backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးခုံမွေးမှာရှိသောသန်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးခုံမွေးမှာရှိသောသန်း

ဆီးခုံမွှေးမှာရှိတတ်တဲ့သန်းဆိုတာ လူရဲ့ဆီးစပ်အမွှေးအမှင်ထဲမှာရှင်သန်နေထိုင်တဲ့ အင်းဆက်ငယ်တွေဖြစ်ပြီး အဲဒီလူဆီက သွေးစုပ်ပြီး အသက်ရှင်ကြပါတယ်။ ဒီသန်းတွေက လိင်ဆက်ဆံမှုတွေတွေအတွင်း တစ်ဦးဆီကနေ တစ်ဦးကို ကူးစက်ရွှေ့ပြောင်းနိုင်ပါတယ်။

သန်းတွေရှိတဲ့ အိပ်ရာ၊ အဝတ်အစားနဲ့ တဘက်တွေ ဟာလည်း သန်းတွေရဲ့အသိုက်အမြုံဖြစ်ပါတယ်။

ဆီးခုံမွေးသန်း ရှိတယ်ဆိုတဲ့ အထင်ရှားဆုံးလက္ခဏာ ကတော့ လိင်အင်္ဂါတဝိုက်မှာ ယားယံမှုခံစားရတာပါပဲ။ ဆီးခုံမွေးသန်း တွေ က ဦးရေပြားမှာ ရှင်သန်နေထိုင်လေ့မရှိကြပေမယ့် ခြေသလုံးမွေး၊ ချိုင်းမွေး၊ ရင်ဘတ်မွေး၊ နှုတ်ခမ်းမွေးတို့လို အမွေးအမှင်ထူတဲ့နေရာတွေအပြင် မျက်ခုံးမွေးတွေမှာ ပါ ပြန့်ပွားနေထိုင်ပြီး နေပျော်ကြပါတယ်။

အများအားဖြင့်တော့ ဆီးခုံမွေးသန်း အတွက် ထုတ်ထားတဲ့ဆေးဝါးတွေကို ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် ယားယံမှုကမပျောက်ဘဲ ကုတ်ခြစ်မှုကြောင့် ပိုးဝင်လာရင် ဒါမှမဟုတ် သင်က ကိုယ်ဝန်ဆောင် ဖြစ်နေခဲ့ရင် ဆရာဝန်ပြသင့်ပါတယ်။

ဆီးခုံမွေးသန်း က ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာ တွေ မဖြစ်စေနိုင်ပေမယ့် ယားယံမှုတစ်ခုတည်းကတင်ပဲ အရမ်းကို နေရထိုင်ရခက်စေပါတယ်။ ဆီးခုံမွေးသန်း သန်းမ တွေဟာ တစ်လလောက်အထိ သက်တမ်းရှိပြီး ဥ ၃၀ ခန့်ဥချနိုင်ပါတယ်။

သူတို့ကို ဖယ်ရှားရှင်းလင်းနိုင်ဖို့အတွက် အချိန်ယူရမှာဖြစ်ပြီး ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရနိုင် ပါတယ်။

ဆီးခုံမွေးသန်း ကိုအိမ်မှာပဲရှင်းလင်းနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။ အရင်ဆုံး သန်းသေစေတဲ့ လိုးရှင်းတွေနဲ့ ခေါင်းလျှော်ရည်တွေကို ပြောင်းသုံးကြည့်ပါ။ သန်းဥတွေမကျန်ရစ်စေရအောင် ယားယံမှုဝေဒနာပျောက်သွားပြီး အနည်းဆုံး ၁၀ ရက်ကြာတဲ့အထိ ဆက်သုံးပေးပါ။

အိပ်ရာ၊ အဝတ်အစားနဲ့ တဘက်တွေကို ရေနွေးနဲ့သေချာ လျှော်ဖွပ်ပြီး မီးပူတိုက်ကာ အနည်းဆုံး မိနစ် ၂၀လောက် အခြောက်ခံပေးဖို့ အရေးကြီးပါတယ်။ လျှော်လို့မရတဲ့အရာဆိုရင် လေနဲ့သန့်စင်ပြီး လေလုံတဲ့အိတ်တစ်လုံးထဲမှာ ၂ ပတ်လောက် ထားပေးပါ။

ဆီးခုံမွေးသန်း တွေရှိနေတာက နေရထိုင်ရခက်စေတဲ့ အပြင် ဒုက္ခလည်းကြီးပါတယ်။ အရင်တည်းကသိကြ သလိုပဲ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းပါတယ်။ ဒါ့ကြောင့် ဆီးခုံမွေးသန်း မဖြစ်အောင် ကာကွယ်ဖို့အတွက် ဒီသန်းရှိနေတဲ့ ဘယ်သူနဲ့မှ လိင်မဆက်ဆံဖို့၊ တစ်အိပ်ရာတည်းမအိပ်ဖို့၊ အဝတ် မျှမသုံးဖို့ ဂရုစိုက်ပါ။

ဆီးခုံမွေးသန်း နဲ့ပတ်သက်တဲ့ ကုထုံးတွေကို ခံယူနေပြီဆိုရင် သင့်ကိုနောက်တစ်ကြိမ် သန်းမကူးအောင် ကြိုတင်ကာကွယ်နိုင်ဖို့ သင့်အိမ်ထောင်ဘက် ကိုလည်း ကုသမှုခံယူစေရမှာဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement