backup og meta

ကလေးချွဲကြပ်တဲ့အချိန် ဘယ်လို အစားအစာတွေကို ရှောင်ကျွေးရမလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးချွဲကြပ်တဲ့အချိန် ဘယ်လို အစားအစာတွေကို ရှောင်ကျွေးရမလဲ ။  ။

    ချောင်းဆိုး ချွဲကြပ်တယ်ဆိုတာ လူကြီးတစ်ယောက်အတွက်တောင် နေရထိုင်ရခက်ခဲတာ ကလေးတွေ အတွက်ဆို ပိုလို့တောင်ဆိုးပါသေးတယ်။ ဒီလို ချောင်းဆိုး ချွဲကြပ်နေရင် ကလေးကမလန်းတော့တာ၊ အသက်ရှူရကြပ်နေတာနဲ့ မေမေတို့ပိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီလို အချိန်တွေကို ကျော်လွန်ဖို့ဆိုရင် မေမေတို့ ပြုစုတဲ့အပိုင်းက ကလေးအတွက် အရမ်းကိုအရေးကြီးလာပါပြီ။ ဒါဆို သင့်ကလေး ချောင်းဆိုး ချွဲကြပ်နေတဲ့အခါ ဘယ်လို အစားအသောက်တွေကို ရှောင်ကျွေးရမလဲ။

    ချောင်းဆိုးချွဲကြပ်နေတဲ့ သင့်ကလေးကို ဘာအစားအစာတွေ မကျွေးသင့်ဘူးလဲ။ ။

    နွားနို့နွားနို့မှာပါတဲ့ အဆီဓာတ်တွေနဲ့ မလိုင်ဖတ်တွေဟာ သင့်ကလေး ကို ချွဲကြပ်စေမှာ အသေအချာပါ။ ဘယ်လောက်ပဲ အားရှိစေတယ်ပြောပြော ချောင်းဆိုး ချွဲကြပ်နေတဲ့ အချိန်မှာတော့ ကလေးကို နွားနို့မတိုက်သင့်ပါဘူး။

    အသီးအနှံတွေ – ချောင်ဆိုးချွဲကြပ်နေတဲ့ ကလေးကို ထိပ်ဆုံးက မကျွေးသင့်တဲ့ အသီးတွေရှိပါတယ်။ အသီးတွေဟာ ကျန်းမာရေးအတွက် အကျိုးပြုပေမယ့်လည်း ဒီအသီးတွေကိုတော့ ချောင်းဆိုးနေတဲ့ ကလေးတစ်ယောက်ကို မကျွေးသင့်ပါဘူး။ ငှက်ပျောသီး၊ စပျစ်သီး၊ လိုင်ချီးသီးနဲ့ အုန်းသီးတို့ဟာ ချွဲကြပ်ခြင်းကို ပိုဖြစ်စေတာကြောင့် ကလေး ချွဲကြပ်နေရင် ဒီအသီးတွေ မကျွေးပါနဲ့။

    ဟင်းသီးဟင်းရွက်တွေ – သခွားသီးကြက်ဟင်းခါးသီးနဲ့ ရွှေဖရုံသီးတို့ဟာ ကလေးတွေကို ချွဲထခြင်းဖြစ်တဲ့ အစားအသောက်တွေပါ။ သူတို့မှာ ကစီဓာတ်တွေ အများကြီးပါတဲ့အပြင် သူတို့ဟာ အအေးစာတွေ ဖြစ်တာကြောင့် ချောင်းဆိုးနေတဲ့ကလေးတွေကို အစားအစာတွေ မကျွေးပါနဲ့။

    အချိုကဲတဲ့ သရေစာတွေ – အချိုများတဲ့ သကြားများတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးအတွက် လုံးဝကို မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ အချိုဓာတ်က ချွဲကြပ်ခြင်းကို အများဆုံးဖြစ်စေမို့ ကလေး ချောင်းဆိုးတဲ့အခါ အချိုကဲတဲ့ မုန့်တွေကို လုံးဝရှောင်ကျွေးသင့်ပါတယ်။

    အစေ့အဆံတွေ – ပုံမှန် ဆို ကျန်းမာရေးအတွက် အထူးကောင်းမွန်ပေမယ့် ချောင်းဆိုးချွဲကြပ်နေတဲ့ကလေးတွေကိုတော့ ဒီ အစေ့အဆံတွေကို ရှောင်ကျွေးသင့်ပါတယ်။ ဝါးရတာခက်တဲ့အပြင် မြိုချလိုက်လို့ လည်ချောင်းထဲကပ်နေတဲ့အခါ ချောင်းဆိုးတာကို ပိုတောင်ဖြစ်စေပါဦးမယ်။

    စပ်တဲ့ အစားအသောက်တွေ – အဆီများပြီး ပူစပ်တဲ့ အစားအသောက်တွေကြောင့် လည်ချောင်းမှာ အဆီကပ်ပြီး ချောင်းဆိုးချွဲကြပ်သလို ဖြစ်ကြပါတယ်။ ဒါကြောင့် ချောင်းဆိုးချွဲကြပ်နေတဲ့အချိန်ဆို ဒီ အစားအသောက်တွေကို လူကြီးရော ကလေးရော ရှောင်စားသင့်ပါတယ်။

    မလိုင် – မလိုင်ဆိုလည်း အဆီများပြီး ချွဲထစေတဲ့ အစားအသောက်တွေထဲက တစ်ခုဖြစ်တာကြောင့် ကလေးချောင်းဆိုးတဲ့အခါ ရှောင်သင့်တဲ့ အစားအသောက်ထဲမှာ ပါပါတယ်။

    ချောင်းဆိုးချွဲကြပ်နေတဲ့ ကလေးတွေကို ဘယ်လို ကျွေးမွေးပြုစုသင့်လဲ ။ ။

    • အသက် ၆ လနှင့် အောက် ကလေးတွေကို မိခင်နို့ပဲတိုက်ပါ။
    • ဖြည့်စွက်စာစားတဲ့ အရွယ်ရောက်နေပြီဆိုရင် ကလေးချောင်းဆိုးနေရင် အပေါ်က ပြောထားတဲ့ အစားအသောက်တွေကို ရှောင်ကျွေးပါ။
    • ကလေး ကို ရေဓာတ်ပြည့်စေဖို့ ရေများများတိုက်ပါ။ ဒါမှ ကြပ်နေတဲ့ ချွဲတွေ အတန်အသင့်လောက် ပျော်သွားမှာပါ။
    • မသက်သာဘူးထင်ရင် ကြိတ်မကုဘဲ ကလေးဆရာဝန်ဆီ သွားပြပြီး ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။
    • ကိုယ့်ကလေးဆိုးတဲ့ ချောင်းအမျိုးအစားကို လည်း ခွဲတတ်ဖို့လိုပါသေးတယ် ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement