ငှက်ပျောခွံက အရေပြားကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောခွံကိုကြိတ်ပြီး ကြက်ဥအနှစ်ထည့်ပါ။ မွှေပြီးရတဲ့အနှစ်ကို မျက်နှာမှာလိမ်း၊ ၅ မိနစ်နေရင် မျက်နှာသစ်ပါ။
(၆) အကိုက်အခဲပျောက်စေတယ်
ငှက်ပျောခွံကို နာကျင်ကိုက်ခဲနေတဲ့နေရာပေါ် တင်ထား၊ကပ်ထားပေးပါ။ မိနစ် ၃၀ ကြာတဲ့အခါ နာကျင်ကိုက်ခဲမှုသက်သာလာပါလိမ့်မယ်။ အဆီတစ်မျိုးမျိုးနဲ့ရောပြီး လိမ်းကပ်ပေးရင်လည်း ရပါတယ်။
(၇) ဆိုရီရေးစစ်အရေပြားပြဿနာကို ကုသနိုင်တယ်
ဆိုရီရေးစစ်အရေပြားနာပေါ် ငှက်ပျောခွံကပ်ထားပေးပါ။ သူက အစိုဓာတ်ကိုထိန်းပေးတဲ့အာနိသင်ရှိတဲ့အပြင် ယားယံမှုကိုလည်း သက်သာစေပါတယ်။ အရေပြားအနာတွေကို အကျက်မြန်စေပြီး အမြန်ဆုံးသက်သာစေမှာပါ။
(၈) ကြမ်းပိုးကိုက်အနာတွေကို ကုသနိုင်တယ်
ခြင်ကိုက်၊ ကြမ်းပိုးကိုက်ခံရတဲ့နေရာကို ငှက်ပျောခွံနဲ့နှိပ်ပွတ်ပေးပါ။ နာကျင်မှုနဲ့ အယားသက်သာစေပါလိမ့်မယ်။
(၉) ဖိနပ်တိုက်လို့ရတယ်
ဖိနပ်၊ လည်သာနဲ့ ငွေထည်တွေကို ငှက်ပျောခွံနဲ့ပွတ်တိုက်ပေးရင် ပိုမိုတောက်ပလာစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။