backup og meta

ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား (၅) ခု

ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် နဲ့ အမျိုးမျိုး ပြောကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက် သိထားတာချင်း လည်း မတူကြဘူး။ အများအားဖြင့် တော့ မှန်ကြပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။

ဒါပေမယ့် အမှန်လိုလို၊ အမှားလိုလို ဇဝေဇဝါ ဖြစ်တတ်တဲ့ အချက်တွေ ကို ကွဲကွဲပြားပြား ဖြစ်အောင် ဒီဆောင်းပါးမှာ ဆွဲထုတ် ဖော်ပြပေးချင်လို့ပါ။

ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား (၅) ခု

သေချာလေး ဆက်ဖတ်ပေးပြီး အမှားကို အမှန်ပြင်ကြရအောင်လား… ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှားတွေကတော့

(၁) စိတ်ဖိစီးမှု ကြောင့် ကိုယ်ခံအား ကို ကျစေတယ်

အချိန်ကြာကြာ စိတ်ဖိစီးမှုခံစားနေရတဲ့အခါ တကယ်ပဲ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အအေးမိ၊ တုပ်ကွေး တို့လို နာမကျန်းမှုတွေ ကအစ ဆီးချို သွေးချို နဲ့ နှလုံးရောဂါ တို့လို နာတာရှည်ရောဂါ တွေအထိ ဖြစ်လွယ်လာနိုင်ပါတယ်။

(၂) တုပ်ကွေး ကာကွယ်ဆေး က ကိုယ်ခံအားစနစ် ကို အားနည်းစေတယ်

တုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်ရင် ကိုယ်ခံအားကို အားနည်းစေတယ် ဆိုတာ လုံးဝ မှားပါတယ်။ ကာကွယ်ဆေး ဆိုမှတော့ တုပ်ကွေး ဖြစ်မလာအောင် ကိုယ်ခံအားစနစ် က ကာကွယ်နိုင်ဖို့ ပြင်ဆင်ပေးတာပဲ ဖြစ်ပါတယ်။

(၃) ကိုယ် စားတဲ့ အစားအသောက်က ကိုယ်ခံအားအပေါ် သက်ရောက်မှု ရှိတယ်

ဒါတော့ မှန်ပါတယ်။ အာဟာရ မပြည့်စုံ၊ ကျန်းမာရေး နဲ့ မညီတဲ့ စားသောက်မှု ပုံစံက ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှု မကောင်းနိုင်ပါဘူး။ ဗီတာမင်၊ သတ္တုဓာတ်တွေ လို အာဟာရဓာတ်တွေ နဲ့ တခြားခန္ဓာကိုယ်က လိုအပ်သမျှ တွေကို လည်း စုံလင်အောင် စားသင့်ပါတယ်။

(၄) အသက်ကြီး လာတာနဲ့ အမျှ ကိုယ်ခံအားစနစ် က အားနည်းလာနိုင်တယ်

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်က ရောဂါပိုးတွေကို ခုခံတိုက်ထုတ်နိုင်ဖို့ ပိုခက်လာပါတယ်။ အသက်ကြီးသူတွေဟာ ရောဂါဖြစ်လွယ်၊ နေမကောင်းဖြစ်လွယ်ကြပါတယ်။ ကိုယ်ခံအားနည်းတာကြောင့် တုပ်ကွေးနဲ့ အဆုတ်ရောင်ရောဂါ လို ကျန်းမာရေးပြဿနာတွေမှာ ငယ်သူတွေထက် ပိုပြီး ပြင်းထန်တတ်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

(၅) အစား များများ စားရင် ကိုယ်ခံအား ကောင်းတယ်

အစား များများ စား၊ အစုံစားရင် ကိုယ်ခံအားပိုကောင်းစေတယ် လို့ ထင်ကြတယ်။ တကယ်တော့ ကိုယ် စားတဲ့ အစားအသောက်က ကျန်းမာရေး နဲ့ ညီမှ အာဟာရ ဖြစ်ပြီး ကိုယ်ခံအား ကောင်းစေမှာ ဖြစ်ပါတယ်။ များများတော့ စားပါရဲ့၊ အသင့်စား တွေ၊ တာရှည်ခံ တွေ၊ ပြုပြင်ထားတာ တွေ၊ အဆီ များနေတာ တွေချည်းပဲ ဆို ကိုယ်ခံအားကောင်းမလာတဲ့ အပြင် ရောဂါ ပိုထူလာနိုင်တာ သတိထားပါနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.livescience.com/40712-immune-system-surprising-facts.html

https://www.webmd.com/cold-and-flu/myths-and-facts-about-your-immune-system#2

https://www.wsj.com/articles/facts-and-myths-about-boosting-your-immune-system-11584050588

ယခုပုံစံ

16/01/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ခံအားကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်အချို့

သင့်ကလေးရဲ့ ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးကြီးတာလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/01/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။