backup og meta

DHT ဟော်မုန်းကို တားမြစ်ပေးပြီး ဆံပင်သန်စေမည့် အစားအသောက် ၆ မျိုး

DHT ဆိုတာကတော့ Dihydrotestosterone ဟော်မုန်းကို အတိုကောက်ခေါ်ဝေါ်တာဖြစ်ပြီး အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါဟော်မုန်းဟာ တက်စတိုတုန်းဟော်မုန်းနဲ့ ဆင်တူပါတယ်။

သင့်ကိုယ်ခန္ဓာဟာ တက်စတိုစတီရုန်းဟော်မုန်းရဲ့ ၅ရာခိုင်နှုန်းခန့်ကို 5-Alpha redustase လို့ခေါ်တဲ့ အင်ဇိုင်းကို အသုံးပြုပြီး DHT အဖြစ် ပြောင်းလဲပါတယ်။ အစားအစာတချို့ဟာ အဆိုပါအင်ဇိုင်းကို တားဆီးပေးပြီး DHT ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် သဘောတရားအရ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ DHT ဟော်မုန်းကို တားဆီးပေးပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် အစားအသောက်တွေပဲ ဖြစ်ပါတယ်။

၁။ Green Tea

Green Tea မှာ epigallocatechin gallate (EGCG) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဆိုပါ EGCG ဟာ ကိုယ်အလေးချိန်ထိန်းပေးခြင်း၊ နှလုံးနဲ့ဦးနှောက်ကို အကျိုးပြုခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ဆံပင်မွေးညင်းပေါက်တွေကိုလည်း ကောင်းစွာဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် ဆံပင်များကို သန်စွမ်းစေပါတယ်။

လက်ဖက်စိမ်းအခြောက်ကို ရေနွေးထဲထည့်သောက်နိုင်သလို လက်ဖက်စိမ်းအနှစ်ကို ခေါင်းမှာ လိမ်းပေးနိုင်ပါတယ်။ ဦးရေပြားမှာ လိမ်းပေးပြီး နှိပ်နယ်ရင် EGCG ကြောင့် ဆံပင်များကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။

၂။ အုန်းဆီ

အုန်းဆီဟာ အရေပြား၊ ဦးရေပြားအတွက် အကျိုးပြုသလို ဆံပင်များ သန်စွမ်းနက်မှောင်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

အုန်းဆီမှာ လော်ရစ်အက်ဆစ်လို့ခေါ်တဲ့ ဓာတ်တမျိုးပါဝင်ပါတယ်။ လော်ရစ်အက်ဆစ်ဟာ DHT ဟော်မုန်း ထုတ်လုပ်ခြင်းကိုလျော့နည်းစေတာကြောင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ ဦးရေပြားရဲ့ အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

၃။ ကြက်သွန်နီ

ကြက်သွန်နီမှာ ကွာစီတင် (quercetin) လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုး ကြွယ်ဝပါတယ်။ ကွာစီတင်ဟာလည်း 5-Alpha reductase အင်ဇိုင်းကို တားဆီးပေးနိုင်တာကြောင့် ဓာတ်တိုးဖိစီးမှုကို လျော့နည်းစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။

ကြက်သွန်တီလိုပဲ ကွာစီတင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများကတော့ ကညွတ်၊ ဟင်းနုနွယ်၊ ပန်းသီး၊ ဘယ်ရီသီး စတာတွေပဲ ဖြစ်ပါတယ်။

၄။ နနွင်း

နနွင်းကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြသလို ဆေးဘက်ဝင်ပစ္စည်းအနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။ နနွင်းမှာ အဆစ်ရောင်ခြင်းကို သက်သာစေခြင်း၊ ကိုလက်စထရောကို ကျဆင်းစေခြင်း စတဲ့အာနိသင်တွေလည်း ရှိပါတယ်။ အဆိုပါအာနိသင်များဟာ နနွင်းမှာပါဝင်တဲ့ ကာကူမင် (Curcumin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ကာကူမင်ဟာလည်း DHT ကို လျှော့ချပေးနိုင်တဲ့အတွက် ဆံပင်ကျွတ်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဖရုံစေ့

ဖရုံသီးရဲ့ အစေ့တွေမှာ သံဓာတ်၊ ဇင့်၊ မဂ္ဂနီဆီယမ် စတဲ့ အာဟာရဓာတ်များစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ကြွယ်ဝပါတယ်။ ဖရုံစေ့ကနေ ထုတ်လုပ်လိုက်တဲ့ အဆီဟာလည်း ဆံပင်များကို သန်စွမ်းစေပါတယ်။

သုတေသနတခုရဲ့ဖော်ပြချက်အရ ဆံပင်အကျွတ်များသူ အမျိုးသားများဟာ ရွှေဖရုံစေ့ဖြည့်စွက်စာအားဆေး ၄၀၀ မီလီဂရမ်ကို ၆လခန့် နေ့စဉ် သောက်သုံးပြီးနောက် ဆံပင်ကျွတ်ခြင်းသက်သာတဲ့အပြင် ဆံပင်များ ပြန်လည်သန်စွမ်းလာစေနိုင်ကြောင်း တွေ့ရှိရပါတယ်။

၆။ ဂျပန်ပဲစိမ်း

ဂျပန်ပဲစိမ်းကို သရေစာအနေနဲ့ရော စားမြိန်စာအနေနဲ့ပါ စားသုံးကြပါတယ်။ ပရိုတင်း နဲ့ အမျှင်ဓာတ်တွေအပြင် isoflavone လို့ခေါ်တဲ့ ဓာတ်တမျိုးပါဝင်ပါတယ်။ အဆိုပါ isoflavone ဟာလည်း DHT ဟော်မုန်းပမာဏကို လျှော့ချပေးနိုင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/dht-blocker-foods Accessed Date 3 September 2020

ယခုပုံစံ

02/08/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဟော်မုန်း မညီမျှမှု ဖြစ်နေပြီလား?

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement