အရေပြားကင်ဆာ – နေလောင်ဒဏ်ခံခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 2 mins read
Share now

လူအတော်များများက အသားအရောင်ရင့်တာဟာ ကောင်းမွန်တဲ့ ကျန်းမာရေးရဲ့ လက္ခဏာလို့ သတ်မှတ်တတ်ကြပါတယ်။ တကယ်လို့ သင်က နေပူစာ လှုံတာ၊ အသားအရောင်ရင့်တာ သဘောကျတဲ့သူဆိုရင် သင့်မှာ အရေပြားကင်ဆာ ဖြစ်နိုင်ချေ များနိုင်ပါတယ်။ အရေပြားကင်ဆာ အပါအဝင် ကျန်းမာရေး ပြဿနာများကို ရှောင်ရှားဖို့ နေရောင်ခြည်နဲ့ အလွန်အကျွံထိတွေ့မှုရဲ့ ထိခိုက်မှုတွေကို သိထားရပါမယ်။

အရေပြားကင်ဆာဟာ နေပူစာလှုံတာကို အတော်မက်မောတဲ့ လူတွေရှိတဲ့ အနောက်တိုင်းနိုင်ငံတွေမှာ အဖြစ်များဆုံး ကင်ဆာပုံစံလို့ သတ်မှတ်ကြပါတယ်။ အရေပြားကင်ဆာဟာ အကျိတ်တွေရဲ့ ဆဲလ်တွေ အထိန်းအကွပ်မဲ့ ကြီးထွားလာတာကြောင့် ဖြစ်ရတာပါ။ အဲ့ဒါက ကင်ဆာမဟုတ်တာ (Benign) သို့မဟုတ် ကင်ဆာ (Malignant) ဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာကို အဓိကဖြစ်စေတာ နေရဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားအမျှင် (Elastin) ကို ဆိုးဆိုးရွားရွား ပေါက်ပြဲစေတာကြောင့်ပါ။ Elastin ဆုံးရှုံးတာရဲ့ ပထမဆုံး လက္ခဏာကတော့ အရေပြား ရော့ရဲလာတာပဲ ဖြစ်ပါတယ်။ ပိုပြင်းထန်တဲ့ကိစ္စတွေမှာ အရေပြားဟာ အလွယ်တကူ အနာတရ ရတာတွေ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို နေလောင်တာလို့ လူသိများပါတယ်။

နေလောင်တယ်ဆိုတာ နေရောင်ခြည်အောက်မှာ ဘာအကာအကွယ်မှ မပါပဲ အတော်ကြာကြာနေတဲ့သူတွေမှာ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အခြေအနေပါ။ တကယ်လို့ သင့်အရေပြားက ပန်းရောင် သို့မဟုတ် အနီရောင်ဖြစ်နေတာကို သတိထားမိရင် ဒါက နေလောင်တဲ့ လက္ခဏာပါ။ ပိုပြီး ပြင်းထန်တဲ့ အခြေအနေမှာ နေလောင်တဲ့နေရာတွေကနေ အရည်ကြည်ဖု ထွက်တာတွေ၊ အရေပြား ကွာတာတွေ ဖြစ်တတ်ပါတယ်။ နေရဲ့ ခရမ်းလွန်ရောင်ခြည်က သင့်အရေပြားဆဲလ်မှာရှိတဲ့ DNA ကို ထိခိုက်ပျက်စီးစေပါတယ်။ ပျက်စီးတာ များလာတဲ့အခါ ဆဲလ်တွေက စတင်ပြီး အထိန်းအကွပ်မဲ့ ကြီးထွားလာပါလိမ့်မယ်။ ဒါက အရေပြားကင်ဆာ ဖြစ်စေလာနိုင်ပါတယ်။

နေရောင်ခြည်ကနေ ကျွန်တော်တို့ အရေပြားကို ဘယ်လို ကာကွယ်ရမလဲ။

အရိပ်အောက်မှာ နေပါ – Lightening Treatment လုပ်နေစဉ်မှာ ထီးဆောင်းတာ၊ အပင်ရိပ် သို့မဟုတ် တခြားအရိပ်အာဝါသအောက်မှာ ခိုနားခြင်းက သင့်အရေပြား ပျက်စီးခြင်းကို လျှော့ချနိုင်ပါတယ်။

နေပူခံလိမ်းဆေးလိမ်းခြင်း – နေရောင်ခြည်ကာကွယ်ခြင်း အညွှန်းကိန်း (SPF) ၃၀ နဲ့ အထက်၊ UVA နဲ့ UVB ကာကွယ်နိုင်တဲ့ နေပူခံလိမ်းဆေးကို အသုံးပြုပါ။ သင့်ကို ချွေးထွက်စေတဲ့ အိမ်အပြင်က အလုပ်တွေလုပ်ခြင်း သို့မဟုတ် ရေကူးပြီးနောက်၊ နေရောင်အောက်မှာ ၂နာရီထက်ပိုပြီး နေရရင် နေပူခံလိမ်းဆေး ထပ်လိမ်းပါ။ ဒါ့အပြင် လိမ်းဆေးရဲ့ သက်တမ်းကုန်မယ့်ရက်ကို သတိပြုသင့်ပါတယ်။ သက်တမ်းကုန်မယ့်ရက်မပါတဲ့ လိမ်းဆေးတွေမှာ ၃နှစ်ထက် မပိုတဲ့ အရည်အသွေးသက်တမ်း ပါတတ်ပါတယ်။ အပူချိန်များတဲ့နေရာမှာ ထားရင် အဲ့သက်တမ်းက ပိုလျော့ကျသွားမှာပါ။

သင့်တော်တဲ့ အဝတ်အစားနဲ့ ဦးထုပ်ကို ရွေးချယ်ခြင်း – အဝတ်အစား ဝတ်ဆင်ခြင်းက အရေပြားကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ နောက်ထပ် ရွေးချယ်စရာ ဖြစ်ပါတယ်။ ချည်နဲ့ ရက်လုပ်ထားတဲ့ အင်္ကျ ီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ရွေးချယ်သင့်ပါတယ်။ ဒီအဝတ်အစားတွေက နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်တွေကို အကောင်းဆုံးကာကွယ်မှု ပေးပါတယ်။ ဒါ့အပြင် စိုတဲ့ တီရှပ်တွေက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့နေရာမှာ ခြောက်တဲ့ တီရှပ်တွေထက် လျော့နည်းပါတယ်။ အရောင်ရင့်တာက အရောင်နုတာထက် ကာကွယ်မှု ပိုပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာ၊ ဦးခေါင်း၊ နား နဲ့ လည်ပင်းတို့ကို အရိပ်ရဖို့ လျှာထိုးကြီးကြီးနဲ့ ဦးထုပ်ကို ဆောင်းသင့်ပါတယ်။ canvas လိုမျိုး ချည်သားတွေက သင့်အရေပြားကို ခရမ်းလွန်ရောင်ခြည်တွေကနေ အကောင်းဆုံး ကာကွယ်ပေးပါတယ်။ နေရောင်ခြည် ဖောက်ဝင်နိုင်တဲ့ အပေါက်တွေပါတဲ့ ကောက်ရိုးဦးထုပ်တွေကို ရှောင်ပါ။

နေကာမျက်မှန်များ – နေကာမျက်မှန်တွေက သင့်မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်မထိအောင် ကာကွယ်ပေးရုံတင်မကပဲ သင့်မျက်လုံးပတ်လည်က နူးညံ့တဲ့ အရေပြား ဧရိယာတွေကို နေမလောင်အောင်လည်း ကာကွယ်ပေးပါတယ်။ ပတ်ပတ်လည် ကာထားတဲ့ နေကာမျက်မှန်တွေက UVA နဲ့ UVB ကို ၁၀၀% နီးပါး တားဆီးပေးပါတယ်။ UVA ရော UVB ပါ တားဆီးပေးနိုင်တဲ့ နေကာမျက်မှန်တွေက အကောင်းဆုံး အကာအကွယ်ကို ပေးနိုင်ပါတယ်။

သမားတော်အတော်များများက နေပူတဲ့ ဘယ်အချိန်ပဲ အပြင်ထွက်ထွက်၊ ဆောင်းဦး၊ ဆောင်းနှောင်း သို့မဟုတ် ကောင်းမွန်တဲ့ ရာသီဥတုမှာတောင်မှ ကျွန်တော်တို့ရဲ့ အရေပြားကို ကာကွယ်ဖို့ ညွှန်ကြားထားတာပါ။ နေလောင်ခြင်းရဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို သိထားခြင်းက သင့်ကို အရေပြားကင်ဆာအတွက် ပိုကောင်းတဲ့ ကြိုတင်ကာကွယ်မှုတွေ ရဖို့ ကူညီပေးမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတာ စိုးထိတ်မိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

နေရောင်ခြည် က စိတ်ကျရောဂါကို သက်သာစေခြင်း၊ ဗီတာမင်ဒီရရှိခြင်း စတဲ့ကောင်းကျိုးတွေရှိသလို မျက်စိထိခိုက်ခြင်း၊ အသားအရေထိခိုက်ခြင်းစတဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read
အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read
ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 1 min read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read