ဝက်ခြံထွက်နေတဲ့အချိန်မှာဆဲလ်သေတွေဖယ်ရှားတာက အခန့်မသင့်ရင် ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေအရမ်းကြီးနေပြီဆိုရင် ဆဲလ်သေတွေဖယ်ရှားတာမျိုးမလုပ်သင့်ပါဘူး။
နေလောင်ကာခရင်မ်က မဖြစ်မနေလူးစရာမလိုဘူး
နေလောင်ကာခရင်မ်ကကျော်မသွားသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုပါ။ အပြင်မထွက်ခက်နာရီဝက်အလိုတိုင်းမှာ မျက်နှာအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို လူးပေးပါ။ ဒါမှနေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်မှုမရှိအောင်ထိန်းသိမ်းနိုင်မှာပါ။
မျက်နှာပေါင်းတင်တဲ့အခါ Mask ကပ်ပြီးတစ်ညလုံးအိပ်လို့ရတယ်
Mask ကမျက်နှာအသားအရေကို ထိန်းသိမ်းပေးနိုင်တယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့အချိန်အတိုင်းကပ်တာက အဆင်ပြေဆုံးပါ။ တစ်ညလုံးကပ်ထားမယ်ဆိုရင် မျက်နှာကရေဓါတ်တွေပါဆုံးရှုံးစေနိုင်ပါတယ်။
မျက်နှာသစ်တဲ့အခါ တစ်ကြိမ်တည်းနဲ့မလုံလောက်ဘူး
မျက်နှာသစ်တဲ့အခါ အသားပေါ်မှာ အဆီတွေကျန်နေလို့ဆိုပြီး နှစ်ကြိမ်လောက်ထပ်သစ်ပစ်တာမျိုးက အသားအရေအတွက် ပိုထိရောက်မသွားဘဲ အဆီတွေကိုကုန်သွားစေလို့ အသားအရေခြောက်သွေ့ပျက်စီးလွယ်ပါတယ်။
မျက်နှာကို အပြင်ကပြန်လာတိုင်း သစ်ရမယ်
ဒီအယူအဆကမှားပါတယ်။ မျက်နှာသစ်တာက မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်သစ်ရင်ကို လုံလောက်ပါပြီ။ ခဏခဏသစ်တာက မျက်နှာအသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အရမ်းကိုဖ်ုထူတဲ့နေရာမျိုးကပြန်လာရင်တော့တစ်မျိုးပေါ့။
Night Cream ကို မဖြစ်မနေလူးစရာမလိုဘူး
ဒီအယူအဆကမှားနေပါတယ်။ မျက်နှာအပါအဝင်ခန္ဓါကိုယ်ပေါ်ကဆဲလ်တွေက ညအိပ်ချိန်မှာ လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပြီး အသစ်ပြုပြင်တာပါ။ ဒါကြောင့် ညအိပ်ရာမဝင်ခင် Night Cream လူးပေးတာက အသားအရေကိုကြည်လင်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။