သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ

    သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ

    အချို့သောလိင်ဆက်ဆံမှုပုံစံတွေက အခြားဟာတွေထက် ကလေးရနိုင်ချေပိုများတယ်လို့ သင်ကြားဖူးထားပါလိမ့်မယ်။ ဒါတွေဟာလည်း ယုံတမ်းစကားတွေသာဖြစ်ပြီး သိပ္ပံနည်းကျသက်သေအထောက်အထားလည်း မရှိသေးပါဘူး။ သို့သော် သုတေသနအတော်များများအရ အချို့လိင်မှုပုံစံတွေနဲ့ ဆက်ဆံတဲ့အခါ သင့်ခန္ဓါကိုယ်ထဲမှာ အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုတာတော့ ပြသထားပါတယ်။

    ဒီလိုကြည့်မယ်ဆိုရင် အချို့ပုံစံ တွေက ကလေးရစေနိုင်ဖို့ အခွင့်ပိုများစေပါတယ်။ ဘာလို့ဆိုတော့ သူတို့က နက်ရှိုင်းစွာ ထိုးဖောက်နိုင်မှုကို ပိုဖြစ်စေနိုင်လို့ဖြစ်ပါတယ်။

    သင်ကလေးလိုချင်တဲ့အခါ စွမ်းဆောင်ပေးနိုင်တဲ့ လိင်ဆက်ဆံမှုပုံစံတွေက ဘာတွေလဲ?

    ရိုးရိုးအနေအထား (missionary position )နှင်လေးဘက်ကုန်းပုံစံ ( doggy style )တွေက သင့်အတွက်အဖြေဖြစ်နိုင်ပါတယ်။Scan တွေအရ ဒီလို ပုံစံ၂ခုက လိင်တံကို သားအိမ်ခေါင်း ရှေ့နေရာမှာ ရောက်ရှိစေနိုင်ပါတယ်။ ဒါဟာသုက်ပိုးကို သားအိမ်အတွင်း အများကြီးရောက်စေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်း ပိုမို ဖန်တီးပေးနိုင်ပါတယ်။ အခြား မတ်တပ်ရပ်အနေအထား ဆက်ဆံပုံတွေနဲ့ မိန်းကလေးကအပေါ်မှာထိုင်လျက်အနေအထား တွေက တူညီတဲ့ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်သုတေသနလုပ်ငန်းမှ ဒီပုံစံကို မဆန်းစစ်သေးတဲ့အတွက် သေချာမသိနိုင်သေးပါဘူး။

    ကိုယ်ဝန်ဆောင်ဖို့အော်ဂဇင်( အထွတ်အထိပ်ရောက်ခြင်း /စိတ်ကျေနပ်ခြင်း )လိုအပ်ပါသလား?

    ကိုယ်ဝန်ဆောင်နိင်ဖို့ ယောက်ျားတစ်ဦးရဲ့ အော်ဂဇင်လိုတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် သန္ဓေတည်ဖို့အတွက် အမျိုးသမီးအနေနဲ့ အော်ဂဇင်လိုအပ်သလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ အမျိုးသမီးတွေရဲ့ အော်ဂဇင်ဟာ သုက်ပိုးကို မျိုးဥဆီရောက်ရှိဖို့ မကူညီပေးနိုင်ပါဘူး။ တချို့သော ယောနိလမ်းကြောင်း ကျုံ့ညှစ်တာတွေက သုတ်ပိုးကို ပိုမိုမြန်ဆန်အောင် ရွေ့ပေးနိုင်ပြီး အမျိုးသမီးတွေအနေနဲ့ သားအိမ်ကျုံ့တာတွေ ဖြစ်ဖို့အော်ဂဇင်မလိုအပ်ပါဘူး။ ဒါကြောငိ အဖြေကတော့ သင်ကယောက်ျားလေးတစ်ယောက်ဆိုရင် အော်ဂဇင် လိုမှာဖြစ်ပြီး မိန်းကလေးသာဆိုရင်တော့ မလိုအပ်ပါဘူး။

    ားလားသမီးလား သတ်သတ်မှတ်မှတ်ရစေနိုင်တဲ့ လိင်ဆက်ဆံမှုပုံစံတွေ ရှိပါသလား ?

    ယုံတမ်းစကားတွေထဲမှာသာရှိပါတယ်။ ယေဘုယျအားဖြင့် မိန်းကလေးကအပေါ်မှာနေတဲ့အနေအထားနဲ့ ဆက်ဆံရင် သမီးမိန်းကလေးမွေးတယ်လို့ယူဆကြပြီး ဆန့်ကျင်ဘက်အနေအထားကတော့ သားလေးမွေးလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

    လိင်ဆက်ဆံပြီးနောက် အမျိုးသမီးအနေနဲ့ ဆက်ပြီး လဲလျောင်းနေသင့်သလား ?

    ဆက်ဆံပြီးနောက် ချက်ချင်း ထထွက်သွားတာထက်စာရင် လဲနေတာက သုတ်ပိုးတွေကို ယောနိနဲ့ သားအိမ်ထဲမှာ နေဖို့ ပိုအခွင့်ပေးပါတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက်ဟာ အော်ဂဇင်နှင့်အတူသုက်ပိုးသန်းပေါင်းများစွာ ထုတ်ပေးနိုင်တဲ့အတွက် မိန်းကလေးအနေနဲ့ ထရပ်လိုက်ရင်တောင် မျိုးလမ်းကြောင်းထဲမှာ သုတ်ပိုးတွေအများကြီးရှိနေဦးမှာပါ

    ယေဘုယျအားဖြင့် စုံတွဲတစ်တွဲက တစ်နှစ်လုံး အကာအကွယ်မဲ့လိင်ဆက်ဆံမှုလုပ်နေရင် ကိုယ်ဝန်ရစေပါလိမ့်မယ်။ ဒါကြောင့် မကြာခဏပြုလုပ်တာ အကြိမ်ရေများတာက သန္ဓေတည်ဖို့ ကူညီပေးမှာပါ။ သင်တို့ တစ်နှစ်ကြာပြီးတဲ့အထိတောင် မအောင်မြင်ဘူးဆိုရင် သင့်ရဲ့ မျိုးအောင်နိင်စွမ်းကို ထိခိုက်စေတဲ့ ဆေးဘက်ရာဇဝင်ရှိမရှိ စစ်ဆေးဖို့အတွက် ကျွမ်းကျင်သူဆီသွားပြီး ပြသနာကို ရှာဖွေပါ။,

    Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement