ရေဓါတ်ပြန်ဖြည့်ပေးတဲ့ အဆီနဲ့creamတွေလိမ်းပါ
ဆဲလ်သေဖယ်ရှားပြီးရင် အသားအရေအတွက် အားဖြည့်ပေးမယ့်၊ရေဓါတ်ဖြည့်ပေးမယ့် အဆီနဲ့creamတွေကိုရွေးသုံးပေးပါ။ အသားအရေထိန်းသိမ်းပေးတဲ့အဆီတွေကနေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့အသားအရေကိုပြန်လည်ဖြူစင်ဝင်းပလာစေမှာဖြစ်ပါတယ်။
Masksတွေအစွမ်းနဲ့ အလှပြန်မွေးဖွားပါ
Facial Masksတွေက အစွမ်းအာနိသင်မျိုးစုံနဲ့ ထုတ်လုပ်လာကြလို့ multi-masking လို့ခေါ်တဲ့ မျက်နှာအစိတ်အပိုင်းအလိုက် တစ်ပိုင်းချင်းစီကို mask တစ်မျိုးစီအသုံးပြုတဲ့နည်းက အသုံးဝင်ပါတယ်။ အသားအရေအမျိုးအစားအလိုက်လည်း ရွေးချယ်ရရှိနိုင်ပါတယ်။ ခဏလောက် ပေါင်းတင်လိုက်ရုံနဲ့ အသားအရေအတွက် masks တွေရဲ့အကျိုးအာနိသင်က များလွန်းပါတယ်။ Mask တွေက အသားရေပြန်လည်ပြုပြင်မှုကို အရမ်းအထောက်အပံ့ပေးနိုင်တာမို့လို့ ခရီးသွားထားတာကြောင့် အသားရေပျက်စီးမှုတွေဖြစ်ထားတဲ့သူတွေအတွက်တော့ အကောင်းဆုံးအဖြေပါပဲ။
မျက်လုံးအောက်မှာရေခဲကပ်ပါ
ပြန်ရောက်လာပြီဆိုရင် အလုပ်ခွင်ပြန်ဝင်ရပြီ၊ အလုပ်တွေများ၊ စိတ်ဖိစီးစရာတွေပြန်ရင်ဆိုင်နေရနိုင်ပါတယ်။ ဒါဆို ခရီးတုန်းက အိပ်ရေးမဝခဲ့တာတွေလည်းရှိနိုင်တော့ ခရီးပန်းထားတဲ့ဒဏ်နဲ့ မျက်ကွင်းညိုတာလည်းဖြစ်လာနိုင်ပါတယ်။ မျက်လုံးအောက်မှာရေခဲဝတ်လေးကပ်ပေးပါ။နောက်တစ်နေ့မနက်မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်အောင်လို့ အိမ်ပြန်ရောက်ရောက်ချင်းညမှာ အိပ်ရာမဝင်ခင်ရေခဲကပ်ပေးနိုင်ပါတယ်။
သံပရာရည် သို့မဟုတ် လိမ္မော်ရည်သောက်ပါ
သံပရာရည်သောက်သုံးပေးခြင်းဟာ ခရီးကပြန်လာပြီးနောက်ပိုင်း အသားအရေကိုပြန်လည်အားဖြည့်ပေးနိုင်တဲ့ အချက်ထဲ ပါဝင်ပါတယ်။ ဗီတာမင်စီပါတဲ့ အသီးဖျော်ရည် သောက်ပေးတာကရေဓါတ်ဖြည့်တင်းခြင်းနဲ့ လန်းဆန်းမှုကိုပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဆက်ကာကွယ်ဖို့ မမေ့ပါနဲ့
အသားအရေကိုပြန်ထိန်းသိမ်းတာကောင်းပေမယ့်နောက်ထပ်မပျက်စီးအောင်လည်း ကာကွယ်ဖို့ လိုတာကြောင့်နေ့ဘက်မှာဆို နေလောင်ဒဏ်မသင့်စေဖို့ sunscreen ဆက်သုံးပေးပါ။
Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။