အိမ်မှာနေရင်း peeling လုပ်ကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

မေလေးတို့ရေ….. ရှေ့တစ်ပတ်က chemical peeling အကြောင်း နှင်းရှင်းပြခဲ့သလို သဘာဝ ပစ္စည်းတွေကိုပဲ အသုံးပြုပြီး အိမ်မှာတင်လုပ်လို့ရမယ့်  natural peeling နည်းလေးတွေအကြောင်းပြောပြပါ့မယ်လို့ ကတိပေးထားတယ်နော်။

ကဲ..  အခု.. သဘာဝ အတိုင်းမျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မွေးညှင်းပေါက်လေးတွေ ပွင့်သွားစေမယ့် နည်းလေးတွေထဲက နှင်း အကြိုက်ဆုံးနည်းလေး ၃ မျိုး ကိုပြောပြပေးမယ်နော်။ တစ်ခုသတိထားစေချင်တာက ဒီနည်းလေးတွေဟာ ဘာ ဓာတုဆေးဝါးပစ္စည်းမှမပါတဲ့ သဘာဝနည်းလေးတွေ ဖြစ်တာကြောင့် chemical peeling လိုမျိုး အရေပြား အဟောင်းတွေကွာကြပြီး အရေပြားအသစ် ပြန်ဖြစ်လာစေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာလေးကို နဂိုထက် စင်ကြယ်ဝင်းမွတ်နေစေမှာတော့ အသေအချာပါပဲ။ ကြည့်လိုက်ရအောင်။

၁။ ဒီနည်းလေးရဲ့ ဇာတ်လိုက်ကျော်ကတော့ ကြက်ဥ ပါ။ ကြက်ဥကို အကာပဲရွေးသုံးတာမျိုး နှင်းက မကြိုက်ပါဘူး။ ၁ လုံးလုံး သုံးပါတယ်။ အရင်ဆုံး tissue တွေကို mask ပုံစံ ရအောင် ကတ်ကြေးနဲ့ ညှပ်ထားပါ။ ဖန်ပန်းကန်အသန့်ထဲ ကြက်ဥ ၊ သံပုရာရည် လက်ဖက်ရည်ဇွန်းနဲ့ ဇွန်းတစ်ဝက်၊ ပျားရည် ၃-၄ စက် နဲ့ သံလွင်ဆီ ၃-၄ စက်ထည့်… သမ ပြီး ကြေနေအောင်မွှေပါ။

ပြီးရင် makeup brush အပြားလေးနဲ့ မျက်နှာ အနှံ့လိုက်သုတ်ပေးပါ။ အဲဒီ့အပေါ်ကမှ အခုန က ညှပ်ထားတဲ့ tissue လွှာကို mask ကပ်သလို ကပ်ပါ။ (mask ပုံစံ မညှပ်တတ်ရင် မျက်လုံးတစ်ဝိုက်နဲ့ ပါးစပ်နားကိုချန်ပြီး ဒီတိုင်း ကပ်လိုက်လို့လည်း ရတယ်နော်။ ) ပြီးရင် အဲဒီ tissue ကပ်ထားတဲ့ အပေါ်ကနေ ပိုနေတဲ့ ကြက်ဥအရော ကို အထူအပါး ညီညီ လိုက်သုတ်ပေးပါ။ မိနစ် ၃၀ လောက်ဆိုကောင်းကောင်းခြောက်ပြီး ဆွဲခွာလို့ရပါပြီ။

မေလေးတို့ ဈေးကြီးပေးပြီးဝယ်သုံးနေကျ skincare တချို့မှာပါတဲ့ hyaluronic acid ဆိုတာ ကြက်ဥကလာတာပါပဲ။ ပျားရည်နဲ့ သံပုရာရည်ကတော့ ဝက်ခြံနဲ့ အမာရွတ်အတွက်ဆေးဖြစ်ပြီး အသားအရည်ကို ကြည်လင်စေပါတယ်။ သံလွင်ဆီ ကတော့ mask ခြောက်သွားတဲ့ အချိန် အစိုဓာတ်ကိုထိန်းပေးဖို့ ပါပဲ။

၂။ ဒုတိယနည်းလေးမှာတော့ ဆန်မှုန့်က အသက်ပါပဲ။ ဒီနေရာမှာတော့ နှင်းက ကြက်ဥကို အကာပဲသုံးမှာပါ။ ဆန်မှုန့် ၁ဇွန်း၊ ကြက်ဥ အကာ နဲ့ သံလွင်ဆီ ၃-၄ စက်ကိုရောမွှေပါ။ ပြီးရင်တော့ အပေါ်ကနည်းအတိုင်း လုပ်ရုံပါပဲ။ ဆန်မှုန့်ဟာ အသားအရည်ကို ဖြူဝင်းတင်းရင်းစေတဲ့နေရာမှာ ဆရာကြီးပါ။ မေလေးတို့ကြား ရေပန်းစားနေတဲ့ နာမည်ကြီး ဂျပန် skincare တမျိုးဟာဆိုရင် ဆန်ကို အချဉ်ဖောက်ပြီး ရတဲ့ pitera ကိုထည့်သုံးထားတာနော်။

၃။ ဒါကတော့ဆားဝက်ခြံသမားတွေအတွက် special နည်းပါ။ gelatin powder (ကျောက်ကျောမှုန့်) နဲ့ activated charcoal (မီးသွေးမှုန့်) ကို ၄:၁ နဲ့ရော…သံလွင်ဆီလေး ၃-၄ စက်ရော… ရေနဲ့ ပြစ်ပြစ်လေး ဖျော်ပြီး mask လိုမျိုး လိမ်းပေးရမှာပါ။ tissue  ကပ်စရာမလိုပါဘူး။ ခြောက်ဖို့  မိနစ် ၃၀ လောက်စောင့်ပေးရပါတယ်။ ပြီးရင် ဆွဲခွာလို့ရပါပြီ။ ဟာ…နှင်းရယ်..ဒါတွေဘယ်ကသွားရှာရပါ့မလဲ မေးရင် gelatin powder ကို city mart (သို့) မုန့်ဖုတ်ပစ္စည်းအရောင်းဆိုင်တွေမှာရနိုင်ပြီး activated charcoal ကိုက ဆေးဆိုင်ကြီးတွေမှာ capsule type နဲ့ရပါတယ်နော်။ အဆင်သင့်ဝယ်သုံးရတဲ့ charcoal mask တွေနဲ့ မတူတာကို ကိုယ်တိုင် စမ်းလုပ်ကြည့်ရင် သိမှာပါနော်။

အလှဆိုတာလက်တကမ်းတင်ပါ။ သဘာဝကြောင့် ပိုလှနိုင်ကြပါစေ မေလေးတို့ရေ။

ရေးသားသူ – နှင်းရိပ်မှုန်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ကဘာတွေများလဲ။ သိထားတာတွေက ဘတွေ မှန်လို့ ဘာတွေ မှားနေလဲ။ သိချင်တယ်ဆိုရင် အတူတူဆန်းစစ်ရအောင်လေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ ဆိုတာဘာလဲ။ ဘယ်လောက်အထိ အကျိုးပြုနိုင်လို့လဲ။ ဘာတွေ စားသောက်ရမလဲဆိုတာကို ဖတ်ကြည့်လို့ ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာတွေက ဘာဗတွဖြစ်မလဲ။ ဘယ်လောက်ထိ ကျန်းမာစေဖိုပ ထောက်ကူပေးသလဲ ဆိုတာကို ဆေင်းပါးလေးထဲ ဖတ်ကြည့်ပါ။

ရေးသားသူ Aye Thi Mon

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read