backup og meta

အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

    အမျိုးသားတွေက များသောအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းကို ဂရုစိုက်မှု နည်းကြသူတွေပါ။ ဂရုစိုက်တဲ့သူ ရှိပေမယ့် အများစုကတော့ အမျိုးသမီးတွေလောက် ဂရုမစိုက်တာတော့ အမှန်ပါ။ တကယ်ကတော့ နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝစေဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာက ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်က အခြားသူတွေကိုပါ အကျိုးသက်ရောက်စေပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။

    အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

    အမျိုးသားတွေ အနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာတက်ကြွနေစေဖို့ နဲ့ စွဲဆောင်မှု ရှိစေဖို့အတွက် လိုက်နာရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထလေးတွေ ရှိပါတယ်။

    အချို့ကတော့ ပျင်းလို့ ကျော်သွားတာမျိုး ရှိသလို အချို့ကတော့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတာပါ။ ဒီတော့ အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ က ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    • ရေပုံမှန် ချိုးပါ

    အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးပိုထွက်ကြသလို ကိုယ်နံ့လည်း ပိုပြင်းကြပါတယ်။ ဒါကြောင့် တစ်နေ့ကို ၂ ကြိမ် မဟုတ်ရင်တောင် တစ်နေ့ကို တစ်ကြိမ်လောက်တော့ ရေကို သေချာလေး ချိုးပါ။

    ရေချိုးတဲ့အခါ ဆပ်ပြာကို သုံးပြီး သေချာလေး သန့်စင်အောင် ချိုးပေးပါ။ အမျိုးသား အများစုက ရေချိုးတဲ့အခါ ဆပ်ပြာသုံးပြီး ချေးညှော်တွေကို သန့်စင်ဖို့ အာရုံ သိပ်မရှိကြပါဘူး။ နောက်တစ်ခုကတော့ ရေချိုးပြီးတိုင်းမှာ ရေကို သေချာ ခြောက်အောင် သုတ်ပါ။

  • ဆံပင်တွေကို သပ်သပ်ရပ်ရပ်ထားပါ
  • ခေါင်းကို လျှော်ဖြစ်ကြပေမယ့် အမျိုးသား အများစုက ဆံပင်ကို သပ်သပ်ရပ်ရပ် ထားဖို့တော့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ဆံပင်ရှည်လာရင် ညှပ်ပါ။ သပ်သပ်ရပ်ရပ် ဖြီးသင်ပါ။ လိုအပ်ရင် ဆံပင်ကို ဂျယ်လ်လိမ်းတာမျိုး လုပ်ပေးပါ။ ခေါင်းချွေးထွက်တတ်တယ်ဆိုရင် ၁ ရက်ခြား ၁ ခါလောက် ခေါင်းလျှော်ပါ။

    • မုတ်ဆိတ်ရိတ်ပါ

    အမျိုးသားတွေအနေနဲ့ မျက်နှာသွင်ပြင် ကြည့်ကောင်းစေဖို့ လိုက်နာရမယ့် နောက်ထပ် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ တစ်ခုကတော့ မုတ်ဆိတ်ရိတ်တာပါ။ မုတ်ဆိတ်တွေကို အရမ်းရှည်တဲ့အထိ ထားတာမျိုး မလုပ်ဘဲ တစ်ပတ်ကို ၁-၂ ကြိမ်လောက် အလျဉ်းသင့်သလို ရိတ်ပေးပါ။

    အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

  • လက်သည်းညှပ်ပါ
  • အမျိုးသားတွေက လက်သည်းရှည် မထားတတ်ကြပေမယ့် လက်သည်းကိုလည်း ပုံမှန် ညှပ်လေ့မရှိကြပါဘူး။ အမျိုးသား အများစုက လက်သည်း ကိုက်တတ်ကြတာပါ။ ဒါကြောင့် မလိုအားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်ပတ်ကို တစ်ကြိမ်တော့ လက်သည်းညှပ်ပေးပါ။

    • အတွင်းခံတွေကို ပုံမှန်လဲလှယ်ပါ

    အတွင်းခံတွေကို ဝတ်ပြီးသားတွေ ပြန်ဝတ်တာက ကိုယ်နံ့ဆိုးစေနိုင်သလို အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံတွေကို ပုံမှန်လဲလှယ်ပေးပါ။

    • ချိုင်းမွေးတွေ ဖယ်ရှားပါ

    ချိုင်းက ချွေးနံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နံ့ကင်းစေဖို့ဆိုရင် ချိုင်းက အမွေးအမျှင်တွေကို ပုံမှန် ဖယ်ရှားပေးပါ။ ချိုင်းချွေးနံ့ ပျောက်စေဖို့ သေချာ ဆေးကြောပြီး ချိုင်းချွေးနံ့ပျောက်စေတဲ့ အရာတစ်ခုခုကို လိမ်းပေးပါ။ အမျိုးသမီးတွေလို အပြောင်ရှင်းတာမျိုး မဟုတ်ရင်တောင် အနည်းငယ်ပါးသွားအောင် တိပေးနိုင်ပါတယ်။

    • အစိုဓာတ်ထိန်းပါ

    အရေပြားကို အစိုဓာတ် ထိန်းပေးတာကလည်း အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလ့အထပါ။ အကြောင်းကတော့ အရေပြားကို အစိုဓာတ် ထိန်းတာက အရေပြား ပြဿနာတွေကို ကင်းစေပြီး အသားအရေ ကျန်းမာစေပါတယ်။

    • သွားတိုက်ပါ

    သွားတိုက်တာက ကျန်းမာရေးကို ထောက်ကူပေးနိုင်သလို ခံတွင်းအနံ့ဆိုးကိုလည်း ကင်းစေနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် သွားတိုက်ပေးတာက နာတာရှည် ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မနက် တစ်ကြိမ် ညတစ်ကြိမ် သွားပုံမှန် တိုက်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement