တွေ့ရခဲပါတယ်။ အရေပြားနီပြီး ရောင်ရမ်းတာမကြောသေးမှာပဲ ပြည်တည်နာအဖြစ်ပြောင်းသွားပါတယ်။ ဖြစ်တဲ့နေရာများရင် ချမ်းတုန်ဖျားတာ၊ ယားတာ၊ ဝမ်းလျှောတာတွေနဲ့ပါ တွဲဖြစ်တတ်ပါတယ်။
(၆) Erythrodermic psoriasis
သူလည်းဖြစ်တာရှားပါတယ်။ တစ်ကိုယ်လုံးမှာတွေ့ရတတ်ပြီး နီရဲရောင်ရမ်းပြီး အရေပြားတွေ အဖတ်ကွာတတ်ပါတယ်။
ဘာကြောင့်ဖြစ်တာလဲ။
ဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ မသိကြသေးပါဘူး။ ဒါပေမယ့် ဒါက ခုခံအားကမောက်ကမဖြစ်တာ(Autoimmune)နဲ့ မျိုးရိုးဗီဇကြောင့်လို့ ယူဆကြပါတယ်။ ယောကျ်ားမိန်းမဖြစ်နှုန်းအတူတူပါပဲ။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ၁၅-၃၅နှစ်ကြားက အဖြစ်အများဆုံးပါ။
ကူးစက်နိုင်လား။
ဆိုရီယေးစစ်က မကူးစက်တတ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ထိလို့လည်း မကူးပါဘူး။ ဒါပေမယ့် မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတစ်ဦးမှာရှိရင် ဖြစ်နိုင်ချေ၁၀ရာခိုင်နှုန်းပါ။ နှစ်ဦးလုံးမှာရှိရင်တော့ ၅၀ရာခိုင်နှုန်းအထိတက်သွားပါတယ်။
ဘာတွေကပိုဆိုးစေတာလဲ။
ဆိုရီယေးစစ်ကို ပိုဆိုးစေတဲ့ အချက်တွေကိုသာ သိထားမယ်ဆိုရင် ရောဂါပြန်မကြွအောင် ရှောင်လို့ရပါတယ်။ ဒါတွေကတော့
- ဘတ်တီးရီးယားပိုးတွေ (လည်ချောင်းနာပိုး၊ အရေပြားပိုး)
- အရေပြားကို ထိခိုက်အနာတရဖြစ်တာတွေ (ထိခိုက်တာ၊ ပိုးမွှားကိုက်တာ၊ နေလောင်တာ)
- စိတ်ဖိစီးမှု
- ဆေးလိပ်သောက်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- ဗီတာမင် ဒီချို့တဲ့ခြင်း
- အဝလွန်ခြင်း
- ဆေးဝါးများ (လီသီယမ်၊ တချို့သော သွေးတိုးကျဆေး၊ ငှက်ဖျားပျောက်ဆေး၊ အိုင်အိုဒိုက်)
ဒါတွေကို ရှောင်ရင် ရောဂါသက်သာတာပဲရှိတာပါ။ အပြီးပျောက်တာမဟုတ်ပါဘူး။ ရှောင်နေရင်းနဲ့ ရောဂါပြန်ကြွနိုင်တယ်ဆိုတာကိုလည်းသိထားရပါမယ်။