အဓိပ္ပါယ်ဖွင့်ဆိုချက်
Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ကဘာလဲ။
အဆုတ်တွင်းရေဝင်ခြင်းဆိုသည်မှာ အဆုတ်တွင်း၌ ရေများစုလာခြင်းကိုဆိုလိုပါသည်။ ရေများသည် လေအိတ်ငယ်များအတွင်စုပုံလာပြီး အသက်ရှုရခက်စေသည်။ များသောအားဖြင့် နှလုံးရောဂါကြောင့်ဖြစ်တတ်ပြီး တခြားသော ကျန်းမာရေးအခြေအနေများကလည်း အဆုတ်တွင်းရေဝင်ခြင်းကို ဖြစ်စေတတ်ပါသည်။
အဆုတ်တွင်းရေဝင်ခြင်းသည် ရုတ်တရတ်ပေါ်လာတတ်သလို (Acute) နာတာရှည်ပုံစံမျိုးလည်း (Chronic) ဖြစ်နိုင်၏။ ရုတ်တရတ်ဖြစ်လာသည်ဆိုပါက ဒီအခြေအနေသည် အသက်သေသည်အထိဖြစ်နိုင်သောကြောင့် ဆေးကုသမှု ချက်ချင်းခံယူရမည်ဖြစ်သည်။ သို့သော်လည်း အချိန်မှီသိရှိလျှင်တော့ ကုသရာနိုင်သောကြောင့် စောလျင်စွာကုလျင် မြန်မြန်သက်သာနိုင်ပါသည်။ အဆုတ်တွင်းရေဝင်ခြင်းကိုကုသရာတွင် ၎င်းကိုရော အောက်ခံရောဂါကိုပါ ကုသရမည်ဖြစ်သည်။
Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါသည် အသက်ကြီးသူများ၌ အဖြစ်များသောရောဂါဖြစ်ပြီး ငယ်ရွယ်သူများတွင် ဖြစ်လေ့မရှိပါ။ ၇၅-၈၄ နှစ်လူ ၁၅ ယောက်လျှင် ၁ ယောက်နှုန်းရှိပြီး အသက် ၈၅နှင့်အထက် နှလုံးအလုပ်မလုပ်နိုင်သူ ၇ ယောက်လှင် ၁ ဦးကျ ဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သေ ာအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ရုတ်တရတ်ဖြစ်သော သို့မဟုတ် နာတာရှည် အဆုတ်တွင်းရေဝင်ခြင်းတို့အပေါ်မူတည်ပြီး လက္ခဏာများ အနည်းငယ်ကွဲပါသည်။ ယေဘုယျအားဖြင့်တော့ အောက်ပါတို့ကို ခံစားရနိုင်၏…
- စိုးရိမ်စိတ် သို့မဟုတ် ဂဏာမငြိမ်ခြင်း
- နိုးကြားတက်ကြွမှု (အသိစိတ်) လယ်ဗယ် ကျခြင်း
- ခြေ သို့ ဝမ်းဗိုက် ဖောခြင်း
- ချွေးထွက်ခြင်း (အလွန်အမင်း)
ရုတ်တရတ်ပြင်းထန် အဆုတ်တွင်းရေဝင်ခြင်း လက္ခဏာများ
- အလွန်အမင်းမသက်ရှုမဝခြင်း သို့မဟုတ် လှဲအိမ်လျှင် အသက်ရှုပိုခက်ခြင်း
- ရေနစ်နေသလို၊ မွန်းနေသလို ခံစားရခြင်း
- အသက်ရှုရန် ရှိုက်နေရခြင်း သို့ ရှုလိုက်လျှင် တရွှီရွှီမြည်ခြင်း
- စိုးရိမ်စိတ်၊ ဂဏာမငြိမ်ခြင်း
- ချွဲ သို့မဟုတ် သွေးများ ချောင်းဟပ်လျှင် ပါခြင်း
- နှလုံးရောဂါကြောင့် အဆုတ်တွင်းရေဝင်ခြင်း ဖြစ်ရလျှင် ရင်ဘတ်အောင့်ခြင်း
- နှလုံးခုန်မြန်ပြီး ပုံမှန်မဟုတ်ခြင်း (ရင်တုန်ခြင်း)
နာတာရှည် အဆုတ်တွင်းရေဝင်ခြင်း လက္ခဏာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။