လိင်ကျန်းမာရေးနဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်း မစတင်ခင်မှာ အမျိုးသားတွေရဲ့ လိင်အင်္ဂါနဲ့ ဆက်စပ်နေတဲ့ ဝှေးစေ့ရဲ့ လုပ်ဆောင်ပုံအကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ဝှေးစေ့သည် အမျိုးသားအတွက် မရှိမဖြစ်လိုအပ်တဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်း (Testosterone) အပြင် သုက်ပိုးကောင်တွေကိုပါ သိုလှောင်သိမ်းဆည်းထားပေးပါတယ်။ ဒါကြောင့်လည်း တချို့သောအမျိုးသားတွေအနေနဲ့ ဝှေးစေ့အရွယ်အစားသေးငယ်နေတဲ့အခါ ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်လားဆိုပြီး မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။