လေ့ကျင့်ခန်း လုပ်လွန်းရင် လိင်တံအရွယ်အစား သေးသွားမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ထူးဆန်းစွာပဲ။ ဒီမေးခွန်းကို အမျိုးသားတွေထက် အမျိုးသမီးတွေက အမေးများတာ တွေ့ရပါတယ်။ ကိုယ့်ရဲ့ ချစ်သူကောင်လေးက Gym မှာ လေ့ကျင့်ခန်းတွေ အရမ်းလုပ်လွန်းလို့၊ အလေးတွေ မလွန်းလို့ လိင်တံအရွယ်အစား သေးသွားမလား၊ ယောက်ျားမပီသတော့ဘူးလားဆိုပြီး စိုးရိမ်ပူပန်တတ်ကြတာပါ။

အမျိုးသားတွေမှာလည်း လေ့ကျင့်ခန်းကြောင့် ငယ်ပါအရွယ်အစား ပိုသေးသွားမလား၊ ကြီးလာနိုင်သေးလား ဆိုပြီး စိတ်မရှင်းဖြစ်နေတာတွေ တွေ့ရပါတယ်။ ဒီနေ့မှာတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ယောက်ျားပီသခြင်း အလွဲလေးတွေနဲ့ ပတ်သက်ပြီး စိတ်ရှင်းသွားရလေအောင် ပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းနဲ့ လိင်တံအရွယ်အစား သေးသွားနိုင်လား။

လိင်တံအရွယ်အစား သေးခြင်း၊ ကြီးခြင်းဟာ လေ့ကျင့်ခန်း လုပ်တာနဲ့ မသက်ဆိုင်ပဲ ကိုယ့်အမျိုးသားရဲ့ နေပုံထိုင်ပုံ၊ စားသောက်ပုံနဲ့သာ သက်ဆိုင်ပါတယ်။ ကိုယ့်အမျိုးသားက လူပျိုဘဝထဲက ဆေးလိပ်၊ အရက်၊ ဘီယာတွေ အလွန်အကျွံသောက်မယ်၊ အဆီ၊ အကြော်အလှော်တွေ စားလွန်းတာကြောင့် ဘီယာဗိုက်ကြီးဖြစ်ပြီး ဝမ်းဗိုက်နဲ့ ခါးမှာ အဆီတွေ ဖုံးလာမယ်၊ ဒီလို နေထိုင်စားသောက်မှုပုံစံ မမှန်တာအပြင် မွေးရာပါ မျိုးရိုးဗီဇအလိုက် လိင်တံအရွယ်အစား ကြီးခြင်း၊ သေးခြင်း ကွာခြားသွားတာပါ။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်လို့ လိင်တံအရွယ်အစား လုံးဝသေးမသွားနိုင်ပါဘူး။

လေ့ကျင့်ခန်းကြောင့် လိင်မှုဘ၀ ဘယ်လိုပြောင်းလဲသွားနိုင်လဲ။

တကယ်တော့ အမျိုးသမီးတွေ စိုးရိမ်ပူပန်တာနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ လေ့ကျင့်ခန်း သေချာလိုက်စားတဲ့ အမျိုးသားတွေမှာ ခန္ဓါကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။ ကြွက်သားေတာင့်တင်းသန်မာစေတယ်။ ဒါ့အပြင် လိင်တံထောင်မတ်နိုင်စွမ်းကိုလည်း မြင့်တက်စေတယ်။ လိင်ဆက်ဆံရာမှာ အချိန်ကြာရှည်စွာ သုက်မထွက်စေဖို့ ထိန်းထားနိုင်တယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူ၊ လိင်ဆက်ဆံဖော်ကိုလည်း အပြည့်အ၀ သာယာမှု ပေးစွမ်းနိုင်ပါတယ်။

အမျိုးသားတွေမှာ တွေ့ကြုံလာတဲ့ လိင်စိတ်ဆန္ဒနည်းပါးလာခြင်း ပြဿနာ

အလုပ်များလွန်းတဲ့ အမျိုးသားတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အမြဲ ပြည့်နေတဲ့ အမျိုးသားတွေ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ နည်းပါးလာနိုင်တဲ့အပြင် စိတ်သွားတိုင်း ကိုယ်မပါတော့တာ၊ ပန်းသေ၊ ပန်းညှိုးဖြစ်နိုင်တဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါ စိတ်ကို တက်ကြွရွှင်လန်းစေတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေတယ်။ ကိုယ်ခန္ဓါက ကျားဟော်မုန်းတွေ ပိုမိုထုတ်လွှတ်ပေးတာကြောင့် လိင်စိတ်တက်ကြွလာစေပါတယ်။

လိင်တံမထောင်မတ်နိုင်ခြင်း (Erectile Dysfuntion)

ထင်ထားတာထက် ပိုပြီး အဖြစ်များတဲ့ ဒီပြဿနာနဲ့ ပတ်သက်ပြီး အမျိုးသားတွေကတော့ သိပ်ပြီး ဝန်ခံချင်ကြမှာ မဟုတ်ပါဘူး။ လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ကိုယ်နေ့စဉ် စားသောက်နေထိုင်မှု ပုံစံ၊ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ သောက်နေရတဲ့ ရောဂါဆေးဝါးတွေ၊ အသက်အရွယ် ကြီးရင့်လာတာ၊ ဆီးချို၊ သွေးချိုနဲ့ နာတာရှည် နှလုံးရောဂါ ဖြစ်လာတာကြောင့် အစရှိသဖြင့် အကြောင်းရင်း အများကြီး ရှိနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ကိုယ့်ပြဿနာဇစ်မြစ်ကို အဖြေရှာဖို့ လိုအပ်သလို လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့်လည်း လိင်တံမထောင်မတ်နိုင်ခြင်း ပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။

အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ အမျိုးသားတွေမှာ စိတ်အာရုံလန်းဆန်းတက်ကြွတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။ လိင်စိတ်ဆန္ဒ ပိုမိုတက်ကြွလာစေတယ်။ သွေးလည်ပတ်မှု ကောင်းစေလို့ လိင်တံပိုပြီး ထောင်မတ်လာနိုင်တယ်။ ကိုယ့်အတွက်ရော ကိုယ့်ရဲ့ ဆက်ဆံဖော်အတွက်ပါ လိင်ပိုင်းဆိုင်ရာ သာယာမှု အပြည့်အ၀ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကြောင့် အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားဟာ ပိုပြီး သေးသွားတာမျိုး လုံးဝမရှိစေပါဘူး။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ကပ်ဘေးကာလ မှာ သူသူကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ ထိခိုက်နေမှာပါ။ ဒါပေမယ့် ရေရှည်တိုက်ပွဲဖြစ်တာကြောင့် စိတ်ရော ကိုယ်ရော ကြံ့ကြံ့ခိုင် နေဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read
အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read