AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

AIDS ရောဂါသည် HIV ရောဂါပိုးမှ စတင်ပါသည်။ HIV ရောဂါပိုး ရှိသောသူသည် အများဆုံး ၁၀ နှစ်အထိ ရောဂါလက္ခဏာ မပြခြင်း ဖြစ်တတ်ပါသည်။ ထိုအချိန်အတွင်းမှာလည်း တခြားသူများသို့ ရောဂါပိုး ကူးစက်နိုင်ပါသည်။ ရောဂါပိုးမွှားကို ရှာမတွေ့ဘဲ ကုသမိလျှင်လည်း ဆေးကြောင့် ခုခံအား ကျဆင်းပြီး AIDS ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။

AIDS ရောဂါဆိုသည်မှာ HIV ပိုးရှိသော လူတစ်ဦးသည် ခုခံအား ကျဆင်းပြီး ကိုယ်ခန္ဓါ ထိခိုက်ကာ တခြားသော ရောဂါပိုးမွှားများ၊ အထူးသဖြင့် ကိုယ်တွင်း ခုခံအားစနစ်ကို အားနည်းစေသော ရောဂါပိုးမွှားများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။

ဥပမာ – အနာများ၊ အဖုသေးသေးလေးများ ဖြစ်လေ့ရှိသော ရောဂါများ၊ အလုံးအကျိတ်များ ဖြစ်ပေါ်တတ်သော ရောဂါများ၊ လျှာတွင် အဖြူကွက်များ ပေါ်လေ့ရှိသော ပိုးများ၊ တီဘီ၊ ကင်ဒီတာ ပိုးကြောင့် ဖြစ်သော လည်မျိုရောင်ခြင်းများ ဖြစ်ပါသည်။

ထိုရောဂါပိုးများအတွက် တွေ့ရလေ့ရှိသော လက္ခဏာများမှာ-

  • အသက်ရှူမမှန်ခြင်း
  • တစ်နေကုန် ပင်ပန်းနွမ်းနယ်နေခြင်း
  • ၁၀ ရက်ထက်ပို၍ ဖျားခြင်း
  • ညဘက်တွင် ချွေးစေးများထွက်ခြင်း
  • အဖျား ပြန်ဖြစ်ခြင်း
  • ကြာရှည်စွာ ဝမ်းလျှောခြင်း
  • သွေးခြေဥလွယ်ခြင်း သို့မဟုတ် အကြောင်းပြချက်မရှိ သွေးယိုခြင်း
  • အဖြူကွက်ပေါ်ခြင်းနှင့် လျှာ၊ ပါးစပ်တို့တွင် အဖုလေးများ ဖြစ်ခြင်း
  • အကြောင်းအရင်းမရှိ ပင်ပန်းနွမ်းနယ်နေခြင်း
  • ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ကိုယ်ခန္ဓါတွင် အနီစက်များပေါ်ခြင်းနှင့် အဖုများပေါ်ခြင်း

စသည်တို့ ဖြစ်ပါသည်။

CD4 T ဆဲလ်ပမာဏ လွန်စွာကျဆင်းပြီး ဗိုင်းရပ်စ်ပိုးများ ပမာဏ အဆမတန် တိုးပွားလာပါသည်။ CD4 ပမာဏသည် သွေး ၁ ကုဗလီတာ ပမာဏတွင်၂၀၀ အောက် ကျပါက သို့မဟုတ် အဆင့် ၄ HIV ဒဏ်ကို ခံစားနေရပါက (ဥပမာ – တီဘီ ကင်ဆာနှင့် နမိုးနီးယား) ဆိုလျှင် ခုခံအားကျဆင်းမှု ရောဂါ AIDS ဖြစ်ရန် ပိုများပါသည်။

HIV မှ AIDS သို့ ပြောင်းသွားပြီဆိုလျှင် ထိုလူအဖို့ သေဆုံးရန် ရာခိုင်နှုန်းများပါသည်။ မကုသဘဲထားလျှင် ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ သေစေနိုင်သော ရောဂါပိုးမွှားများ တစ်ခုခု ဝင်ရောက်လာပြီဆိုလျှင်လည်း တစ်နှစ် သက်တမ်းမျှသာ ကျန်သော အဖြစ်မျိုးလည်း ကြုံရနိုင်ပါသည်။

တိုးတက်လာသော ခေတ်သစ် ဆေးဝါးများကြောင့် AIDS ရောဂါရှင်များ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။ HIV ရောဂါဖြစ်လျှင် ဆေးအမျိုးအစားများ စပ်၍ သောက်သုံးရပါမည်။

ထိုဆေးများသည် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို တိုးမြင့်နိုင်ပါသည်။ ထိုဆေးများသည် ဈေးကြီး၍ ဘေးထွက် ဆိုးကျိုးများလည်း ရှိတတ်ပါသည်။ သို့သော် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးမဖြတ်သင့်ပါ။ ထို့အပြင် ပေးထားသော ဆေးကို အကုန်မသောက်ဘဲ တစ်မျိုးတည်းခွဲ၍ မသောက်သုံးရပါ။ CD4 T ဆဲလ်နည်းသော သူများသည် တခြားသော ရောဂါပိုးများ မဝင်လာစေရန် ဆေးသောက်သုံးသည်များလည်း ရှိပါသည်။ ထိုဆေးများကို CD4 ပမာဏ တိုးတက်လာသည်အထိ သောက်သုံးသင့်ပါသည်။

AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ ထိုရောဂါသည် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို လျော့နည်းစေပါသည်။ HIV ရောဂါကို သက်သာစေသော ဆေးများမှာ ကူးစက်မှုများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။ သို့သော် အမြဲတစေ မမှန်နိုင်ပါ။ ဆရာဝန်နှင့် အသေးစိတ် တိုင်ပင်နိုင်ပါသည်။

Hello Health Group သည် ဆေးပညာနှင့်ဆိုင်သော အကြံများပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မဆောင်ရွက်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားတာ စိုးရိမ်စရာလား။

အချို့ မိဘတွေက ဘေဘီလေးကို နာကျင်မှာစိုးတဲ့ စိတ်၊ ကာကွယ်ဆေးထိုးမှ ကလေးဖျားသွားဦးမယ်ဆိုတဲ့စိတ်နဲ့ ကာကွယ်ဆေး မထိုးပေးတာမျိုးတွေ ရှိတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID တိုက်ပွဲက လူသားထုရဲ့ ပထမဆုံးတိုက်စစ် (သို့) ကာကွယ်ဆေးထိုးနှံမှု စတင်လိုက်တဲ့ ဗြိတိန်

ဗြိတိန်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံးသော COVID-19 ကာကွယ်ဆေးထိုးနှံံမှု အစီအစဉ်ကို ဒီကနေ့ ဗြိတိန်စံတော်ချိန် မနက် ၆ နာရီ ၃၁ မှာ စတင်လိုက်ပြီဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

ကာကွယ်ဆေးတွေဆိုတာ ပြင်းထန်တဲ့ရောဂါအန္တရာယ်တွေရန်က ကာကွယ်နိုင်အောင်ထိုးနှံကြတာဖြစ်ပေမဲ့ ကာကွယ်ဆေးထိုးတာကို လုံးဝလက်မခံတဲ့လူတစ်ခုလည်းရှိနေပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကူးစက်ရောဂါတွေက ကိုယ်ကနေ သူများကို ဒါမှမဟုတ် သူများကနေ ကိုယ့်ကို ကူးစက်လာနိုင်တဲ့အတွက် ကူးစက်နိုင်တဲ့နည်းလမ်းတွေကို နားလည်ထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 3 mins read
သန္ဓေပြောင်း ကိုဗစ်ရောဂါပိုးအသစ်က ဘယ်လောက်စိုးရိမ်စရာကောင်းလဲ

သန္ဓေပြောင်း ကိုဗစ်ရောဂါပိုးအသစ်က ဘယ်လောက်စိုးရိမ်စရာကောင်းလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thurein Hlaing Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 2 mins read
အိန္ဒိယမှာဖြစ်ပွားနေတဲ့ အမည်မဖော်နိုင်သေးတဲ့ ကျန်းမာရေးပြဿနာ

အိန္ဒိယမှာဖြစ်ပွားနေတဲ့ အမည်မဖော်နိုင်သေးတဲ့ ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 1 min read