ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ
တစ်ချို့လူတွေက ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ STI (sexually transmitted infections) လို့ခေါ်တဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်နိုင်တော့ဘူး လို့ထင်တတ်ကြတယ်။ တကယ်တော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့် လိင်ကူးစက်တတ်တဲ့ရောဂါတွေ (STI ) တွေ ကူးစက်နိုင်ပါသေးတယ်။ STI ရောဂါတစ်ချို့ဖြစ်တဲ့ လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါနဲ့ ဆီးပူညောင်းကျ ရောဂါ (gonorrhea) တို့ဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။ WHO အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်လိင်မှ တစ်ဆင့် ဖြစ်ပွားတဲ့ ရောဂါ အမျိုးပေါင်း ၁ သန်းလောက်တွေ့ရှိနေရပြီး လိင်မှုကိစ္စကို ပုံမှန်လုပ်ဖြစ်နေတဲ့ သူတွေအနေနဲ့ STI ရောဂါ ကူးစက်မှုတွေ လျော့ကျစေဖို့ ဒီရောဂါတွေ ဘယ်လို ကူးစက်တတ်လဲဆိုတာသိထားဖို့လိုပါတယ်။ ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့အခါ ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေနဲ့ ထိတွေ့နေတဲ့အတွက် STI တွေ ကူးစက်နိုင်ပါတယ်။ STI ရောဂါတွေဟာ ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေနဲ့ ကူးစက်ခံထားရတဲ့ အရည်ပြားတွေနဲ့ ထိတွေ့တဲ့အခါ ကူးစက်နိုင်ပြီး STI ရောဂါတွေက အမျိုးမျိုးရှိတာကြောင့် ခန္ဓါကိုယ်က ထွက်တဲ့ အရည်တွေနဲ့ ထိတဲ့အခါ မြန်မြန်ကူးစက်နိုင်တဲ့ ရောဂါတွေရှိသလို နှေးနှေး ကူးစက်တတ်တဲ့ရောဂါတွေလည်းရှိပါတယ်။
ပါးစပ်မှ တစ်ဆင့် လိင်ဆက်ဆံတဲ့အခါ အကူးစက်ခံရဆုံး STI ရောဂါတွေကတော့-
လိင်အင်္ဂါမှာ ဖြစ်ပွားတတ်တဲ့ ရေယုန်ရောဂါ
ဒီရောဂါဟာ ရေယုန်ရောဂါရှိတဲ့ လူတစ်ယောက်နဲ့ အင်္ဂါချင်းဖြစ်စေ၊ ပါးစပ်ချင်းဖြစ်စေ၊ စအိုသို့ဖြစ်စေ ထိတွေ့မိတဲ့အခါမှာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး စဖြစ်ဖြစ်ချင်း အချိန်မှာ ပိုကူးစက်လွယ်ပါတယ်။
လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါရဲ့ အဓိကလက္ခဏာကတော့ မီးလောင်ရည်ဖုနဲ့တူတဲ့ အနာလေးတွေ လိင်အင်္ဂါ တစ်ဝိုက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒီအနာတွေဟာ ပေါင်တံ၊ တင်ပါး နဲ့ အနီးတစ်ဝိုက်နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ ရေယုန်အမျိုးအစားအပေါ်မူတည်ပြီး ရေယုန်တွေဟာ ပါးစပ်၊ လျှာနဲ့ နှုတ်ခမ်းတွေမှာလည်း ပေါက်နိုင်ပါသေးတယ်။ ကွန်ဒုံးက မဖုံးပေးထားနိုင်တဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ အနာပေါက်နေမယ်ဆိုရင် ကွန်ဒုံးတောင် ဒီဗိုင်းရပ်စ်ကို မကာကွယ်နိုင်ပါဘူး။ နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်နေတဲ့လူတွေဟာ နှုတ်ခမ်းနဲ့ လိင်ဆက်ဆံမယ်ဆိုရင် သူ့ရဲ့ အဖော်ဖြစ်သူကို လိင်အင်္ဂါမှာပေါက်တဲ့ ရေယုန် ကူးစက်စေနိုင်ပါတယ်။ လူတစ်ယောက်မှာ ရေယုန် အနာတွေမရှိဘဲနဲ့ ရေယုန်ရောဂါရှိနေနိုင်သလို တစ်သက်မှာ ရေယုန်တစ်ခါပေါက်ပြီး ရောဂါ လက္ခဏာ မပြတော့ပေမဲ့ ရေယုန်ဖြစ်နေတဲ့ အချိန်တွေလည်းရှိနိုင်ပါတယ်။ ရေယုန်ရောဂါ လက္ခဏာတွေကို ထိန်းသိမ်းလို့ရပေမဲ့ ကုသလို့တော့မရပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။