backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဆယ်ကျော်သက်များ၏ လိင်မှုကိစ္စများကို မရပ်တန့်စေနိုင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဆယ်ကျော်သက်များ၏ လိင်မှုကိစ္စများကို မရပ်တန့်စေနိုင်ပါ

ဆယ်ကျော်သက်အရွယ်များတွင် လိင်ဆက်ဆံခြင်းသည် ထိန်းချုပ်ရခက်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ယင်းတို့မှာ လိင်မှတဆင့် ကူးစက်သောရောဂါများဖြစ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုကိမှုများဖြစ်လာခြင်းတို့ဖြစ်စေနိုင်ပါသည်။ ထို့ပြင် ဆယ်ကျော်သက်များသည် ကိုယ်ဝန်မရအောင်ကာကွယ်နည်းများကို မသိရှိပါက ကိုယ်ဝန်ရလာမည်ဖြစ်သည်။

ထို့ကြောင့် အချို့သော နိုင်ငံများတွင် အရွယ်ရောက်သော မိန်းမပျိုများသည် အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းများ ပြုလုပ်လေ့ရှိကြသည်။ သို့သော် ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ထိရောက်မှုရှိပါသလား။

အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းဆိုတာဘာလဲ။

ဆယ်ကျော်သက် မှသည် အရွယ်ရောက်ပြီးသော သူများအနေဖြင့် အိမ်ထောင်ပြုချိန်မှသာလျှင် လိင်ဆက်ဆံခြင်းကို ပြုလုပ်ပါမည်ဟု ကတိပြုခြင်းဖြစ်ပါသည်။ ယင်းဓလေ့သည် အချို့သော မိန်းကလေးအုပ်စုများကြားနှင့် အချို့သော မျိုးနွယ်စုများကြားတွင် ရေပန်းစားသော အလေ့အထဖြစ်ပါသည်။

အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဘာကြောင့် ထင်ထားသလောက် ထိရောက်မှုမရှိရတာလဲ။

အမေရိကန်ပြည်ရှိလေ့လာသူများ၏ ပြောကြားချက်အရ အဆိုပါ ကတိကဝတ်များသည် ၁၈ လခန့်သာ စောင့်ထိန်းနိုင်ကြကြောင်းတွေ့ရပြီး ယင်းကတိသစ္စာသည် အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်းအရွယ်ရှိသူများနှင့် အချို့သော လူမျိုးစုများအတွက်သာ ထိရောက်မှုရှိကြောင်းတွေ့ရသည်။

အံအားသင့်စရာကောင်းသည့်အချက်မှာ အိမ်ထောင်မပြုမီ လိင်ကိစ္စများ မပြုလုပ်ပါဟု ကတိခံယူထားသူဆယ်ကျော်သက်အများစုသည် ထိုကတိကို လွယ်လွယ်နှင့် ဖောက်ဖျက်ကြကြောင်းတွေ့ရသည်။ ထို့ကြောင့် ထိုသို့ ကတိခံယူမှုများသည် ဆယ်ကျော်သက်များ၏ လိင်မှုကိစ္စများကို ရပ်မတန့်သွားစေကြောင်းတွေ့ရပါသည်။

သို့သော် ဆယ်ကျော်သက်များသည် ထိုကတိကဝတ်များကို ခံယူနေကြဆဲဖြစ်သည်။ အကြောင်းမှာ သူတို့သည် ထိုအယူအဆရှိသော မျိုးနွယ်စုများကြားထဲတွင် ဆန့်ကျင်ဘက်အယူအဆများ လုပ်ခြင်းသည် ပုံမှန်အတိုင်းနေထိုင်ခြင်းထက် ဆွဲဆောင်မှုပိုမိုကျဆင်းသွားစေသည်ဟု ထင်မှတ်ကြသောကြောင့် ဖြစ်နိုင်ပါသည်။

အချို့ကမူ ကတိကဝတ်ကို ခံယူထားသော်လည်း လက်မထပ်မီ စောစီးစွာပင် လိင်ဆက်ဆံကြောင်းကို မှတ်တမ်းများအရ တွေ့ရပါသည်။

အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် လိင်ကိစ္စများကို ပိုဖြစ်နိုင်စေပါသလား။

အချို့သော လေ့လာမှုများအရ ထိုသို့ကတိပြုထားသော ဆယ်ကျော်သက်ကလေးများသည် အခြားသော ဆယ်ကျော်သက်များထက် ကိုယ်ဝန်တားဆေးများသုံးခြင်း၊ အကာအကွယ်များသုံးခြင်း စသည့် မျိုးဆက်ပွားကာကွယ်မှုများကို ကြိုတင်ပြင်ဆင်ထားလေ့မရှိကြောင်းတွေ့ရသည်။ ထို့ပြင် လိင်မှတဆင့် ကူးစက်သော ရောဂါများဖြစ်စေခြင်း၊ ကိုယ်ဝန်ရသွားခြင်းတို့ကို ပိုဖြစ်နိုင်ချေများစေပါသည်။ ထို့ကြောင့် ထိုသို့ကတိခံယူခြင်းများသည် မျှော်မှန်းထားသလိုမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ သတိပြုချက်များကိုပါ ပေါ့သွားစေနိုင်ပါသည်။

စိတ်ချရသော လိင်ဆက်ဆံခြင်းဆိုတာဘာလဲ။

ဆယ်ကျော်သက်များကို လိင်မဆက်ဆံရန်တားမြစ်မည့် အစား လုံခြုံစိတ်ချရသော လိင်ဆက်ဆံခြင်းများကို အသိပညာပေးခြင်းများ ပြုလုပ်သင့်ပါသည်။ တားမြစ်လေလေ ပိုလုပ်ချင်လေလေဖြစ်တတ်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် မိမိ၏ဆယ်ကျော်သက် ကလေးများကို ကွန်ဒုံးများဆောင်ရန်၊ ကိုယ်ဝန်တားဆေးများအသုံးပြုပံနှင့် မိန်းကလေးများကို မျိုးဥကြွေသည့်ရက်၊ ကိုယ်ဝန်ရနိုင်သော အချိန်များကိုတွက်ချက်ပြခြင်းများ စသည်တို့ကို သင်ပေးခြင်းဖြင့် လိင်မှုကိစ္စများ၏နောက်ဆက်တွဲဆိုးကျိုးများကို လျော့နည်းစေနိုင်ပါသည်။

ထို့ကြောင့် အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းကို အလေးထားလုပ်ဆောင်မည့်အစား ကလေးများ၏ လူမှုဆက်ဆံမှုပတ်ဝန်းကျင်တွင် အသိပညာများတိုးလာစေရန်၊ မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်ပြီး ကာကွယ်သင့်သည် များကို သိစေရန် သင်ပြပေးခြင်းဖြင့် ကတိကဝတ်များကိုဖောက်ဖျက်မိရာမှ ဖြစ်လာသော ဆိုးကျိုးမျိုးမဖြစ်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါလိမ့်မည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement