မျက်နှာအဆီပြန်တတ်တဲ့ အမျိုးသားတွေ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 29, 2020 . 2 mins read
Share now

ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အမျိုးသားတွေလည်း ကိုယ့်ရဲ့ မျက်နှာအသားအရေကို အရင်ကထက် ပိုပြီးဂရုစိုက်လာကြပါပြီ။ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေအတွက်တော့ မျက်နှာအဆီပြန်တယ်ဆိုတာ ထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ မျက်နှာက အဆီအမြဲပြန်နေရင် ဖုန်မှုန့်တွေ ပိုမိုကပ်ငြိနိုင်တဲ့အပြင် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံနဲ့ အမည်းစက်တွေ ထွက်လာနိုင်တဲ့အပြင် အသားအရည်ပါ ကြမ်းလာတတ်ပါတယ်။

ဒါဆိုရင် မျက်နှာအဆီမပြန်အောင် ဘယ်လိုကာကွယ်သင့်လဲ၊ မျက်နှာအဆီ ပြန်တတ်တဲ့သူတွေရော ကိုယ့်ရဲ့ အသားအရည်ကို ဘယ်လို ထိန်းသိမ်းသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

၁။ အပြင်းစားဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေကို ရှောင်ပါ။

မျက်နှာကို မနက်နိုးလာရင် တစ်ခါ၊ ညမအိပ်ခင် တစ်ခါ၊ တစ်နေ့ကို ပုံမှန် ၂ကြိမ်သစ်ပေးရင် လုံလောက်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း အမွှေးရနံ့တွေ၊ chemical တွေ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေအစား ဆပ်ပြာအပျော့လေးကို သုံးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

၂။ မျက်နှာကို ခြောက်သွားအောင် ဖွဖွလေးသုတ်ပေးပါ။

မျက်နှာသစ်ပြီးတဲ့အခါမှာ နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ ရေခြောက်အောင် သုတ်ပေးပါ။ သုတ်တဲ့အခါမှာလည်း မျက်နှာကို အောက်ဆွဲချပြီး မသုတ်ပဲ ဖွဖွလေး ပုတ်ပြီးသုတ်ပေးပါ။

၃။ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ။

မျက်နှာအသားအရေဟာ စိုပြည်ကြည်လင်နေဖို့အတွက် မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် (Moisturizer) သုံးပေးရဖို့ လိုအပ်ပါတယ်။ အဆီပြန်တတ်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အစိုဓာတ်ထိန်းခရင်မ်ကို ရွေးတဲ့အခါမှာ အဆီမပါတဲ့ oil-free ပစ္စည်းတွေ ဒါမှမဟုတ် ရှားစောင်းလက်ပပ် ပါဝင်တဲ့ moisturizer မျိုးကို ရွေးချယ်သင့်ပါတယ်။

၄။ မျက်နှာပေါ်က ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားပေးပါ။

အဆီပြန်တဲ့သူတွေအနေနဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ အရေပြားအပေါ်ယံလွှာက ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားတာမျိုး လုပ်ပေးသင့်ပါတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ scrub အသုံးပြုခြင်းဟာ မျက်နှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေတဲ့အပြင် ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

၅။ Mask ကို အသုံးပြုပါ။

Mask ဆိုတာ အမျိုးသမီးတွေအတွက်ပဲ သုံးရတာ မဟုတ်ပါဘူးနော်။ အမျိုးသားတွေလည်း facial mask ကို ပုံမှန်အသုံးပြုပေးရင် ချွေးပေါက်ပိတ်တာကို သက်သာစေတဲ့အပြင် မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အချိန်သိပ်မပေးနိုင်ဘူးဆိုရင်တောင် တစ်ပတ်ကို တစ်ကြိမ်လောက် Mask အုပ်ပေးပါ။ပြီးမှ မျက်နှာကို အစိုဓာတ်ထိန်းပေးဖို့အတွက် moisturizer တစ်မျိုးမျိုးပြန်လိမ်းပေးရပါမယ်။

သဘာဝပျားရည်ကို Mask အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မျက်နှာကိုလည်း သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ မျက်နှာပေါ်မှာ ပျားရည်ကို သုတ်ပြီး ၁၀မိနစ်လောက် ကပ်ထားပြီး ရေဆေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို မကြာခဏပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေနဲ့ မျက်နှာပေါ်က အဆီတွေကို သက်သာစေတဲ့အပြင် အသားအရည်ဟာလည်း အရင်ကထက် နူးညံ့ချောမွေ့လာမှာပါ။

အသားအရည်ကို သေချာထိန်းသိမ်းဖို့ဆိုတာ စိတ်ရှည်တတ်ဖို့တော့ လိုပါတယ်။ ရေကို တစ်နေ့ အနည်းဆုံး ဖန်ခွက် ၈ခွက်ထက် မနည်း သောက်ပေးရမယ်။ အပြင်ထွက်တဲ့အခါ အကျီလက်ရှည်ဝတ်တာ၊ နေလောင်ကာ ခရင်မ်တွေ လိမ်းပေးတာမျိုး လုပ်ပေးပါ။ ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ skin care ပစ္စည်းတွေကိုပဲ စွဲစွဲမြဲမြဲ သုံးပေးပါ။ မျက်နှာဟာ အင်မတန်နူးညံ့တဲ့ အရေပြားဖြစ်လို့ နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လည်း လိုမယ်နော်။ မျိုးရိုးဗီဇ ဒါမှမဟုတ် ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ့်မျက်နှာက အဆီပြန်နေတာဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာကုသပေးဖို့ လိုပါလိမ့်မယ်။

နွေနေပူပူကို အန်တုနေရတဲ့ အမျိုးသားတွေလည်း ကျန်းမာစိုပြည်ပြီး ယောက်ျားပီသတဲ့ မျက်နှာအသားအရေမျိုးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ကာကွယ်ဆေးက တတိယလှိုင်းကို တားဆီးနိုင်ပါ့မလား

လေ့လာချက်အရ ကာကွယ်ဆေးတွေဟာ တတိယလှိုင်းဖြစ်လာမှာကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပြီး အကြောင်းအရင်းကိုလဲ ထောက်ပြခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အရေပြားတစ်ထောက်စာလို့ ဆိုပေမယ့် အရေပြားကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အရေပြားက ရုပ်ရည်သွင်ပြင်ပေါ်တင်သက်ရောက်တာမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Mask ၂ ထပ်ဝတ် ရင် ပိုစိတ်ချရမလား

Mask ၂ ထပ်ဝတ် ရင် ပိုစိတ်ချရမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read