ဒီဆေးတွေက တားဆေး တွေရဲ့ အာနိသင်ကို ကျစေနိုင်ပါတယ်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 16, 2020 . 2 mins read
Share now

ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က ဆေးပေးခါနီးရင် ဆေးမတည့်တာ ရှိလား။ စွဲသောက်နေတဲ့ ဆေးတွေ ဘာရှိလဲဆိုပြီး မေးတာ ကြုံဖူးမှာပါ။ ဘာလို့လဲဆိုတော့ ဆေးတွေက အချင်းချင်း ဓာတ်ပြုနိုင်လို့ပါပဲ။ တချို့ဆေးတွေက တွဲသောက်မိရင် အချင်းချင်း ဓာတ်ပြုပြီး တစ်ခုက နောက်တစ်ခုရဲ့ ဆေးအာနိသင်ကို ပိတ်လိုက်တာမျိုး ရှိတတ်ပါတယ်။ တချို့ကျတော့လည်း ဒီဆေးကို ခန္ဓာကိုယ်က မချေဖျက်နိုင်အောင် တားလိုက်တာကြောင့် ဆေးက ကိုယ်ထဲမှာ အကြာကြီး ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို  drug interaction လို့ ခေါ်ပါတယ်။

တားဆေး သောက်နေတဲ့သူဆို ဒီအချက်ကို သတိထားသင့်ပါတယ်။ တားဆေးမှန်မှန်သောက်နေရဲ့သားနဲ့ ကိုယ်ဝန်ရသွားတယ်ဆိုတာ ဒီလိုအကြောင်းတွေကြောင့်လည်း ပါပါတယ်။ ကိုယ်သောက်လိုက်တဲ့ ဆေးက တားဆေးအာနိသင်ကို ပိတ်လိုက်တာကြောင့် ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျသွားတာပေါ့။ ဒီတော့ ဘာဆေးတွေက တားဆေးရဲ့ အာနိသင်ကို ထိခိုက်နိုင်လဲ။ ခုကိုယ်သောက်နေတဲ့ထဲမှာ ဒီဆေးတွေပါလားဆိုတာ ကြည့်ကြည့်ရအောင်။

တားဆေး အာနိသင်ကို လျှော့စေတဲ့ဆေးများ

  • ပိုးသတ်ဆေးများ

များသောအားဖြင့်တော့ ပိုးသတ်ဆေးတွေက စိတ်ချလက်ချ သောက်လို့ရပါတယ်။ အသုံးများတဲ့ ပင်နင်ဆလင်အုပ်စုတွေ၊ အမောက်စစလင်အုပ်စုတွေက တားဆေးရဲ့ အာနိသင်ကို မထိခိုက်ပါဘူး။

ပိုးသတ်ဆေးထဲမှာ တားဆေးနဲ့ တွဲမပေးရဘူးလို့ နာမည်ကြီးတဲ့ဆေးက Rifampicin လို့ ခေါ်တဲ့ တီဘီမှာ သုံးတဲ့ဆေးပါ။ သူကတော့ တားဆေး အာနိသင်ကို ကျစေလို့ ဒီဆေးသောက်နေတယ်ဆိုရင် ကွန်ဒုံးသုံးတာဖြစ်ဖြစ် တခြားနည်းနဲ့ သန္ဓေတားတာ ဖြစ်ဖြစ် လုပ်ရမှာပါ။

သူကလွဲလို့ တခြားပိုးသတ်ဆေးတွေကတော့ တားဆေးနဲ့ ရောသောက်လို့ရသလို အပိုဆောင်းသန္ဓေတားနည်းတွေ (ဥပမာ ကွန်ဒုံး)လည်း မလိုပါဘူး။

HIVဆေးတွေထဲမှာဆိုရင်လည်း

-Darunavir

-Efavirenz

-Lopinavir/ ritonavir

-Nevirapine စတဲ့ဆေးတွေပါ။

တခြားဆေးတွေကတော့ သောက်လို့ရပါတယ်။

  • မှိုသတ်ဆေးတွေ

မှိုသတ်ဆေးတွေထဲမှာ သတိထားရမှာက griseofulvinနဲ့ ketoconazoleပါ။ Griseofulvinက သဲဝဲစားရောဂါမှာ သုံးပါတယ်။ Ketoconazoleကတော့ သုံးခဲပါတယ်။ တခြားမှိုဆေးတွေ မရှိ ဒါမှမဟုတ် မနိုင်မှ သုံးတာပါ။ နောက် Nystatinဆေးကလည်း တားဆေး အာနိသင်ကို လျော့စေတယ်လို့ ဆိုပါတယ်။ ကိုယ့်မှာ မှိုစွဲတဲ့ ရောဂါရှိလို့ ဆေးကုရတော့မယ်ဆိုရင် တားဆေးသောက်နေကြောင်း ဆရာဝန်ကို ပြောပြပါ။

  • အတက်ကျဆေး

အတက်ကျဆေးတွေက တားဆေးတွေကို ခန္ဓာကိုယ်ထဲမှာ မြန်မြန်ပျက်စေတာမို့လို့ ဆေးအာနိသင် ပြချိန်မရလိုက်ပါဘူး။ ဒါတွေကတော့

-Carbamazepine

-Felbamate

-Oxcarbazepine

-Phenobarbital

-Primidone

-Topiramate စတဲ့ ဆေးတွေပါပဲ။

ဒါကြောင့် ဒီဆေးတွေ သောက်နေမယ်ဆိုရင် တခြား အပိုဆောင်းသန္ဓေတားနည်းလမ်းတွေ သုံးဖို့ စဉ်းစားပါ။ အတက်ကျဆေးက တားဆေး အာနိသင်ကို လျော့စေပေမယ့် တားဆေးကြောင့် အတက်ကျဆေးရဲ့ ဆေးစွမ်း မထိခိုက်ပါဘူး။

  • Modanafil

ဒီဆေးက အိပ်စက်ခြင်း ရောဂါတွေ ဖြစ်တဲ့ အိပ်ဟောက်ရှူရပ်ရောဂါတို့၊ အအိပ်လွန်တဲ့ ရောဂါတို့မှာ သုံးပါတယ်။ လေ့လာချက်တွေအရ သူသည်လည်း တားဆေးရဲ့ အာနိသင်ကို ကျစေတယ်လို့ဆိုပါတယ်။

  • သစ်ဥသစ်ဖုများ

အောက်မှာ ဆက်ပြောမယ့် သစ်ဥသစ်ဖုတွေကလည်း တားဆေးအာနိသင်ကို ကျစေလို့ ဒါတွေသောက်နေရင် သတိထားပါ။ အနည်းဆုံးတော့ အလွန်အကျွံမသောက်မိပါစေနဲ့။

-St.John’s worts (တောင်ရေချမ်းယားအပင်) : ဒီအပင်ကို စိတ်ကျဝေဒနာနဲ့ အိပ်စက်ခြင်း ဝေဒနာတွေအတွက် သုံးပါတယ်။ လေ့လာချက်တွေအရ ဒီအပင်နဲ့ တားဆေးနဲ့ကို တွဲသောက်မိမယ်ဆိုရင် ရာသီမဟုတ်ဘဲ သွေးဆင်းတာ၊ တားဆေးမှာ ပါတဲ့ အီစထရိုဂျင်ကို ဖျက်ဆီးလိုက်တာမျိုး ဖြစ်တတ်ပါတယ်တဲ့။

-Saw palmetto (ဆေးထန်းပင်) : ဆံပင်ကျွတ်တာ သက်သာအောင် တချို့တွေ သောက်တတ်ကြပါတယ်။

-Alfalfa (အယ်လ်ဖာဖာ) : ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးကျိတ်ပြဿနာတွေအတွက် သုံးတတ်ကြပါတယ်။

-နှမ်းကြတ်စေ့ : အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေအတွက် သောက်ကြပါတယ်။

သစ်ဥသစ်ဖုတွေကို ဘယ်လောက်စားရင် တားဆေးအာနိသင်ကျတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် အလွန်အကျွံမစားမိဖို့ သတိပြုပါ။ ဒါတွေ စားနေမိတယ်ဆိုရင် တားဆေးပြောင်းသုံးတာဖြစ်ဖြစ်၊ စားနေတဲ့ အချိန်တွင်းမှာ အပိုဆောင်းသန္ဓတားနည်းလမ်းသုံးတာ ဖြစ်ဖြစ် လုပ်ပေးပါ။

အဲ့ဒီတော့ ပြန်ပြောရရင် တားဆေးမှ မဟုတ်ပါဘူး။ ကိုယ့်မှာ စွဲသောက်နေတဲ့ ဆေးရှိရင် နောက်ဆေးသောက်ဖို့ လိုလာတိုင်းမှာ စွဲသောက်နေတဲ့ ဆေးတွေအကြောင်း ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဆေးဓာတ်ပြုခြင်း ရှိမရှိ ဆင်ခြင်ပြီး ပေးလို့ရမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အတက်ရောဂါ ဆိုတာ

အတက်ရောဂါပဲ ဖြစ်ဖြစ်၊ သာမန်တက်တာပဲ ဖြစ်ဖြစ် သေသေချာချာ ကုသသင့်ပါတယ်။ ညွှန်ကြားတဲ့ဆေးတွေကို သေသေချာချာသောက်ပြီး ရောဂါကို ထိန်းချုပ်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နှလုံးပိုးဝင်ခြင်း

နှလုံးပိုးဝင်ခြင်းက ၃မျိုးရှိပေမယ့် လက္ခဏာလေးတွေက ခပ်ဆင်ဆင် လက္ခဏာတစ်ခုခုကို ရုတ်တရက် ပြင်းပြင်းထန်ထန် ခံစားရပြီဆိုရင် မပေါ့ဆဘဲ ဆေးစစ်ကြည့်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ကိုယ်ဝန်ဆောင် မယ်ဆိုရင် အိမ်ထောင်သည်တွေ အနေနဲ့ ရာသီစက်ဝန်းအကြောင်း၊ သားဥကြွေရက်အကြောင်း၊ ဂျူးဒိတ်တွေအကြောင်း သိထားဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဂျူးဒိတ်ကို အာထွာဆောင်းကနေ တွက်နိုင်သလို၊ ရာသီရက်ကနေလည်း တွက်နိုင်ပါတယ်။ နှစ်ခုက အခြေအနေပေါ်မူတည်ပြီး ရက်မကိုက်တာမျိုး ရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read