အဓိပ္ပါယ်ဖွင့်ဆိုချက်
Coccidioidomycosis (ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း) ကဘာလဲ။
ကော့ဆီဒီအွိုက်ဆိုတဲ့မှိုကြောင့်ဖြစ်တဲ့ ကူးစက်ပိုးဝင်ြ်ခင်းဖြစ်ပါတယ်။ မှိုပိုးက အမေရိကန်အနောက်တောင်ပိုင်း၊ မက်ဆီကိုဒေသအချို့၊ နဲ့ အမေရိကတိုက်အလယ်ပိုင်းနဲ့တောင်ပိုင်း မြေကြီးထဲမှာပေါက်ဖွားရှင်သန်ကြပါတ်ယ။ ဝါရှင်တန်တောင်ပိုင်းအလယ်ပိုင်းမှာလည်း မကြာသေးမီကတွေ့ရှိခဲ့ပါသေးတယ်။
လေထဲမှာပျံလွင့်နေတဲ့မှိုပိုးတွေကို ရှူရှိုက်မိခြင်းဖြ်င့် ရောဂါရနိုင်ပါတယ်။ လူအများစုမှာတော့ ရှူလိုက်ခြင်းဖြင့် ရောဂါမရတတ်ကြပါဘူး။ ဖျားနာခြင်းဖြစ်သွားတဲ့လူနာတွေမှာလည်း သိတင်းပတ်အတွင်းလပိုင်းအတွါင်း သူ့ဘာသာပျေကာ်သါားတတ်ပါတယ်။ အချို့မှာတေ့ မှိုပိုးတိုက်ထုတ်ပေးတဲ့ဆေးလိုအပ်ပါတယ်။
အချို့လူတွေမှာ ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်နိုင်ချေ အရမ်းများပါတယ်။ ဒီမှိုပိုးပေါများတဲ့နေရာပတ်ဝန်းကျင်တွေါမှာဆိုရင် ထိတွေ့မှုကနေကာကွယ်ဖို့ခက်ခဲပါတယ်။ ဒါပေမယ့် ပြင်းထန်ဖျားနာခြင်းဖြစ်နိုင်ချေများသူတွေါမှာတော့ ထိုဒေသတွေါမှာရှိနေတယ်ဆိုရ်င ဖုန်အများကြီးမရှူမိအောင် ရှောင်နိုင်ဖို့ကြိုးစားသင့်ပါတယ်။
Coccidioidomycosis (ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အမေရိကန်အနောက်တောင်ပိုင်းဒေသများ ( အေရီဇိုနား၊ ကယ်လီဖိုးနီးယား၊ နီဗာဒါ၊ နယူးမက်ဆီကို၊ တက္ကဆက်၊ ယူတက်ရှ်) ၊ မက္ကဆီကိုဒေသအချို့နဲ့ အမေရိကတိုက်တောင်ပိုင်းတွေမှာ နေထိုင်သူတွေ သွားရောက်လည်ပတ်သူတွေမှာ ရောဂါရနိုင်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အသက်၆၀နဲ့အထက်တွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Coccidioidomycosis (ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ကူးစက်ခံရတဲ့လူတော်တော်များများမှာ လက္ခဏာပြတာရှားပါတယ်။ အခြားလူတွေမှာ တုပ်ကွေးလက္ခဏာတွေပြတတ်ပေမယ့် သီတင်းပတ်အတွင်းလပိုင်းအတွင်း သက်သာပျောက်ကင်းသွားပါတယ်။ လက္ခဏာတွေက တစ်ပတ်ထက်ပိုကြာမယ်ဆိုရင် အချက်အလက်များထပ်မံသိရှိဖို့အတွါက် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူနဲ့ ဆက်သွယ်ပြသသင့်ပါတယ်။
ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-
- မောပန်းခြင်း
- ချောင်းဆိုးခြင်း
- ဖျားခြင်း
- အသက်ရှူမဝခြင်း
- ခေါင်းကိုက်ခြင်း
- ညဘက်ချွေးထွါက်ခြင်း
- ကြွက်သားများအဆစ်များနာခြင်း
- ခန္ဓါကိုယ်အထက်ပိုင်းသို့ခြေထောက်များတါင် အဖိမ့်များထခြင်း
- အလွန်ကိုရှားပါးတဲ့ကိစ္စတွေါမှာတော့ မှိုပိုးတွေါက အနာ၊ ရှနာတွေကတစ်ဆင့် အရေပြားကိုဝင်ရောက်ပြီး ကူးစက်ပိုးဝင်ခြင်းကိုဖြစ်စေပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
စောစောသိပြီးကုသိမှုပေးခြင်းက အခြေအနေကိုပိုမဆိုးအောင်နဲ့ အခြားအရေးပေါ်အခြေအနေတွေါကနေ ကာကွယ်ပေးနိုင်တာောကာင့် ဆရာဝန်နဲ့တတ်နိုင်သမျှမြန်မြန်ပြသင့်ပါတယ်။်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Coccidioidomycosis (ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ကော့ဆီဒီအွိုက် အိုင်မီအိုက်တစ် သို့ ကော့ဆီဒီအွိုက် ပိုဆာဒါဆီ က တောင်ပိုင်းအေရီဇီုနား၊ နီဗာဒါ၊ အနောက်ပိုင်းမက္ကဆီကိုနဲ့ ကယ်လီဖိုးနီးယား စန်ဂျိုဝါကွင်ချိုင့်ဝှမ်းဒေသတွေရဲ့ ခြောက်သွေ့တဲ့သဲကန္တရတွေမှာ ရှင်သန်ပါတယ်။ ဆောင်းရာသီနဲ့ ခြောက်သွေ့တဲ့နွေဥတုဒေသတွြေဖ်စတဲ့ နယူးမက္ကဆီကို၊ တက္ကဆက်၊ နဲ့ အမေရိကတောင်ပိုင်းနဲ့အလယ်ပိုင်းတွေမှာ ရှင်သန်ပါတယ်။
အခြားမှိုပိုးတွေလိုပဲ ဒီမျိုးစိတ်ကလည်း ရှူပ်ထွေါးအဆင့်မြင့်တဲ့သက်တမ်းစက်ဝန်းရှိပါတယ်။ မြေကြီမှာ အမျှင်ရှည်ပါတဲ့မှိုအနေနဲ့ကြီးထွါားပြီး မြေဆီလွှာပျက်စိးသွါားတဲ့အခါမှာ လေမှာလွင့်နိုင်တဲ့စပိုးတွေါအဖြစ်ပြိုကွဲသွားပါတယ်။
ဖြစ်နိုင်ခြေများ
Coccidioidomycosis (ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-
အမေရိကန်အနောက်တောင်ပိုင်းဒေသများ ( အရီဇိုနား၊ ကယ်လီဖိုးနီးယား၊ နီဗာဒါ၊ နယူးမက်ဆီကို၊ တက္ကဆက်၊ ယူတက်ရှ်) ၊ မက္ကဆီကိုဒေသအချိုပ၊ နဲ့ အမေရိကတိုက်တောင်ပိုင်းတွေါမှာ နေထိုင်သူတွေ သွားရောက်လည်ပတ်သူတွေမှာ ရောဂါရနိုင်ပါတယ်။
အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အသက်၆၀နဲ့အထက်တွေမှာ ပိုအဖြစ်များပါတယ်။
- ပြင်းထန်ဖျားနာခြင်းဖြစ်နိုင်ချေများသည့်လူများ
- ခုခံအားကျဆင်းအားနည်းနေသည့်လူများ (ဥပမာ အိတ်ခ်ျအိုင်ဗီအေအိုင်ဒီအက်စ်လူနာများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးထားသည့်လူနာများ၊ ကော်တီကိုစတီးရွိုက်ဆေးသောက်ခြင်း၊ တီအန်အက်ဖ်ကိုတားသည့်ဆေးများ)
- ကိုယ်ဝန်ဆောင်သည်များ
- ဆီးချိုရောဂါသည်များ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Coccidioidomycosis (ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်ကသံသယရှိမယ်ဆိုရင် ကိုယ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေနဲ့ အခြားစစ်ဆေးမှုအချို့ကို ပြုလုပ်ပေးပါလိမ့်မယ်။ အသုံးအများဆုံးနည်းကတော့ သွေးဖောက်ပြိးသွေးနမူနာကို ဓါတ်ခွဲခန်းကိုပို့ကာ ကော်ဆီဒီအွိုက်ပဋိလှုံ့ပစ္စည်းများ ပဋိပစ္စည်းများရှာခြင်းဖြ်စပါတယ်။
ရင်ဘတ်ဓါတ်မှန်ရိုက်ြခ်င်း အဆုတ်စီတီစကန်ဖတ်ခြင်းစတဲ့ ပုံရိပ်ဖော်ခြင်းနည်းများဖြင့် အဆုတ်ရောင်ခြင်းကိုစမ်းသပ်ရှာဖွေပါတယ်။ တစ်ရှူးနမူနာယူပြီး အနုကြည့်မှန်ဘီလူးအောက်မှာ စစ်ဆေဆးကြည့်ရှူခြင်းကိုလည်း လုပ်ဆောင်ပါလိမ့မယ်။ ဓါတ်ခွဲခြင်းဖြင့် အကောင်များ ခန္ဓါိကိုယ်အရေည်များ၊ တစ်ရှူများထဲမှာ ကြီးထွါားနေမနေတွေ့ရပါတယ်။
Coccidioidomycosis (ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
လူအများစုအတွက်တော့ လအနညးငယအတွင်း ကုသမှုပေးစရာမလိုဘဲပျောက်ကင်းသွားတတ်ပါတယ်။
ကျန်းမာရေးတာဝနရှိသူတွေက မှိုပိုးတိုက်ထုတ်သည့်ဆေးများကို လက္ခဏာပြင်းထန်မှုကိုလျှော့ချရန်ဒါမှမဟုတ် ပိုမဆိုးလာအောင်ကာကွယ်ရန် ပေးပါတယ်။ ပြင်းထန်ဖျားနာခြင်း ဖြစ်နိုင်ချေများသူတွေကို ပေးလေ့ရှိပါတယ်။ ကုသမှုက ဖလူကိုနာဇီုးသို့ အခြားအမျိုးအစားကို ၃လကနေ၆လပေးလေ့ရှိပါတယ။် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူက Valley feverကိုအထူးကုသမှုပေးတဲ့ အခြားဆရာဝန်ဆိကိုသွားပြဖို့ အကြံပေးပါလိမ့်ယ်။
ပြင်းထန်အဆုတ်ကူးစက်ပိုးဝင်ခြင်းနဲ့ အခြားအစိတ်အပိုင်ေးတွကိုကူးစက်ပျံ့နှံ့သွးတဲ့လူနာတွေမှာ မှိုပုးကိုတိုက်ထုတ်ပေးတဲ့ကုသမှုလိုကိုလိုပါတယ်။ ဆေးရုံတက်ဖို့လည်း လိုနိုင်ပါတယ်။ ဒီအမျိုးအစားကူးစကိပိုးမှာဆိုရင် ကုသမှုကာလက၆လထက်ပိုကြာလေ့ရှိပါတယ်။ ချိုင့်ဝှမ်းအဖျားကနေ ဦးနှောက်အမြှေးပါးရောင်ခြင်းက မကုသဘူးဆိုရင် သေစေနိုင်ပါတယ်။ သက်တမ်းတစ်လျှောက်ကုသမှုလည်း လိုအပ်နိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကCoccidioidomycosis (ကော့ဆီဒီအွိုက်မှိုကူးစက်ပိုးဝင်ခြင်း)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ချိုင့်ဝှမ်းအဖျားအဖြစ်များတဲ့ဒေသတွေမှာ နေမယ်ဆိုရ်ငသို့ အလည်အပတ်သွာမယ်ဆိုရင် အထူးသဖြင့် ကူးစက်ပိုးကူးနိုငချေအများဆုံးဖြစ်တဲ့နွေရာသိမှာဆိုရင် အကာအကွယ်များယူသွားပါ။ နှာခေါင်းစည်းစည်းခြင်ါ်၊ သဲမုန်တိုင်းကျနေချိန်တွါင် အိမ်အတွင်းမှာသာနေခြင်း၊ မြေမတူးခင် အရင်စွတ်စိုအောင်ပြုခြင်း၊ တံခါးမကြီးများနဲ့ပြတင်းပေါက်များကို စေ့နေအောင်ပိတ်ခြင်းတို့ဖြစ်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။