အလင်းပြန်တာကြောင့် အသားအရေပျက်စီးတာပါ
လက်တော့ပ်၊ tablet နဲ့ ဖုန်း မျက်နှာပြင်တွေက သူတို့ဘာသာတော့ ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်နိုင်ခြေနည်းပါတယ်။ သူတို့ရဲ့ မျက်နှာပြင်ပေါ်ကိုနေရောင်ထိတွေ့တဲ့အခါပြန်ထွက်လာတဲ့အလင်းရောင်က အရေပြားကိုထိခိုက်စေတာပါ။ ဒီပြန်ထွက်လာတဲ့ အလင်းရောင်က အရေပြားကင်ဆာ ခံစားရနိုင်ခြေကိုတိုးစေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာနဲ့ အခြားအရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။
ဒါပေမယ့် ဒီပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေထွက်လာတဲ့ အလင်းရောင်တွေကို လုံးဝဂရုမစိုက်ဘဲတော့ မထားသင့်ပါဘူး။ လက်တော့ပ်၊ ဖုန်းနဲ့ အခြားလျှပ်စစ်ပစ္စည်းတွေကနေထွက်လာတဲ့high energy visible (HEV) က အရေပြားကို ထိခိုက်စေနိုင်သလို အသားအရေကိုလည်း အိုမင်းရင့်ရော်စေနိုင်ပါတယ်။တော်တော်များများကတော့ ဒီရောင်ခြည်ကို blue light လို့သိထားကြပါတယ်။ တီဗွီတွေ၊ဖုန်းတွေနဲ့ ကွန်ပျူတာတွေကနေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတွေလိုတောင်ဖြစ်လာနေတဲ့အခါမှာတော့ မထိတွေ့ချင်ရင်တောင်မှာ ဒီရောင်ခြည်တွေကိုတစ်နေကုန်နီးပါးလောက်ထိတွေ့နေရတာပါ။ အလုပ်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လိုအပ်လို့ပဲဖြစ်ဖြစ်ပေါ့။ဖြစ်နိုင်ရင်တော့နေရောင်ထဲမှာ ဖုန်းတွေ iPad မသုံးကြဖို့ပြောပါရစေ။ ဒီပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေတဆင့်ပြန်လာတဲ့နေရောင်က အသားအရေကို အတွင်းပိုင်းအထိထိခိုက်စေနိုင်တာကြောင့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။