backup og meta

လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ

    လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ က ဘာတွေများ ဖြစ်မလဲ ….. သိချင်နေပြီလား ! ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    အမျိုးသားတစ်ယောက်အနေနဲ့ လိင်စိတ်ဆန္ဒ ကို ဘယ်လိုများပြားအောင်နေထိုင်ရမလဲဆိုတာသိဖို့ အရေးကြီးသလို တခြားဖက်ကလည်း လိင်စိတ်ကို နည်းပါးစေတဲ့ အကြောင်းရင်းများကို သိဖို့လိုပါတယ်။ တချို့သော အကြောင်းအရာတွေက ကျန်းမာရေးနဲ့ ဆက်နွယ်နေနိုင်ပေမဲ့ တချို့သော အကြောင်းအရာတွေက ကျန်းမာရေးနဲ့ မဆိုင်ဘဲ လူနေမှု ဘဝပုံစံတွေကြောင့် လိင်စိတ်နည်းပါးနေကြတာ ဖြစ်ပါတယ်။

    လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ

    သင့်အနေနဲ့ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးမှာ လိင်တံထောင်မတ်မှု ချို့ယွင်းခြင်း (erectile dysfunction (ED) ) နဲ့ လိင်စိတ်ဝင်စားမှု နည်းပါးတာမျိုး ဖြစ်ပွားနေပါက အောက်ပါအကြောင်းရင်းတွေ ခံစားနေရလို့ ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကို ပိုကောင်းအောင်လုပ်ဆောင်ခြင်းဖြင့် သင့်အနေနဲ့ ပိုကောင်းတဲ့ လိင်မှု ဆက်ဆံရေးဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ အခု ဖော်ပြပေးမယ့် လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများကတော့-

    • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၁ – စိတ်ဖိစီးမှု

    လူတချို့ကတော့ စိတ်ဖိစီးနေတဲ့ အချိန် အလုပ်ဖိလုပ်လိုက်တာမျိုး၊ Gym သွားပြီး ကာယလေ့ကျင့်ခန်းတွေကို လိုလိုလားလား လုပ်ဆောင်တာမျိုး လုပ်ကြပေမဲ့ စိတ်ဖိစီးနေတဲ့ အချိန်ဆိုရင် လိင်ဆက်ဆံချင်စိတ်တော့ လျော့နည်းနေမှာပါ။ အလုပ်နဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အိမ်ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ လက်တွဲဖော်နဲ့ ပတ်သတ်ပြီးပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကို ဘယ်သူမဆို ခံစားရနိုင်ပါတယ်။

    စိတ်ဖိစီးမှုကို ကောင်းကောင်း ကိုင်တွယ်နိုင်ခြင်းက သင့်ကျန်းမာရေးအတွက်ရော လိင်မှု ဘဝအတွက်ရော ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုကို တစ်ကိုယ်တည်းလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့ နည်းလေးတွေ အများကြီးရှိပြီး တကယ်လို့တိုင်ပင်ဖို့လိုလာပြီဆိုရင်လည်း အတိုင်ပင်ခံ တစ်ယောက်ယောက်နဲ့ပဲ ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့ပဲ ဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

  • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၂ – လက်တွဲဖော်နဲ့ ပြဿနာတက်ခြင်း
  • ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ပြဿနာတက်ခြင်းဟာ လိင်စိတ်ကို နည်းပါးစေနိုင်တဲ့ ထိပ်ဆုံးအကြောင်းရင်းတစ်ခုပါပဲ။ အမျိုးသမီးတွေ အတွက်ဆိုရင် နီးနီးကပ်ကပ်ရှိခြင်းက လိင်စိတ်ဖြစ်စေတဲ့ အရာ တစ်ခု ဖြစ်ပြီး အမျိုးသားရော၊ အမျိုးသမီးတွေ အတွက်ရောဆိုရင်တော့ ရန်ဖြစ်ပြီးအချိန်၊ စကားပြောဆိုမှု မရှိတာမျိုး၊ သစ္စာဖောက်ခံထားရတာမျိုးနဲ့ တခြားသော ယုံကြည်မှုနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ဖြစ်နေမယ်ဆိုရင် လိင်ဆက်ဆံချင်စိတ် နည်းပါးကြမှာ ဖြစ်ပါတယ်။

    ဒီလို အခြေအနေကနေ နှစ်ယောက်သားအတူတကွ တိုင်ပင်ညှိနှိုင်းလို့ရပေမဲ့ ညှိနှိုင်းဖို့ ခက်တဲ့ ပြဿနာမျိုးဆိုရင်တော့ အကြံပေးအတိုင်ပင်ခံတွေနဲ့ သွားရောက်ဆွေးနွေးသင့်ပါတယ်။

    • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၃ – အရက်

    အရက် တစ်ခွက်လောက် သောက်လိုက်ရင်တော့ လိင်ဆက်ဆံချင်စိတ်ပိုများလာပေမဲ့ အရက်အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ သင့်ရဲ့ လိင်စိတ်တွေကို လျော့နည်းစေနိုင်ပါတယ်။ သင်ကိုယ်တိုင်က အရက်သမားဖြစ်နေမယ်ဆိုလည်း သင့်လက်တွဲဖော်ရဲ့ လိင်ဆက်ဆံချင်စိတ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အရက်ဖြတ်ဖို့ ပြဿနာ ရှိနေတယ်ဆိုရင်လည်း ကျန်းမာရေး ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး ဆွေးနွေး အဖြေရှာသင့်ပါတယ်။

    • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၄ – အိပ်စက်ချိန်နည်းပါးခြင်း

    တကယ်လို့ သင့်ရဲ့ လိင်ဆက်ဆံချင်စိတ်က ရုတ်တရက် လျော့နည်းသွားမယ်ဆိုရင် ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ သင် အိပ်စက်ချိန် အလုံအလောက်မရလို့လည်း ဖြစ်နိုင်ပါတယ်။ အဲ့လိုမျိုး ဖြစ်နေတယ်ဆိုရင် အိပ်ရာကို နောက်ကျမှ အိပ်ပြီး မနက်အစောကြီး ထမိနေသလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ဒါမှမဟုတ် သင့်မှာ အိပ်မပျော်တဲ့ ဝေဒနာမျိုး၊ အိပ်စက်ချိန် အသက်ရှူမရဖြစ်တဲ့ ရောဂါမျိုးခံစားနေရသလားဆိုတာကို သေချာအောင်စစ်ဆေးပါ။

    ညဘက် ကောင်းကောင်း အိပ်မပျော်ဘူးဆို လိင်ဆက်ဆံချင်စိတ်လည်း နည်းသွားမှာ အမှန်ပါပဲ။ ပင်ပန်းခြင်းက လိင်စိတ်ပြင်းပြခြင်းကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံချင်စိတ်နည်းပါးနေတယ်ဆိုရင် အိပ်ရေး ဝရဲ့လားဆိုတာ စစ်ဆေးပါ။ ဒါမှမဟုတ် တကယ်အိပ်လို့မရတဲ့ ဝေဒနာ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။

    •  လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၅ – ကလေးများရှိခြင်း

    မိဘ ဖြစ်သွားတာနဲ့ လိင်စိတ်နည်းပါးသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ ကလေးတွေရှိတဲ့ အချိန်မှာ သင့်အနေနဲ့ လက်တွဲဖော်နဲ့ ရင်းနှီးဖို့ အချိန်တွေတော့ ပိုနည်းပါးသွားမှာပါ။ ဒါ့ကြောင့် အဆင်ပြေမယ်ဆိုရင်တော့ မိဘကောင်းဖြစ်ဖို့ လိုတဲ့အပြင် လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် အချိန်ကို မျှတအောင်စီမံသင့်ပါတယ်။

    • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၆ – ဆေးဝါးများ

    တချို့သော ဆေးဝါး အမျိုးအစားတွေကတော့ လိင်စိတ် ပြင်းပြစိတ်ကို လျော့နည်းစေပါတယ်။ အဲ့ဒီ ဆေးအမျိုးအစားတွေကတော့-

    • စိတ်ကျရောဂါ ပျောက်ဆေးများ၊
    • သွေးဖိအားကျဆေးများ၊
    • သန္ဓေတားဆေးများ၊
    • ဓာတု ကုထုံးများ (Chemotherapy)၊
    • HIV ရောဂါ ကုဆေးများ
    • သုက်ရည် ဂလင်း၊ ပရော့စတိတ် ( prostate) ဂလင်း ရှုံ့ဆေးများ (Finasteride)

    ဒီလိုဆေး အမျိုးအစားတွေကို မှီဝဲနေပြီး လိင်စိတ်ဆန္ဒ ကလည်း လျော့နည်းသွားမယ်ဆိုရင်တော့ ဆေးဝါး ပြောင်းသုံးတာမျိုးက အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဆုံးဖြတ်ချက်နဲ့ ဆေးသောက်ရပ်လိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ဆရာဝန်များနဲ့ အရင်တိုင်ပင်ပြီး ဆေးဝါးသစ်တစ်မျိုး ပြောင်းသုံးလိုက်တာနဲ့ လိင်စိတ်ဆန္ဒက ပြန်လည်မြင့်မားလာမှာ ဖြစ်ပါတယ်။

    • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၇ – ခန္ဓာကိုယ် ပုံစံ ကြည့်ရဆိုးခြင်း

    ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံစံကို ကိုယ်နှစ်သက်ခြင်းအပေါ် အခြေခံပြီး လိင်စိတ်ဆန္ဒ ပြင်းပြမှုတွေ ဖြစ်ပေါ်တာပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံစံကို ကိုယ်ကောင်းကောင်းလက်ခံပါ။ သင်က ခန္ဓာကိုယ်ပိုလှပအောင် ကြိုးစားနေတယ်ဆိုရင်တောင် လက်ရှိ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံစံကို ကိုယ်အရင် သဘောကျတတ်ဖို့လိုပါတယ်။ ကိုယ်ရဲ့ ခန္ဓာကိုယ်ပုံစံကို သဘောကျမယ်ဆိုရင် လိင်စိတ်ဆန္ဒများပြားလာမှာပါ။ တကယ်လို့ သင့်ရဲ့ လက်တွဲဖော်က သူရဲ့ ခန္ဓာကိုယ်ဟာ ကြည့်ရဆိုးနေတယ်လို့ထင်ရင် သူဟာ ဆွဲဆောင်မှုရှိကြောင်း သေချာပြောပြဖို့လိုအပ်ပါတယ်။

    •  လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၈ – အဝလွန်ခြင်း

    သင်ဟာ အဝလွန်နေသူတစ်ယောက်ဆိုရင် လိင်ဆက်ဆံချင်စိတ်တွေက တဖြည်းဖြည်းနည်းသွားမှာပါ။ ဒီလို လိင်စိတ် နည်းသွားရခြင်း အကြောင်းရင်းဟာ သင့်ကိုယ်တိုင်က လိင်ဆက်ဆံရတာကို မကြိုက်လို့လည်း ဖြစ်နိုင်သလို၊ လိင်ကောင်းကောင်း မဆက်ဆံနိုင်တာလည်းဖြစ်နိုင်ပြီး ကိုယ်ရုပ်ဆိုးကြောင်း ခံစားနေမိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာကိုယ်ပုံရိပ်ကို ကိုယ်ဘယ်လိုမြင်လဲဆိုတာကို ပြောင်းလဲဖို့အတွက် ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးခြင်းက လိင်စိတ်ဆန္ဒကို ပိုများလာစေနိုင်ပါတယ်ယ်။

    • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၉ – ထောင်မတ်ခြင်းပြဿနာ

    ထောင်မတ်ခြင်းပြဿနာ ED (erectile dysfunction) ပြဿနာ တက်နေတဲ့ အမျိုးသားများဟာ သူတို့တွေ လိင်ပိုင်းဆိုင်ရာမှာ စွမ်းဆောင်ရည် ကောင်းနိုင်ပါ့မလားဆိုတာ အမြဲတမ်းစိုးရိမ်တတ်ကြပါတယ်။ ဒီစိုးရိမ်စိတ်ကပဲ သူတို့တွေရဲ့ လိင်စိတ် ဆန္ဒကို နည်းပါးစေတာ ဖြစ်ပါတယ်။ ED ဟာ ကုသလို့ရနိုင်တဲ့အပြင် လက်တွဲဖော်ကလည်း ကိုယ့်အမျိုးသားကို ချစ်ခင်ယုယခြင်းဖြင့်လည်း ဒီပြဿနာကိုဖြေရှင်းလို့ရပါတယ်။

    • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၁၀ – T နည်းပါးခြင်း

    T ဟော်မုန်းလို့ အသိများတဲ့ တက်စတိုစတီရုန်းဟော်မုန်းဟာ လိင်စိတ် ကို မောင်းနှင်ပေးနေတာပါ။ အသက်ရတာနဲ့ အမျှ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ အနည်းငယ်ကျဆင်းသွားပါတယ်။ T ဟော်မုန်း ကျသွားလို့ လိင်စိတ်ဆန္ဒ အကုန်ကျဆင်းသွားတာမဟုတ်ပေမဲ့ အနည်းငယ်တော့ ကျဆင်းသွားပါတယ်။ ဒါ့အပြင် တခြားအရာတွေဖြစ်တဲ့ အဖော်ဖြစ်သူနဲ့ ပြဿနာတက်တာကအစ ကိုယ်အလေးချိန်ပြဿနာတွေကလည်း လိင်စိတ်ဆန္ဒနဲ့ တက်စတိုစတီရုန်း ပမာဏ အပေါ်သက်ရောက်နိုင်ပါတယ်။

    •  လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၁၁ – စိတ်ကျခြင်း

    စိတ်ကျရောဂါဟာ လိင်ကိစ္စအပါအဝင် ဘဝက သာယာဖွယ်ကိစ္စတွေကို တားဆီးနိုင်ပါတယ်။ ဒီလိုစိတ်ကျရောဂါ ဖြစ်နေတယ်ဆိုရင် ဆရာဝန်တွေနဲ့ သွားရောက်ပြသသင့်ပါတယ်။ တကယ်လို့ ဆေးဝါးတွေပါ မှီဝဲရတယ်ဆိုရင် ဆရာဝန်ကို ဆေးရွေးချယ်မှုအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးမဟုတ်ပေမဲ့ တချို့သော စိတ်ကျရောဂါ ကုဆေးတွေဟာ လိင်စိတ်ဆန္ဒကိုကျဆင်းစေနိုင်လို့ပါ။ ဒါ့ကြောင့် မှန်မှန်ကန်ကန် ဆေး ရွေးချယ်ဖို့လိုပါတယ်။

    • လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၁၂ – သွေးဆုံးချိန်ရောက်ခြင်း

    အမျိုးသမီးအများစုရဲ့ လိင်စိတ်ဆန္ဒဟာ သွေးဆုံးချိန်တစ်ဝိုက် နည်းပါးသွားပါတယ်။ ဒါဟာ သွေးဆုံးချိန် အမျိုးသမီး အင်္ဂါခြောက်သွေ့သွားတဲ့ အတွက် လိင်စိတ်ဆက်ဆံချိန် နာကျင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ တစ်ယောက်ချင်းစီတိုင်းက မတူညီကြပါဘူး။ သွေးဆုံးချိန်ရောက်သွားပြီးရင်လည်း ကိုယ်လက်တွဲဖော်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းခြင်း၊ ကိုယ့်ခန္ဓာကိုယ်အပေါ်အမြင်နဲ့ ကျန်းမာရေးကောင်းနေမယ်ဆိုရင် သွေးဆုံးရောက်သွားတာတောင် ကောင်းမွန်တဲ့ လိင်မှုဆက်ဆံရေးဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါသေးတယ်။

    •  လိင်စိတ်ဆန္ဒပြင်းပြမှုကို နည်းပါးစေတဲ့ အရာ ၁၃ – နီးစပ်မှုမရှိခြင်း

    နီးစပ်တဲ့ ခံစားချက် မရှိခြင်းက လိင်စိတ်ဆန္ဒတွေကို သတ်ပစ်နိုင်ပါတယ်။ ရင်းနှီးမှု ရှိခြင်းက လိင်စိတ်ထက်ပိုအရေးကြီးပါတယ်။ သင်ရဲ့ လိင်မှုကိစ္စက အသက်မဝင်ဖြစ်နေမယ်ဆိုရင် ကိုယ့်လက်တွဲဖော်နဲ့ လိင်မှုကိစ္စတွေမဟုတ်ဘဲ တခြား စကားပြောတာမျိုး၊ ပွတ်သီးပွတ်သပ်နေတာမျိုး၊ နှိပ်နင်းပေးတာမျိုးလုပ်ပြီး နှစ်ယောက်သားအတူတကွ အချိန်ဖြုန်းသင့်ပါတယ်။ လိင်မှုကိစ္စမဟုတ်ဘဲ အချစ်ကို ဖော်ပြလို့ရတဲ့ နည်းလမ်းတွေရှာကြည့်ပါ။ နှစ်ဦးသား နီးနီးကပ်ကပ်ရှိခြင်းဟာ သင့်ရဲ့ လိင်စိတ်ဆန္ဒကို ပိုတိုးမြှင့်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement