backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း )


Dr. Kaung Thar မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ကဘာလဲ။

လိင်ဆက်ဆံချိန် နာကျင်ခြင်းဆိုတာ အကြောင်းရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ လိင်အင်္ဂါရဲ့ပုံသဏန်မမှန်တာကြောင့်ဖြစ်နိုင်သလို စိတ်ကြောင့်လည်းအများကြီးဖြစ်နိုင်ပါတယ်။ အမျိုးသမီးတော်တော်များများဟာ လိင်ဆက်ဆံချိန်နာကျင်ခြင်းကို တစ်ကြိမ်သို့မဟုတ် တစ်ကြိမ် ကြုံဖူးကြပါတယ်။

လိင်ဆက်ဆံချိန်နာကျင်ခြင်းကို ဆေးပညာအရ ဒစ်(စ) ပါ ရိုး နီး အား (dyspareunia) လို့ခေါ်ပါတယ်။ လိင်ဆက်ဆံချိန်၊ မဆက်ဆံမီ နဲ့ ဆက်ဆံပြီး နာကျင်ခြင်း အားလုံးအကျုံးဝင်ပါတယ်။ လိင်ဆက်ဆံချိန် နာကျင်နေပြီဆိုရင် သင့်ဆရာဝန်နဲက သွားရောက်ပြီး ဆွေးနွေးသင့်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်း၊ နဲ့ ကြုံတွေ့ရတဲ့ အဆင်မပြေမှု ပြသနာတွေကို သက်သာအောင်၊ ပျောက်ကင်းအောင် အဓိက ထားပြီး ကုသမှုတွေပေးရမှာပါ။

Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသမီးတွေမှာသာ အဖြစ်များတတ်ပေမဲ့ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လိင်ဆက်ဆံချိန် နာကျင်ခြင်း ( dyspareunia)လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • လိင်တံ စတင်ထိုးသွင်းချိန်မှသာ နာကျင်ခြင်း
  • ထိမိထိုးမိချိန်တိုင်းနာကျင်ခြင်း၊ လစဉ်သုံးပစ္စည်းအတွင်းသို့သွင်းချိန်တွင်ပင် နာကျင်ခြင်း
  • ယခင်ဆက်ဆံမှုများတွင် နာကျင်မှုမရှိပဲ၊ ရုတ်တရက် စတင်နာကျင်ခြင်း
  • လိင်တံ အားနှင့်ထိုးသွင်းလိုက်တိုင်း နာကျင်ခြင်း
  • ယခင်ဆက်ဆံမှုများတွင် နာကျင်မှုမရှိပဲ၊ ရုတ်တရက် စတင်နာကျင်ခြင်း
  • လိင်တံကို အားနှင့်ထိုးသွင်းခံရချိန်တွင် နာကျင်ခြင်း
  • ပူလောင်ကိုက်ခဲနာကျင်ခြင်း
  • လိင်ဆက်ဆံပြီး နာရီအတော်ကြာ တဆစ်ဆစ်ကိုက်ခဲနေခြင်း

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ရုပ်ပိုင်းဆိုင်ရာကြောင့် လိင်ဆက်ဆံချိန်နာကျင်ခြင်းဟာ စတင်သွင်းချိန် ဒါမှမဟုတ် အားနှင့်ထိုးသွင်းချန်တွေမှာ ဖြစ်တာလားဆိုတာကို မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ စိတ်ခံစားချက်ဟာလည်း dyspareunia ဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ အများကြီးပတ်သက်ပါတယ်။

  • စတင်သွင်းချိန်နာကျင်ခြင်း

စတင်ထိုးသွင်းချိန်နာကျင်ခြင်းဟာ အကြောင်းအရာအများကြီးနဲ့ ဆက်စပ်နိုင်ပါတယ်။

  • ချောမွေ့မှုမလုံလောက်ခြင်း – အစဦးပိုင်း စိတ်နှိုးဆော်ခြင်းကို ကောင်းမွန်စွာမလုပ်တာကြောင့် မကြာခဏဖြစ်တတ်ပါတယ်။ ကလေးမွေးပြီးချိန်၊ ကလေးနို့တိုက်ချိန် နဲ့ သွေးဆုံးပြီး မိန်းမဟော်မုန်း ကျဆင်းချိန်တို့ကြောင့် ချောမွေ့မှုမလုံလောက်ခြင်း ဟာ အများဆုံးဖြစ်တတ်ပါတယ်။
  • အချို့သော ဆေးဝါးများဟာလည်း လိင်စိတ်ကို တားဆီးတာကြောင့် ချောမွေ့မှုနည်းပါးပြီး နာကျင်မှုကိုဖြစ်စေပါတယ်။ စိတ်ကျရောဂါဆေးများ၊ သွေးတိုးကျဆေးများ၊ အန်တီဟစ်စတမင်းဆေးများ၊ ထုံထိုင်းစေသောဆေးများ၊ အချို့သော သနေတားဆေးများဟာ လိင်စိတ်ကိုကျဆင်းစေတဲ့ဆေးများထဲမှာ ပါဝင်ပါတယ်။
  • ထိခိုက်ဒဏ်ရာများ – မတော်တဆမှုများ၊ တင်ပဆုံခွဲစိတ်မှုများ၊ ကလေးရိုးရိုးမွေးချိန် မွေးလမ်းကြောင်းချဲ့သော ဒဏ်ရာများပါဝင်ပါတယ်။
  • ရောင်ရမ်းခြင်း၊ပိုးဝင်ခြင်းနှင့် အရေပြားရောဂါများ – မွေးလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းအတွင်းသို့ ပိုးဝင်လျှင် လိင်ဆက်ဆံချိန်နာကျင်တတ်ပါတယ်။ လိင်အင်္ဂါလမ်းကြောင်းမှာဖြစ်သောနှင်းခူနဲ့ အခြား အရေပြားရောဂါတွေဟာလည်း နာကျင်စေသောအကြောင်းရင်းဖြစ်နိုင်ပါတယ်။
  • မွေးလမ်းကြောင်းကျုံခြင်း – အမျိုးသမီးမွေးလမ်းကြောင်း (vagina) နံရံများ အလိုလျောက်ကျုံခြင်းကြောင့်လည်း လိင်တံထိုးသွင်းချိန် နာကျင်ခြင်းကို ဖြစ်နိုင်ပါတယ်။
  • မွေးရာပါ မူမမှန်မူ – မွေးရာပါ ပြသနာတွေဖြစ်တဲ့ ပြည့်စုံသော မိန်းမကိုယ် မပါဝင်ခြင်း (vaginal agenesis) သို့မဟုတ် အပျိုအမှေးပါး မပေါက်ခြင်း (imperforate hymen) တွေဟာလည်း လိင်ဆက်ဆံချိန် နာကျင်ခြင်း ( dyspareunia) ရဲ့ အကြောင်းရင်းဖြစ်နိုင်ပါတယ်။
  • အတွင်းထဲမှနာကျင်ခြင်း

    အတွင်းထဲထိသို့ ထိုးသွင်းခြင်းကြောင့် အဖြစ်များသော်လည်း အချို့သော လိင်ဆက်ဆံမှု ပုံစံများကြောင့်လည်း ဖြစ်တတ်ပါတယ်။

    ဖြစ်ပွားစေသော အကြောင်းများမှာ –

    • အချို့သော နာမကျန်းမှုအခြေအနေများ – မိန်းမရောဂါများဖြစ်တဲ့ endometriosis, မိန်းမတင်ပဆုံအင်္ဂါများရောင်ခြင်း (Pelvic inflammatory disease), သားအိမ်ကျွံကျခြင်း၊ သားအိမ်နောက်သို့လှန်ခြင်း (retroverted uterus)၊ သားအိမ်အကျိတ်(Uterine fibroids), ဆီးအိမ်ရောင်ခြင်း (cystitis), ကြာရှည်ဝမ်းရောဂါ (irritable bowel syndrome), လိပ်ခေါင်းရောဂါ၊ သားဥအိမ်ရေအိတ်ရောဂါ တို့ပါဝင်ပါတယ်။
    • ဆေးဝါးများနှင့်ကုသခြင်း (သို့) ခွဲစိတ်ကုသခြင်းတို့ကြောင့် ဖြစ်ခြင်း။
    • တင်ပဆုံခွဲစိတ်မှုကြောင့် ဒဏ်ဖြစ်ခြင်း။ ဥပမာ သားအိမ်ထုတ်ခြင်း၊ ဟာလည်း လိင်ဆက်ဆံချိန်နာကျင်ခြင်း(dyspareunia) ကိုဖြစ်စေပါတယ်။ ကင်ဆာရောဂါအတွက် ဓါတ်ကင်ခြင်းနှင့် ကင်ဆာဆေးသွင်းခြင်းတို့ဟာလည်း လိင်ဆက်ဆံချိန် နာကျင်မှုကို ဖြစ်စေပါတယ်။
    • စိတ်ခံစားမှုကြောင့်ဖြစ်ခြင်း

    စိတ်ခံစားမှုဟာ လိင်ဆက်ဆံခြင်းမှာ အရေးကြီးနေရာကပါဝင်ပါတယ်။ ပါဝင်တဲ့ စိတ်ခံစားမှုတွေကတော့

    • စိတ်ရောဂါများ – ဒေါသဖြစ်ခြင်း၊ မိမိရုပ်ရည်ကြောင့် စိတ်ဓါတ်ကျခြင်း၊ နီးစပ်ရန် ကြောက်ရွံခြင်းနှင့် အိမ်ထောင်ရေးဆက်ဆံမှု ပြသနာတွေဟာလည်း လိင်စိတ်ကို လျော့ကျစေပြီး နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။
    • စိတ်ဖိစီးမှု – နေ့စဉ်ဘဝစိတ်ဖိစီးမှုများခြင်းကြောင့် တင်ပဆုံအောက်ကြွက်သားများ (Pelvic floor muscle) တွေဟာ တင်းမာလာနိုင်ပါတယ်။ ဒါကြောင့်ပဲ လိင်ဆက်ဆံချိန်မှာ နာကျင်လာနိုင်ပါတယ်။
    • လိင်အကြမ်းဖက်ခံခဲ့ရခြင်း – လိင်ဆက်ဆံချိန် နာကျင်တတ်တဲ့ အမျိုးသမီးအများစုဟာ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ ရာဇဝင်မရှိပေမဲ့ယ အကယ်လို့များခံခဲ့ဖူးတယ်ဆိုရင် အဲဒါ ဟာ အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်ပါတယ်။

    တစ်ခါတစ်လေမှာတော့ စိတ်ကြောင့် နာကျင်မှုဖြစ်စေတယ်ဆိုတာကို ပြောနိုင်ဖို့ မလွယ်လှပါဘူး။ အစပိုင်းတွေမှာ ကြောက်စိတ်ကြောင့် သက်တောင့်သက်သာမဖြစ်နိုင်တာကြောင့် နာကျင်မှုကို ပိုဆိုးသွားစေနိုင်ပါတယ်။ ကိုယ်ခနာရဲ့ တခြားနေရာတွေမှာဖြစ်တတ်တဲ့ နာကျင်မှုတွေလိုပါပဲ၊ နာကျင်စေတတ်တဲ့ အပြုအမူတွေကို သင်ရှောင်ရှားမိပါလိမ့်မယ်။

    ဖြစ်နိုင်ခြေများ

    Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ကိုဖြစ်စေနိုင်တဲ့ အန္တရာယ်အများကြီးရှိပါတယ်။ဥပမာ-

    • ယခင်ကလိင်မဆက်ဆံဖူးသူ ( အထူးသဖြင့် လိင်ဆက်ဆံဖက်ပါ မကြုံတွေ့ဖူးသူဖြစ်လျှင် ပိုဖြစ်တတ်ပါတယ်)
    • သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးချိန် အမျိုးသမီးများ
    • သားအိမ်ထုတ်ခြင်းကြောင့် နာကျင်နိုင်တဲ့ အန္တရာယ်ပိုများတတ်ပေမဲ့ တစ်ခါတစ်လေမှာလည်း ဆန့်ကျင်ဖက်ဖြစ်နေတတ်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

    လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ကို ရောဂါရှာဖွေမှုမှာပါဝင်တာတွေကတော့

    • ကောင်းမွန်သော ဆေးကုသမှုရာဇဝင် – သင့်ဆရာဝန်က သင်ဘယ်အချိန်မှာစတင်နာကျင်လဲ၊ ဘယ်လိုပုံစံနာကျင်လဲ၊ ဘယ်လိုခံစားရလဲ၊ လိင်ဆက်ဆံဖော်တိုင်းနဲ့ ဖြစ်တာလား၊ ဘယ်လိုပုံစံနဲ့ လိင်ဆက်ဆံရင်ပဲဖြစ်ဖြစ်နာသလားဆိုတာတွေကို မေးမြန်းပါလိမ့်မယ်။ သင့်ဆရာဝန်က သင့်လိင်ဆက်ဆံမှုရာဇဝင်၊ ခွဲစိတ်မှုရာဇဝင် နဲ့ ကလေးမွေးဖွားမှု အတွေ့အကြုံတွေကို မေးမြန်းပါလိမ့်မယ်။ ရှက်ကြောက်မှုကြောင့် မှန်ကန်တဲ့ အဖြေတွေကို မပေးပဲမနေပါနဲ့။ သင်ရဲ့ မှန်ကန်တဲ့အဖြေတွေက ဖြစ်ပွားစေတဲ့ အကြောင်းရင်းမှန်ကို ရဖို့အတွက်သဲလွန်စပေးမှာမို့လို့ပါ။
    • တင်ပဆုံစစ်ဆေးခြင်း-တင်ပဆုံစစ်ဆေးနေစဉ်အတွင်းမှာ ဆရာဝန်က သင်အရေပြားရောဂါနဲ့ သားဖွားလမ်းကြောင်းပုံစံမှန် မမှန်စစ်ဆေးပါမယ်။ ဘယ်နေရာကနာတယ်ဆိုတာကို သိဖို့ မိန်းမကိုယ်နဲ့ တင်ပဆုံကြွက်သားတွေကို ဆရာဝန်မှ ညင်သာစွာ ဖိကြည့်ပါမယ်။ ဘဲနှုတ်သီးလို့ အရပ်ထဲခေါ်တဲ့ speculum နဲ့ သားလမ်းကြောင်းနံရံတွေကို သေချာစွာမျက်လုံးအမြင်နဲ့ ကြည့်ရှုပါမယ်။ ဆရာဝန်က ဘယ်လိုညင်သာစွာ စမ်းသပ်ပေမဲ့လည်း လိင်ဆက်ဆံစဉ်နာကျင်တတ်တဲ့ အမျိုးသမီးတွေဟာ ဒီလို တင်ပဆုံစစ်ဆေးနေစဉ်မှာနေထိုင်ရအဆင်မပြေဖြစ်နိုင်ပါတယ်။ အရမ်းနာကျင်လာရင်တော့ စမ်းသပ်မှုကို ရပ်ဖို့ တောင်းဆိုနိုင်ပါတယ်။
    • အခြားသောစစ်ဆေးမှုများ – အချို့သော အကြောင်းများကြောင့် နာကျင်မှုဖြစ်တတ်လို့ ဆရာဝန်မှ ထင်ခဲ့ရင် သင့်ကို တင်ပဆုံ Ultrasound ရိုက်ဖို့ ပြောပါလိမ့်မယ်။

    Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

    ဖြစ်ပွားစေတဲ့အကြောင်းရင်းကို အဓိကထားပြီး ကုသမှုပေးပါလိမ့်မယ်။ ဆေးသောက်ခြင်း၊ ဆွေးနွေးခြင်းများနဲ့ ကုသနိုင်ပါတယ်။

    • ဆေးသောက်ခြင်း

    ပိုးဝင်တာကြောင့် ဖြစ်ခဲ့မယ်ဆိုရင် ဆေးသောက်ခြင်းနဲ့ ကုသလို့ရပါတယ်။

    ပုံမှန်သောက်နေကျဆေးများကြောင့် မိန်းမကိုယ်ခြောက်သွေ့မှုကိုဖြစ်စေခဲ့မယ်ဆိုရင် ဆရာဝန်မှ အခြားဆေးပြောင်ပေးပါလိမ့်မယ်။

    မိန်းမဟော်မုန်းကျခြင်းကြောင့် မိန်းမကိုယ်ခြောက်သွေ့ခဲ့မယ်ဆိုရင် ဟော်မုန်းလိမ်းဆေးသုံးလို့ရပါတယ်။ ၂၀၁၃ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးမှ အတည်ပြုပေးခဲ့တဲ့ ospemifene ဆေး ကို သွေးဆုံးမှုကြောင့်ဖြစ်တဲ့ လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia)ကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ၆၀ မီလီဂရမ် တစ်နေ့တစ်လုံးသောက်သုံးရပါမယ်။

    ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ မသိမသာမှ အသင့်အတင့် မျက်နှာပူရှိန်းရှိန်းဖြစ်ခြင်းကို ခံစားရပါမယ်။

    • Desensitization therapy

    မိန်းမကိုယ်ကြွက်သားကိုဖြေလျော့စေနိုင်မဲ့ နည်းလမ်းတွေဟာလမ်း နာကျင်မှုကို သက်သာစေပါမယ်။

    • ဆွေးနွေးတိုင်ပင်ခြင်း

    စိတ်ဒဏ်ရာဖြစ်ခြင်း၊ လိင်အကြမ်းဖက်ခံရခြင်း နဲ့ အနာတရဖြစ်ခြင်းတို့ကြောင့် လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ဖြစ်ခဲ့မယ်ဆိုရင် ဆွေးနွေးတိုင်ပင်တဲ့ နည်းလမ်းနဲ့ ကုသလို့ရပါတယ်။

    စိတ်ဝေဒနာမရှိခဲ့ပေမဲ့ လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ရှိတဲ့အမျိုးသမီးများဟာလည်း ဆွေးနွေးတိုင်ပင်မှုပြုခြင်းအားဖြင့် နာကျင်ခြင်းကြောင့်ဖြစ်လာတဲ့ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းလာနိုင်ပါလိမ့်မယ်။ လိင်ဆက်ဆံစဉ်နာကျင်ကြောင့် အမျိုးသားနှင့် အမျိုးသမီးအကြား ပြသနာတွေရှိလာမယ်ဆိုရင် နှစ်ဦးလုံးနှင့် ဆွေးနွေးတိုင်ပင်မှုလုပ်လို့ရပါတယ်။

    လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ

    လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia)

    ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

    အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက လိင်ဆက်ဆံချိန်နာကျင်ခြင်း (dyspareunia) ကို

    ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

    • လိင်ဆက်ဆံသည်ပုံစံပြောင်းခြင်း – ထိုးသွင်းသည့် အချိန် စူးရှသော နာကျင်မှုဖြစ်လျှင် လိင်တံသည် သားအိမ်ခေါင်းကို ထိုးမိခြင်း ဒါမှမဟုတ် တင်ပဆုံကြွက်သားများကို ဖိမိခြင်းဖြစ်နိုင်ပါတယ်။ ဆက်ဆံမှုပုံစံပြောင်းလဲလိုက်ပါ။ အမျိုးသားပေါ်မှ အမျိုးသမီးဆက်ဆံခြင်းကို စမ်းကြည့်ပါ။ အမျိုးသမီးသည် အပေါ်မှနေပြီး ထိန်းချုပ်မှုရသောကြောင့် နေသာရုံအနက်ထိသာ ထိုးဝင်မှုကို ချိန်ညှိနိုင်ပါလိမ့်မယ်။
    • စကားပြောပါ – ဘယ်လိုနေလျှင် ကောင်းသည် ဘယ်လိုနေလျှင် ဆိုးသည်ကို သင့်အဖော်နှင့် ပွင့်ပွင့်လင်းလင်းပြောပြပါ။ ဖြေးဖြေးနေမည်ပြောလျှင် လိုက်နာပေးပါ။
    • မလောပါနဲ့ – အချိန်ကြာ နိုးဆွခြင်းဖြင့် သဘာဝချောမွေ့အရည်ထွက်ခြင်းကို ဖြစ်စေပါမယ်။ အပြည့်အဝနိုးဆွပြီးမှ ထိုးသွင်းခြင်းဖြင့်လည်း နာကျင်မှုကို လျော့ပါးစေပါမယ်။
    • ချောဆီသုံးခြင်း – ချောဆီသုံးခြင်းဖြင့် ပိုပြီး သက်တောင့်သက်သာဖြစ်စေပါမယ်။ သင်နှင့် အသုံးတည့်မည့် တံဆိပ်မျိုးကိုရသည်ထိ စမ်းသုံးကြည့်ပါ။

    သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement