backup og meta

စော်ကားခံရပြီးနောက် ပြစ်တင်ဝေဖန်ခံစားရခြင်းတွေကို ဘယ်လိုဖြေရှင်းမလဲ။

စော်ကားခံရပြီးနောက် ပြစ်တင်ဝေဖန်ခံစားရခြင်းတွေကို ဘယ်လိုဖြေရှင်းမလဲ။

လိင်ပိုင်းဆိုင်ရာ စော်ကားခံစားပြီးရင် လူတွေဟာ သူတို့ကိုယ်သူတို့ victimization လို့ ခေါ်တဲ့ မတရားဖိနှိပ်ခံရမှု အခြေအနေတစ်ခုကို ကျော်ဖြတ်ကြရပါတယ်။ ပြန်ကောင်းတဲ့အဆင့်ဟာ ရက်သတ္တတ်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအဆင့်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အချက်အလက်တွေ ဖေါ်ပြထားပါတယ်။

ရှော့ခ်ရခြင်းနဲ့ ထုံထိုင်းသွားခြင်း

ရှော့ခ်ရခြင်းနဲ့ ထုံထိုင်းသွားခြင်း ဟာ အနိုင်ကျင့်ခံရပြီးပြီးချင်း စတင်ကြုံတွေ့ရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ကြောက်စရာကောင်းပြီး ဘာမှ မတတ်နိုင်တဲ့ အခြေအနေတစ်ခုကို ကျော်ဖြတ်ပြီးရင် အချို့ စော်ကားခံရသူတွေဟာ ရုတ်တရက် ရှော့ခ်ရသွားတတ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ဘာဖြစ်သွားမှန်းကို မသိတော့ပါဘူး။ ပြီးတော့ စော်ကားခံရသူတွေမှာ flight or flight (သဘာဝတရားအရ အလိုအလျောက်တုံ့ပြန်မှု) လို့ခေါ်တဲ့ ရောဂါအခြေအနေတစ်ခုကိုလည်း ခံစားရပါတယ်။ ဒီအခြေအနေဟာ ထိုသူက ထိန်းချုပ်လို့မရတဲ့ သဘာဝအလျောက် တုန့်ပြန်မှုကို ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် နားလည်မှုနဲ့ ဗဟုသုတ မရှိတာကြောင့် စော်ကားခံရသူ အတော်များများဟာ ဘာဖြစ်လို့ ပြန်တိုက်ခိုက်ရမယ့်အစား ထွက်ပြေးမိတာလဲ (ဒါမှမဟုတ်ပြောင်းပြန်) ဆိုတာကို မသိတော့ပါဘူး။ ဥပမာ အရင်က ကရာတေးသင်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုတိုက်ခိုက်တဲ့သူတစ်ယောက်နဲ့ ကြုံတွေ့ရစဉ်မှာ သူသင်ထားတဲ့ ပညာတွေကို အသုံးမပြုနိုင်ပဲ သူ့ကိုယ်သူ မကာကွယ်နိုင်တာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းကို ဆိုလိုပါတယ်။ ထို့အတူ အမျိုးသားတစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုကို ပြန်မတိုက်ခိုက်ခဲ့ရင် ဒါကို မေးခွန်းထုတ်ပြီး ဝေဖန်ခံရနိုင်ပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေအတွက် စော်ကားခံရသူရဲ့ တုန့်ပြန်မှုကို မေးခွန်းထုတ်ခြင်းဟာ ထိုသူကို ဒုတိယအကြိမ် ထပ်မံဒဏ်ရာရစေပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အဆုံးမှာ သေကြောင်းကြံမယ့်အတွေးတွေပါ ဝင်လာစေပါတယ်။ ကိစ္စအတော်များများမှာ စော်ကားခံရသူတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်မှုတွေဖြစ်တဲ့ တိုက်ခိုက်သူကို ရဲတိုင်ခြင်း (သို့) ကျန်းမာရေး စောင့်ရှောက်မှုတွေ ရယူခြင်းတွေ မလုပ်နိုင်တဲ့အခါမှာ ကိုယ်ခန္ဓါရော စိတ်ပိုင်းဆိုင်ရအရပါ တုန့်ဆိုင်းမှုတွေ ဖြစ်ပါတယ်။ စော်ကားခံရသူဟာ သူ/သူမ ကိုယ်တိုင် ထိန်းချုပ်မှုတွေ မရှိနိုင်တော့ပဲ အထိခိုက်လွယ်ခြင်း၊ အထီးကျန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေ ခံစားရနိုင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဟာလည်း ပျောက်သွားနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက် ခံရသူကို အပြစ်တင်ခြင်းတွေကို ဘယ်လိုကျော်ဖြတ်မလဲ။

အောက်ဖေါ်ပြပါ အချက်တွေက လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တဲ့ အကြံဉာဏ်တွေ ပဲဖြစ်ပါတယ်။

• သင်ယုံကြည် ချစ်မြတ်နိုးရသူတစ်ယောက်ကို ဘာဖြစ်လဲဆိုတာနဲ့ သင့်မှာ သေကြောင်းကြံဖို့ အကြံတွေ ရှိနေပြီလားဆိုတာ ပြောပြပါ။ သူတို့ ဖုန်းနံပါတ်ကို အမြန်ခေါ်ဆိုနိုင်တဲ့ speed dial လို့ခေါ်တဲ့ အမြန်ခေါ်နံပါတ်ထဲ ထည့်ထားပါ။ ဒါဆို ရုတ်တရက် လိုအပ်လာတဲ့အချိန်၊ ကြောက်ရွံလာတဲ့အချိန်မှာ အချိန်မရွေးခေါ်ဆိုနိုင်လာပါလိမ့်မယ်။

• သင်ကိုယ်သင် နာကျင်ခံစားခွင့်ပေးလိုက်ပါ။ ဒါဟာ ကြာရှည်မဟုတ်ပါဘူး။ စိတ်နာကျင်မှုကို သက်သာဖို့ ကိုယ်ခန္ဓါကို ထိခိုက်မှုတွေ (ဥပမာ အသားကို ဓါးနဲ့လှီးတာ) မျိုးတွေ ပြုလုပ်မိပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။

• ဒီအခြေအနေကို တစ်ယောက်တည်း ရင်မဆိုင်နိုင်ဘူးဆိုရင် (သို့) တစ်ယောက်တည်း မနေနိုင်ဘူးဆိုရင် သင်ချစ်တဲ့သူတွေနဲ့သာ အချိန်ကို ကုန်ဆုံးပါ။

• စိတ်နဲ့ ကိုယ်ခန္ဓါကို ဂရုစိုက်ပါ။ နားနားနေနေ နေပါ။ အိပ်ပျော်အောင်အိပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားတွေကိုစားပါ။ ပုံမှန်အတိုင်း လေ့ကျင့်ခန်း ပြုလုပ်ပါ။

• ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေဟာ သင့်အမှားမဟုတ်ဘူးဆိုတာ စိတ်ထဲထည့်ထားပါ။ သင်ဟာ အပြစ်တင်စရာ မဟုတ်ပါဘူး။ အပြစ်ကင်းစင်သူပါ။ သင့်ကိုယ်သင် အပြစ်တင်ခြင်းဟာ အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှုကို ခံရပြီးသူဟာ ဘယ်တော့မှ ပုံမှန်အတိုင်း ပြန်မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒါဟာ သင့်ဘဝတစ်ခုလုံးကို အခြားသူရဲ့ အမှားကြောင့် စိတ်ဆင်းရဲစွာ နေရမယ်လို့ မဆိုလိုပါဘူး။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Trauma of Victimization
https://victimsofcrime.org/help-for- crime-victims/get- help-bulletins- for-crime- victims/trauma-of-victimization
Accessed February 2, 2017

Recovering from Sexual Violence
https://www.rainn.org/recovering-sexual- violence Accessed February 2, 2017

Patient education: Care after sexual assault Beyond the Basics
http://www.uptodate.com/contents/care-after- sexual-assault- beyond-the- basics Accessed February 2, 2017

ယခုပုံစံ

10/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

လိင်ဆက်ဆံရင် ဝိတ်ကျ သလား



Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement