backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Psoriasis (အရေပြားလေးဘက်နာ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Psoriasis (အရေပြားလေးဘက်နာ) ကဘာလဲ။

အရေပြားလေးဖက်နာ ဆိုသည်မှာ နာတာရှည် အရေပြား ချို့ယွင်းမှု တစ်မျိုးဖြစ်ပြီး မကြခဏ ပေါ်လိုက်ပျောက်လိုက် ဖြစ်တက်ပါသည်။ အရေပြားဆဲလ်များသည် လျင်မြန်စွာ မျိုး ပွား၍ စုပြုံလာကာ အရေပြား မျက်နှာပြင်တွင် ငွေရောင် အ ဖတ်များ ဖြစ်လာပါသည်။ မပြင်းထန်သော အခြေအနေမှ ပြင်းထန်သော အခြေအနေအထိ ဖြစ်နိုင်ပါသည်။ ဖြစ်ပွားမှု သည် အသေးစား ထိခိုက်ဒဏ်ရာရမှု၊ စိတ်ဖိစီးမှု ၊ ပိုးမွှား ကူးစက်မှု၊ အေးမြသော ခြောက်သွေ့သော ရာသီဥတု နှင့် ထိတွေ့မှု၊ အဝလွန်မှု၊ အခြားကိုယ်ခံအား ပြန်လည် တိုက်ခိုက်မှု အခြေအနေများဖြင့် စတင်ဖြစ်နိုင်ပါသည်။ သိ သာ ထင်ရှားသော အကြောင်းပြချက် မရှိဘဲဖြင့်လည်း ဖြစ် နိုင်ပါသည်။

Psoriasis (အရေပြားလေးဘက်နာ) က ဘယ်လောက်အဖြစ်များသလဲ

အရေပြားလေးဖက်နာသည် အဖြစ်များပြီး များသောအား ဖြင့် အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားပါသည်။ အမျိုးသား များတွင်ရော အမျိုးသမီးများတွင်ပါ တူညီစွာ ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် အရေပြား လေးဖက်နာ ဖြစ်နိုင်မှုကို လျော့ချ နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Psoriasis (အရေပြားလေးဘက်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရေပြားလေးဖက်နာ၏ ရောဂါလက္ခဏာများသည် တစ်ဦးနှင့် တစ်ဦး ကွဲပြားပါသည်။ သို့သော် အောက်ပါတို့ ပါဝင်နိုင်ပါသည်။

  • ငွေရောင်အကြေးခွံများ ဖုံးအုပ်နေသော အနီရောင် အရေပြားအကွက်များ
  • သေးငယ်သော အကြေးခွံအစက်များ (ကလေးငယ် များတွင် များသောအားဖြင့် တွေ့ရသည်)
  • ခြောက်သွေ့အက်ကွဲကာ သွေးထွက်နိုင်သော အရေ ပြား
  • ယားယံခြင်း၊ မီးလောင်သကဲ့သို့ပူခြင်း၊ နာကျင်ခြင်း
  • ထူသော ချိုင့်ခွက်များဖြစ်နေသော လက်သည်းခွံများ
  • ယောင်ယမ်း၍ တောင့်တင်းသော အရိုးအဆစ်များ

ဦးရေပြား၊ မျက်နှာ၊ တံတောင်ဆစ်၊ လက်၊ ခြေထောက်၊ ရင်အုပ်၊ နောက်ကျော အောက်ဘက်၊ တင်ပါးကြားနေရာများ တွင် အများအားဖြင့် ဖြစ်ပွားပါသည်။ လက်သည်းခွံများနှင့် ခြေသည်းခွံများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

အရေပြားလေးဖက်နာ ရှိသူများ၏ လေးပုံတစ်ပုံသည် အဆစ်အမြစ်ရောင်ရောဂါ လက္ခဏာများရှိပြီး အရေပြား လေး ဖက်နာ ဆိုးရွားလာသောအခါ ထိုလက္ခဏာများလည်း ဆိုး ရွားလာပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်သည် သင့်ကိုယ်သင် အရေပြားလေးဖက်နာ ရှိသည် ဟု သံသယရှိပါက ရောဂါစစ်ဆေးရန် ဆရာဝန်နှင့် ပြသပါ။ သင်၏ အရေပြားလေးဖက်နာ သည် အောက်ပါတို့ ဖြစ်ပွားပါ က ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

  • အနှောင့်အယှက်ပေးသော အခြေအနေအား ကျော် လွန်၍ နာကျင်မှုနှင့် မသက်မသာမှုကို ဖြစ်စေသည်။
  • သင်၏ အသားအရည်သွင်ပြင်ကို သင်ကိုယ်တိုင် သတိပြုမိစေသည်။
  • နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နေ့စဉ် လုပ်ငန်းဆောင် တာများကို မစွမ်းဆောင်ခြင်း စသော အရိုးအဆစ် ပြဿနာများကို ဖြစ်စေသည်။
  • လုပ်ရိုးလုပ်စဉ် ကိစ္စများကို ခက်ခဲစေသည်။

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Psoriasis (အရေပြားလေးဘက်နာ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းကို သေချာမသိရသေးသော်လည်း အရေ ပြားလေးဖက်နာသည် ကိုယ်ခံစွမ်းအား ပြန်လည်တိုက်ခိုက် ခြင်း ကြောင့် ဖြစ်နိုင်သည်။ ပို၍ သေချာစွာ ပြောရသော် အဓိ ကဆဲလ်သည် T Lymphocyte ဟုခေါ်သော သွေးဖြူဥ အမျိုး အစားတစ်ခုကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုဆဲလ်များ သည် ခန္ဓါကိုယ်အနှံ့သွားလာ၍ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် စသော ခန္ဓါကိုယ်ပြင်ပ ပစ္စည်းများကို ဖော်ထုတ်ကာ တိုက် ခိုက်ပါသည်။ သို့သော် သင့်တွင် အရေပြားလေးဖက်နာ ရှိပါ က ထိုဆဲလ်များသည် ကျန်းမာသော အရေပြားဆဲလ်များ အား မှားယွင်းတိုက်ခိုက်ကာ အနာကျက်ရန် သို့မဟုတ် ရော ဂါပိုးကူးစက်မှုကို တိုက်ခိုက်ရန် ခက်ခဲစေပါသည်။ အရေပြား လေးဖက်နာသည် တစ်ဦးမှ တစ်ဦးသို့ မကူးစက်တတ်ပါ။ ကင်ဆာ ရောဂါကိုလည်း မဖြစ်စေပါ။

Risk factors

ငါ့ဆီမှာ Psoriasis (အရေပြားလေးဘက်နာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အရေပြား လေးဖက်နာ ဖြစ်နိုင်ချေကို မြင့်စေသော အ ချို့အချက်များမှာ-

  • ပြဲရာ၊ ရှရာ၊ အင်းဆက်ကိုက်ရာ၊ နေလောင်မှု စသော အရေပြား ဒဏ်ရာများ
  • အရက် အလွန်အကျွံသောက်သုံးခြင်း
  • မီးခိုးငွေ့များ
  • စိတ်ဖိစီးမှု
  • ဟော်မုန်းများ ပြောင်းလဲမှု (အထူးသဖြင့် အမျိုးသမီး များတွင် ဥပမာ- ပျိုဖော်ဝင်စနှင့် သွေးဆုံးချိန်)
  • Lithuym, အချို့ငှက်ဖျားဆေးများ၊ ibuprofen, ACEI (သွေးပေါင်ချိန်တက်ရာတွင်သုံး) ၊ Beta Blocker (နှလုံးရောဂါတွင်သုံး) စသော ဆေးများ သောက်သုံးခြင်း
  • လည်ချောင်းနာခြင်း
  • အခြား ကိုယ်ခံအား ချို့ယွင်းမှုများ (ဥပမာ- HIV)

ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား အရေပြားလေးဖက်နာ မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါ သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Psoriasis (အရေပြားလေးဘက်နာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် အရေပြား၊ ခြေသည်းလက်သည်းခွံ၊ ဦး ရေပြား ကိုကြည့်ခြင်းဖြင့် ရောဂါ အဖြေရှာနိုင်ပါသည်။ ရောဂါ အဖြေရှာမှုသည် မရှင်းလင်းပါက အရေပြား တစ်ရှူးစ ထုတ် ယူကြည့်ခြင်းဖြင့် ဆုံးဖြတ်နိုင်ပါသည်။

Psoriasis (အရေပြားလေးဘက်နာ) ကို ဘယ်လိုကုသပါသလဲ

အရေပြားလေးဖက်နာသည် ကုသ၍ မပျောက်ကင်းပါ။ သို့သော် ကုသမှုသည် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင် ပါသည်။

အရေပြားလေးဖက်နာ ဖြစ်စေသော အရာများကို ရှောင်ကြဉ်ပါ။ သောက်သုံးရန် ညွှန်ကြားထားသော ဆေးဝါး များ အသုံးပြုခြင်း သည် ရောဂါလက္ခဏာများကို ထိန်းချုပ်ပြီး နည်းပါးစေပါသည်။ အထွေထွေလုပ်ငန်းများတွင် အရေပြား သန့်ရှင်းမှု၊ အရေပြား ထိခိုက်ဒဏ်ရာရမှု နှင့် ခြောက်သွေ့မှု ကို ရှောင်ရှားခြင်း၊ သင့်တော်သော နေရောင်ဖြင့်သာ ထိတွေ့ခြင်း၊ အုတ်ဂျုံမှုန့်ဖြင့် ရေချိုးခြင်းတို့ ပါဝင်သည်။ မပြင်းထန်သော အရေပြားလေးဖက်နာ၏ ကုသမှုတွင် ကတ္တ ရာ စေးပါဝင်သော လိမ်းဆေးများ၊ လိုးရှင်းများ၊ ရှန်ပူများ၊ ဆီ ပါသည့် လိမ်းဆေးများ အသုံးပြုခြင်းတို့ ပါဝင်သည်။ ထိုလိမ်း ဆေးများသည် ရောင်ရမ်းခြင်း၊ အကြေးခွံထခြင်း၊ ယားယံခြင်း များကို သက်သာစေပါသည်။ အပေါ်ယံအရေပြားတွင် လိမ်း ရသော စတီးရွိုက် နှင့် အခြားအရောင်ကျဆေးများကို မပြင်း ထန်သော ရောဂါအခြေအနေများတွင် အသုံးပြုနိုင်ပြီး ပြင်း ထန်သော အခြေအနေများတွင် ပေါင်းဖက်၍ သုံးနိုင်ပါသည်။

အခြားကုသမှုများတွင် သတ္ထုဆီ ပါဝင်သော salicylic acid, PUVA ( psoralem, ခရမ်းလွန်ရောင်ခြည် အေ နှင့် ထိ တွေ့ခြင်း)၊ ကိုယ်ခံအား ကျစေသော ဆေးများ (ဥပမာ- methotrexate, isotretinoin)၊ Antihistamines (ယားယံ ခြင်းအတွက်)၊ ပဋိဇီဝဆေး (ဒုတိယတန်းစား ဘတ်တီးရီး ယား ကူးစက်မှုများ) တို့ပါဝင်ပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အရေပြားလေးဖက်နာ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အရေပြားလေးဖက်နာ ကို ထိန်းချုပ်နိုင် ပါသည်။

  • ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးသောက်ပါ။
  • ဆရာဝန်အား သင်၏ ဆေးများအားလုံး အကြောင်း ပြောပြပါ။ (အလွယ်တကူ ဝယ်ခဲ့သော ဆေးများ အပါအဝင်)
  • အရေပြားကို နေရောင် အနည်းငယ်ထိတွေ့ပါ။
  • အရေပြားကို သန့်ရှင်းကျန်းမာအောင် ထိန်းသိမ်းပါ။
  • ဆရာဝန်နှင့် တွေ့ဆုံမှုများကို ပုံမှန်ပြုလုပ်ပါ။
  • သက်သာမှုနှင့် ဘတ်တီးရီးယားကူးစက်မှုများ အတွက် အရေပြားကို စောင့်ကြည့်နေပါ။ အရေပြား အနာဝန်းကျင်တွင် နီရဲခြင်း၊ ပြည်တည်ခြင်း၊ ပြန်ရည် ကြော အဖုများ နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း၊ အဖျားတက်ခြင်းတို့သည် ရောဂါ လက္ခဏာများ ဖြစ်သည်။
  • အရေပြားအနာများနှင့် အရေပြားခြောက်သွေ့ခြင်း ကို မဖြစ်ပါစေနှင့်။ ၎င်းတို့သည် ကူးစက်ပျံ့နှံ့မှုကို ဖြစ်စေပါသည်။

အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်ကို အကြောင်းကြားပါ။

  • ရောဂါလက္ခဏာများ ပေါ်လာပါက
  • အနာများ ပိုဆိုးလာပါက သို့မဟုတ် ကုသမှုခံယူရင်း အနာအသစ်များ စတင်ပေါ်လာပါက
  • အရေပြားပေါ်တွင် ပြည်ဖုများပေါက်ခြင်း၊ အဖျား တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်နာခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ် ပေါ်ပါက

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Translated by Zin Wai Yan Linn

Hello Health Group does not provide medical advice, diagnosis or treatment.

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement