များသောအားဖြင့် ရေယုန်ဆိုတာ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်တတ်ပြီး HSV-1 နဲ့ HSV-2 ရေယုန်ဗိုင်းရပ်စ်ပိုး ၂မျိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ လိင်အင်္ဂါမှာသာမက တခြားအရေပြားပေါ်မှာလည်း ကူးစက်နိုင်ပါတယ်။ HIV နဲ့ မတူဘဲ တံတွေးကတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ရေယုန်ပေါက်နေတဲ့ သူနဲ့ နမ်းမိတာ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတဲ့အခါ ရေယုန်ဗိုင်းရပ်စ်က တံတွေးကနေ ကိုယ်ထဲကိုကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်လာစေပါတယ်။