အကြောင်းရင်းများ
Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
အအေးမိခြင်းကိုဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ပေါင်း ၂၀၀ ကျော်ရှိပါသည်။ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းမှာ နည်းအမျိုးမျိုးဖြင့် ပျံ့နှံ့နိုင်၏။ သင့်၌ အအေးမိခြင်းလို ပိုးကူးစက်ခံထားရလျှင် နှာချေချောင်းဆိုးရာမှ ထွက်သော အစက်အမှုန်လေးများတွင် ပိုးများပါတတ်သည်။ ထိုအစက်များသည် နေရာတိုင်းသို့ ပျံ့သွားနိုင်၏။ ထိုအစက်အမှုန်များကို တခြားတစ်ယောက်မှ ရှုမိလျှင် ပိုးကူးစက်ခံရမည်ဖြစ်သည်။
တိုက်ရိုက်မထိတွေ့ပဲနှင့်လည်း ပိုးကူးနိုင်၏။ ဥပမာ – သင့်တွင် အအေးမိခြင်းဖြစ်နေသည်။ သင်က မျက်လုံး နှာခေါင်းတို့ကိုပွတ်မိပြီးမှ တခြားအရာများအားကိုင်လျှင် ထိုအရာများကိုကိုင်မိသူများထံ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါသည်။
ရောဂါပိုးပျံ့ခြင်းအား ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းမှာ တစ်ကိုယ်ရည်သန့်ရှင်းရန် ဖြစ်ပါသည်။ ဥပမာ ရေနွေး ဆပ်ပြာတို့နှင့် လက်ကိုမှန်မှန်ဆေးခြင်းမျိုး။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်ပွားနိုင်သော ဗိုင်းရပ်စ်ပိုး ၂၀၀ ကျော်ရှိပါသည်။ အအေးမိခြင်းသည် ကလေးများတွင် ပိုပြီးအဖြစ်များ၏။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အသက်ရှုလမ်းကြောင်းပိုးဝင်တိုင်း ဆရာဝန်ဆီ သွားစရာလိုသည်တော့မဟုတ်ပါ။ လက္ခဏာများ ပြင်းထန်ပြီး တစ်ပတ်ထက်ပိုလာလျှင်တော့ လည်းချောင်းစထရပ်ပိုးနှင့် လေးအိတ်ခေါင်း ပိုးဝင်ခြင်းအတွက် စစ်ဆေးရမည်ဖြစ်သည်။
Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အိပ်ယာတွင်အနားယူခြင်း၊ အရည်များသောက်ခြင်း (ရေ၊ သစ်သီးဖျော်ရည်၊ လက်ဖက်ရည်)၊ ဆားရည်နွေးနွေးဖြင့် အာလုတ်ကျင်းခြင်း၊ ခေါင်းကိုက် ဖျားနာခြင်းတို့အတွက် ပါရာစီတမော သောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အစာကို ပုံမှန်သာစားပါ။
အလွယ်ဝယယူနိုင်သော အအေးမိသက်သာဆေးများ (နှာရည်ယိုပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး) များသည် လက္ခဏာများကို သက်သာစေရုံသာဖြစ်သည်။ အအေးမိခြင်းအား ကာကွယ်ခြင်း အရှင်းပျောက်ခြင်းအတွက် မဟုတ်ပါ။ အလွယ်ဝယ်ယူနိုင်သော အန်တီဟစ်တမင်းများကလည်း နှာရည်ယိုခြင်း မျက်ရည်ယိုခြင်းများအတွက် အထောက်အကူဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် အအေးမိပြီးနောက် ဘက်တီးရီးယားပိုးဝင်လာတတ်ပြီး ဆရာဝန်နှင့်ပြသရန် လိုအပ်လာတတ်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
- နှာပိတ်ခြင်းအတွက် ဆားရည်အစက်ချခြင်းကို လုပ်ပေးပါ။
- ကလေးနှာပိတ်လျှင် ရာဘာလုံးများသုံးပြီး နှာခေါင်းသန့်တာမျိုးမလုပ်ရပါ။ ပျစ်နေသော နှာရည်အတွက် ဆားရည်အစက်ချပြီး သက်သာအောင် လုပ်ပေးနိုင်ပါသည်။
- အအေးမိခြင်းသည် ရာသီဥတုအေးမြခြင်းနှင့် မသက်ဆိုင်ကြောင်း သေချာသိထားပါ။
- အအေးမမိစေရန် အကောင်းဆုံးနှင့် အလွယ်ဆုံးနည်းမှာ လက်မှန်မှန်ဆေးခြင်းဖြစ်သည်။ နှာခေါင်းနှင့် မျက်လုံးတို့ကို မပွတ်ပါနှင့်။ တစ်ရှူး လက်ကိုင်ပုဝါအုပ်ပြီး ချောင်းဆိုး နှာချေပါ။ အအေးမိသူများနှင့် ဝေးဝေးနေပါ။
- မျှတာသော၊ အာဟာရပြည့်ဝသော အစာများကို အချဉ်ဓါတ်ပါ အရည်ရွှမ်းသော အသီးများ၊ ဗီတာမင်စီပါသော တစ်ခြားအစာများနှင့် တွဲစားပါ။
- ဗိုင်းရပ်စ်များကို ပဋိဇီဝဆေးများက မသတ်နိုင်ပါ။ ထို့ကြောင့် ပဋိဇီဝဆေးများသည် အအေးမိရာတွင် အသုံးမဝင်ပါ။
- တစ်ဆင့်ခံဘက်တီးရီးယားပိုးဝင်သော လက္ခဏာများ ပေါ်လာပါက ဆရာဝန်နှင့် ပြသပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။