် ပေါင်းတင်နည်းတွေမှာ ကြက်ဥက အမြဲလိုလိုပါတတ်ပါတယ်။ အသုံးများတာကတော့ ကြက်ဥအကာပါပဲ။ ကြက်ဥ အကာမှာပါတဲ့ ပရိုတင်းက အသားအရေကို တင်းရင်းစေပြီး အဆီပြန်တာတွေကို စုပ်ယူဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

ကိုယ့်အသားအရေအမျိုးအစားအလိုက် အားဖြည့်ပေးမယ့် ကြက်ဥမျက်နှာပေါင်းတင်နည်း

ကြက်ဥအကာ face mask ဘယ်လိုလုပ်မလဲ

ကြက်ဥနဲ့ပတ်သက်တဲ့ ပေါင်းတင်နည်းတွေ အများကြီးရှိပေမယ့် ကိုယ့်အသားအရေနဲ့မလိုက်တဲ့နည်းကို လုပ်မိရင် ထိရောက်သင့်သလောက်မထိရောက်တော့ပါဘူး။ ဒါ့ကြောင့် အဆီပြန်တဲ့အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေနဲ့ ပေါင်းစပ်အသားအရေတို့အတွက် ကြက်ဥပေါင်းတင်နည်းလေးတွေ ဘယ်လိုလုပ်မလဲဆိုတာလေး ပြောပြချင်တာပါ။ နည်းနည်းလေးပဲကွာခြားတာနဲ့တောင် ရလဒ်က သိသာမှာနော်။

အဆီပြန်တဲ့အသားအရေအတွက်

ဒီနည်းက အဆီပြန်အသားအရေအတွက်မို့ ဘက်တီးရီးယားပိုးတွေသေစေနိုင်တဲ့ သံပရာရည် ပါဝင်ပါမယ်နော်။

  • ကြက်ဥတစ်လုံးရဲ့အကာနဲ့ သံပရာသီးတစ်ခြမ်းရဲ့အရည်ကို ပန်းကန်လုံးတစ်ခုထဲမှာ ရောပါ။
  • အမြှုပ်ထလာတဲ့အထိ ခေါက်ပါ။
  • မျက်နှာကို ရေနွေးနွေးနဲ့သစ်ပါ။
  • ရောခေါက်ထားတဲ့အနှစ်ကို မျက်နှာမှာ ခပ်ပါးပါးသုတ်လိမ်းပါ။ မျက်လုံးထဲမဝင်အောင်၊ သိပ်မပွတ်မိအောင် ဂရုစိုက်ပါ။
  • ၁၀ မိနစ်လောက်ထားပါ။
  • ရေနွေးနွေးနဲ့ မျက်နှာပြန်သစ်ပါ။

ဒီနည်းကို တစ်ပတ်သုံးကြိမ် အထိ သုံးနိုင်ပါတယ်။

ပေါင်းစပ်အသားအရေအတွက်

ဒီနည်းကတော့ အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်တွေထိန်းညှိပေးနိုင်ပါလိမ့်မယ်။

  • ကြက်ဥအကာသီးသန့်ကို နာနာခေါက်ပါ၊ အဖြူရောင်အမြှုပ်တွေဖြစ်လာပြီဆိုမှ သံပရာရည်ဇွန်းသေးတစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းထည့်မွှေပါ။
  • မျက်နှာကို ရေနွေးနွေးနဲ့သစ်ပါ။
  • ရောခေါက်ထားတဲ့အနှစ်ကို မျက်နှာမှာ ခပ်ပါးပါးသုတ်လိမ်းပါ။
  • ၁၅ မိနစ်ထားပါ။
  • ရေနွေးနွေးနဲ့ မျက်နှာပြန်သစ်ပါ။

ခြောက်သွေ့အသားအရေအတွက်

ဒီနည်းကတော့ ခြောက်သွေ့တဲ့အသားအတွက် ရေဓာတ်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။

  • ကြက်ဥအကာတစ်လုံးစာနဲ့ စပျစ်သီး ၇ လုံးကို ကြိတ်စက်ထဲထည့်ခြေပါ။
  • မျက်နှာကို ရေနွေးနွေးနဲ့သစ်ပါ။
  • cotton pad သုံးရင်သုံး၊ ဒါမှမဟုတ် လက်နဲ့ပဲလိမ်းလိမ်း အပေါ်ဘက်ကို ပင့်ပြီးသုတ်လိမ်းပါ။
  • ၁၅ မိနစ်ထားပါ။
  • ရေနွေးနွေးနဲ့ မျက်နှာပြန်သစ်ပါ။

စပျစ်စေ့ရဲ့အဆီကြောင့် အသားအရေကို အားဖြည့်ပေးရာမှာ အကျိုးကျေးဇူးပိုကောင်းစေပါတယ်။

သတိထားရမှာက ဘယ်နည်းပဲလုပ်လုပ် မျက်နှာသစ်ပြီးတဲ့အခါ moisturizer လိမ်းသင့်ပါတယ်။ မိတ်ကပ်မလိုတဲ့ သဘာဝအလှကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/323602.php

Accessed Date Dec 13, 2019.

https://www.stylecraze.com/articles/6-homemade-egg-face-packs-for-healthy-skin/#gref

Accessed Date Dec 13, 2019.

https://www.healthline.com/health/beauty-skin-care/egg-white-for-face

Accessed Date Dec 13, 2019.

ယခုပုံစံ

10/12/2021

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ်

သင်္ဘောသီးနဲ့ မျက်နှာပေါင်းတင်တော့မယ်ဆိုရင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/12/2021 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။