စပျစ်စေ့အဆီဟာ သံလွင်ဆီ၊ အုန်းဆီတို့လိုပဲ ဆံကေသာကို အားဖြည့်ပေးနိုင်ပါတယ်။ ၎င်းကို ဦးရေပြားက စုပ်ယူနိုင်စွမ်းပိုကောင်းပြီး ဗောက်ပျောက်စေပါတယ်။ စပျစ်စေ့အဆီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကြွယ်ဝပါတယ်။ စပျစ်အစေ့နဲ့အခွံမှာ ဆံသားမခြောက်သွေ့အောင်ထိန်းသိမ်းပေးမယ့် fatty acids နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။