အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

ခုနောက်ပိုင်း အိမ်တွင်းမှာ အပင်စိုက်တာ ခေတ်စားလာကြပါတယ်။ တချို့ကလည်း အပင်တွေက ညဘက်ဆို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်တယ်လို့ သိထားတာဆိုတော့ လူအတွက် အန္တရာယ်မရှိဘူးလားဆိုပြီး စိုးရိမ်ကြတာမျိုး တွေ့ရပါတယ်။ ဒါကြောင့် အိမ်တွင်းအပင်စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဓာတ်မတည့်ခြင်းတွေကို သက်သာစေပါတယ်

အိမ်ထဲမှာ အပင်လေးတွေ စိုက်ပျိုးထားခြင်းက ဖုန်နဲ့ မှိုတက်တာတွေကို လျော့နည်းစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ နောက်ပြီး အပင်တွေနဲ့ အရွက်တွေက ဓာတ်မတည့်မှုတွေ ဖြစ်စေတဲ့ အမှုန်တွေ၊ ပန်းဝတ်မှုန်တွေ နဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်နိုင်တဲ့ အမှုန်တွေကို တားဆီးပေးတာကြောင့် ဓာတ်မတည့်မှုတွေလည်း လျော့နည်းသွားစေမှာပါ။

၂။ အသက်ရှူ ဝစေပါတယ်

ကျွန်တော်တို့ သိကြတဲ့အတိုင်း အပင်တွေက ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူပြီး အောက်ဆီဂျင်ကို ထုတ်ပေးပါတယ်။ ကျွန်တော်တို့တွေက အောက်ဆီဂျင်ကို ရှူပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးတာဆိုတော့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။

အိမ်တွင်းက အောက်ဆီဂျင်ပမာဏကို အပင်တွေက ပိုတိုးစေတာဆိုတော့ ကျွန်တော်တို့ အသက်ရှူဝတာလည်း မဆန်းဘူးလို့ ပြောရမှာပါပဲ။

ဒီမှာ တစ်ခု ပြောစရာရှိတာက တချို့လူတွေ သိထားသလို နေရောင်မရှိတော့တဲ့ ညအချိန်ရောက်ရင် အပင်တွေဟာ အောက်ဆီဂျင်ကို စုပ်ယူပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ပြန်ထုတ်ပါတယ်။

ဒါပေမဲ့ တချို့ အပင်တွေ ဥပမာ သစ်ခွနဲ့ ကန္တာရဆူးပင် အနွယ်ဝင်တွေကတော့ ကာဘွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါတယ်။ ဆိုတော့ အိပ်ခန်းထဲ ဒီအပင်လေးတွေ ထည့်ထားရင်တော့ ညဘက်မှာ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရပြီပေါ့။

၃။ သဘာဝရဲ့ ဆေးပင်တွေ ဖြစ်ပါတယ်

ဥပမာ ရှားစောင်းလက်ပပ်လို အပင်မျိုးဟာ “ကန္တာရရဲ့ ကြာပန်း”၊ “မသေမျိုးတို့ရဲ့ သစ်ပင်” လို့ နာမည်ကျော်တဲ့အတိုင်း ဆေးပင်အဖြစ်နဲ့ သုံးလို့ ရတာမျိုးတွေပါ။

ဒီ ရှားစောင်းပင်တွေက လေထုကို သန့်စင်စေသလို ရှားစောင်းခက်တွေရဲ့ အတွင်းက ဂျယ်လီက အပူလောင်တာ၊ အရေပြား အလှအပ၊ ထိခိုက်ရှနာ၊ နေလောင်တာ အစရှိသဖြင့် နေရာစုံမှာ သုံးလို့ ရပါတယ်။ ရှားစောင်းခက်ကို ပြုတ်ပြီး ထွက်လာတဲ့ အငွေ့ကို ရှူခြင်းကလည်း ပန်းနာရင်ကျပ်ကို သက်သာစေတယ်လို့ ဆိုကြပါတယ်။

၄။ လေထုကို သန့်စင်စေပါတယ်

ကော်ဇောတွေ၊ ပန်းချီကားတွေ၊ ဖုန်စုပ်စက်တွေ၊ ပရင်တာက မင်တွေနဲ့ ဆေးတွေ အပါအဝင် အိမ်တွင်းက ပစ္စည်းတော်တော်များများဟာ လေထုညစ်ညမ်းစေတဲ့ ကွန်ပေါင်းတွေ ထုတ်ပေးလေ့ရှိပါတယ်။

သူတို့တွေက လေထဲမှာ စုနေပြီး မျက်လုံးနဲ့ အရေပြားကို ထိခိုက်စေသလို ပန်းနာရင်ကျပ်ကိုလည်း ပိုဆိုးစေပါတယ်။ အသက်ရှူကျပ်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းမှာ စိုက်ထားတဲ့ အပင်လေးတွေက အဲဒီ ဒြပ်ပေါင်းတွေကို စုပ်ယူပေးနိုင်ပြီး English Ivy, asparagus fern နဲ့ dragon tree တွေလို လေသန့်ပင် အမျိုးအစားတွေက လေထုကို သန့်စင်ပေးနိုင်ပါတယ်။

၅။ အလုပ်ကို ပိုပြီး အာရုံစိုက်မိစေပါတယ်

အပင်တွေ ရှိတဲ့ နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေ၊ စာလုပ်ရသူတွေဟာ ပိုထူးချွန် အောင်မြင်ကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။ သဘာဝနဲ့ နီးစပ်ခြင်း၊ အပင်တွေနဲ့ ဝန်းရံထားခံရခြင်းတွေက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ပိုကောင်းမွန်စေပြီး အလုပ်ကို မြန်မြန်ဆန်ဆန် ကောင်းကောင်းမွန်မွန် ပြီးမြောက်စေပါတယ်။

ရေးသားသူ – Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 14, 2021 . 2 mins read

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကာကွယ်ဆေးကြားက အမှန် အမှားများ

ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေဟာ ရောဂါပိုးတွေ ဝင်လွယ်တယ်ဆိုပေမယ့် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရောဂါတော်တော်များများကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရနေပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
Pepper Spray နဲ့ ဖြန်းမိတဲ့အခါ

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read