home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဒိန်ချဉ်လေးနဲ့ ဆံပင်အမြန်ပေါင်းတင်နည်း မှတ်စု

ဒိန်ချဉ်လေးနဲ့ ဆံပင်အမြန်ပေါင်းတင်နည်း မှတ်စု

ဆံပင်ကျွတ်လို့၊ ဆံပင်ပါးနေလို့၊ ဆံပင်ပျက်စီးနေလို့၊ ဆံပင်အဖျားနှစ်ခွ သုံးခွတွေဖြစ်နေလို့ သက်သာစေမယ့် ဆေးစွမ်းကောင်းတွေရှာနေကြတာနေရာတိုင်းမှာတွေ့နေရပါတယ်နော်။ ဒီခေါင်းလျှော်ရည်ကောင်းတယ်ဆို ဝယ်သုံးလိုက်၊ ဟိုဆေးလေးကကောင်းတယ်ဆိုပြီး ဝယ်လိမ်းလိုက်နဲ့နည်းတွေလည်းစုံနေရောပေါ့။ ဒါပေမယ့်အခုပြောပြမယ့်နည်းလေးတွေက အကုန်အကျလည်းသက်သာတယ်၊ဘေးဖြစ်စေမယ့်အရာလည်းတစ်ခုမှမပါဘူး၊ အာနိသင်လည်းထိရောက်တယ်။ လွယ်တာမှလည်း လွယ်လွယ်လွယ်နဲ့တောင်မြည်နေဦးမယ်။

ကိုယ်တွေ စားနေကျ အစားအသောက်တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကိုပဲ ပင်တိုင်ထားပြီး ကြိုက်တဲ့နည်းနဲ့ပေါင်းတင်ကြည့်ရုံပဲ။ ဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းတယ်၊ အာဟာရဓာတ်တွေပါလို့ အသားအရေအတွက်ပါကောင်းတယ်၊ အခုဆံပင်အတွက်ဆိုလည်း အားဖြည့်ပေးမယ့်ဆေးစွမ်းကောင်းတစ်လက်ဖြစ်နေပြန်ပါတယ်။ ဆံပင်အတွက် ဘာတွေကောင်းလဲဆိုတော့ –

  • ဦးရေပြားမှာ မှိုပိုးသန့်စင်စေတဲ့အာနိသင်ကြောင့်ဗောက်ပျောက်စေတယ်
  • ဆံသားကို အစိုဓာတ်ကြာကြာထိန်းပေးနိုင်တယ်
  • ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကိုသက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်)
  • အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဦးရေပြားရဲ့ pH အဆင့်ကို ထိန်းပေးတယ်
  • အေးမြစေတဲ့အာနိသင်ရှိလို့ ဦးရေပြားမှာပြဿနာရှိနေရင်တောင် သက်သာစေတယ်

ဆံသားအတွက် ဒိန်ချဉ်ကို ဘယ်လိုအသုံးချမလဲ

ကဲ ဆံသားကို ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အားဆေးလေးတွေ ဘယ်လိုဖော်စပ်မလဲ။ ဆက်ကြည့်ရအောင် –

ကြက်ဥနဲ့ ဒိန်ချဉ်

  • ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံးကိုထည့်ခေါက်ပါ။
  • ဒိန်ချဉ် စားပွဲတင်ဇွန်းနှစ်ဇွန်းထည့်ပြီး ပျစ်နှစ်လာအောင်မွှေခေါက်ပါ။
  • ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀လောက်ထားပါ။ (ဆံပင်အားလုံးကို လိမ်းနိုင်ရင်ကောင်းပါတယ်)
  • ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ချလိုက်ရုံပဲ။
  • ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်လို့ရပါတယ်။

ငှက်ပျောသီးနဲ့ ဒိန်ချဉ်

  • ပန်းကန်လုံးထဲကို ငှက်ပျောသီးမှည့်တစ်ခြမ်းကိုထည့်ချေပါ။
  • ချေတာညက်သွားပြီဆိုရင် ဒိန်ချဉ် တစ်ဇွန်း၊ ပျားရည်သုံးဇွန်း၊သံပရာရည်တစ်ဇွန်းထည့်ပါ။ ဆက်မွှေပါ။
  • ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀လောက်ထားပါ။
  • ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ပါ။

သံလွင်ဆီနဲ့ ဒိန်ချဉ်

  • ပန်းကန်လုံးထဲမှာ သံလွင်ဆီနဲ့ဒိန်ချဉ်တစ်ဇွန်းစီကိုထည့်မွှေပါ။
  • မတ်ခွက်တစ်လုံးထဲမှာ သံပရာရည်တစ်ဇွန်းနဲ့ရေနှစ်ခွက်ကိုရောထားပါ။
  • ခေါင်းလျှော်ရည်နဲ့ပုံမှန်အတိုင်းခေါင်းလျှော်ပြီး ဆံပင်ကိုရေညှစ်ထားပါ။
  • ဒိန်ချဉ်အရောအနှစ်ကို ဆံသားမှာလိမ်းပြီး မိနစ် ၂၀ ထားပါ။
  • ကြက်သီးနွေးရေလေးနဲ့ဆေးကြောပါ။
  • နောက်ဆုံးမှ ခုနက သံပရာရည်အရောကိုလောင်းချပါ။
  • ဒါလည်း တစ်ပတ်နှစ်ကြိမ်လုပ်လို့ရတယ်။

ပျားရည်နဲ့ ဒိန်ချဉ်

  • ဒိန်ချဉ်ဇွန်းတစ်ဝက်၊ ပျားရည်တစ်ဇွန်း၊ ပန်းသီးရှာလကာရည်တစ်ဇွန်းကိုရောပြီးအနှစ်ဖြစ်အောင်မွှေပါ။
  • ဆံပင်အရင်းကနေ ထိပ်ဖျားလေးတွေအထိ စိမ့်ဝင်အောင်လိမ်းပါ။
  • မိနစ် ၃၀လောက်နေရင် ရှန်ပူအပျော့စားနဲ့လျှော်ပါ။

ရှားစောင်းလက်ပပ်နဲ့ ဒိန်ချဉ်

  • ရှားစောင်းလက်ပပ်အနှစ် သုံးဇွန်း၊ဒိန်ချဉ်နှစ်ဇွန်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကို အနှစ်ဖြစ်အောင်မွှေပါ။
  • ဦးရေပြားမှာ ၁၅ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။
  • လိမ်းပြီးရင် ဆံပင်အရင်းကနေအဖျားထိ အကုန်နှံ့အောင်ဆက်လိမ်းပြီး ၁၅ မိနစ်ထပ်ထားပါ။
  • ခေါင်းလျှော်ပါ။

ထောပတ်သီးနဲ့ ဒိန်ချဉ်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။