backup og meta

ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေး ဘယ်လို အကောင်အထည် ဖော်မလဲ

ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေး ဘယ်လို အကောင်အထည် ဖော်မလဲ

ဆောင်းလေးများ မအေးလာနဲ့။ နှာစေးလိုက်၊ နှာချေလိုက်၊ နှာခေါင်းပိတ်လိုက်၊ လည်ချောင်းနာလိုက် ဖြစ်နေလို့ ဆောင်းရာသီရဲ့ အလှတရားကို ကောင်းကောင်းကို မခံစားရဘူးဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီနှစ်ဆောင်းကို ဖျားနာမှု ကင်းကင်းနဲ့ ဖြတ်သန်းနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါပြီ။

ဆောင်းရာသီက ဖျားနာမှုဖြစ်လွယ်သလား …..

ဒါကို အဖြေပေးရရင် ဖြစ်လွယ်တာပေါ့လို့ပဲ ပြောပါရစေ။ အကြောင်းကတော့ ဆောင်းရာသီရဲ့ အေးမြမြ လေထုနဲ့ ပတ်ဝန်းကျင်အနေအထားကို ကိုယ်တွေတင် နှစ်သက်တာ မဟုတ်ဘဲ သာမန်မျက်လုံးနဲ့ မြင်ဖို့ ခက်ခဲတဲ့ ဗိုင်းရပ်စ်တွေကလည်း နှစ်ခြိုက်ကြပါတယ်။ ဒီလို အေးမြတဲ့ လေထုထဲမှာ သူတို့ရဲ့ ရှင်သန်နိုင်တဲ့ ကာလကလည်း ပိုရှည်တော့ လူတွေကို ရောဂါပိုး ကူးစက်နိုင်ခြေကလည်း ပိုများလာတော့တာပေါ့။ ဒါကြောင့်ပဲ ဆောင်းတွင်းမှာ နွေရာသီလိုမျိုး ပူနွေးတဲ့ ရာသီတွေထက် အအေးမိဖျားနာ ပိုဖြစ်ကြတာပါ။

ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေး ဘယ်လို အကောင်အထည် ဖော်မလဲ

ဆောင်းအေးအေးလေးက နေရထိုင်ရ ကောင်းတာ မှန်ပေမယ့် ဖျားနာမှုတွေ ခံစားရနိုင်ခြေကလည်း အတော်များပါတယ်။ ဒီလိုဆိုတာနဲ့ ဆောင်းတွင်းရောက်ရင် မဖြစ်မနေကို ဖျားနာမှု ခံစားရမှာလား …. ဆိုတော့ မဟုတ်ပါဘူး။ တိုက်ထုတ်ကာကွယ်လို့ ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

ကဲ ….. ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေး ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာကို ဖတ်ရင်း အတူတူ လိုက်လိုက်ကြည့်လိုက်စို့နော်။

  • ရေလုံလောက်အောင် သောက်ရပါမယ်

ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေးကို အကောင်အထည် ဖော်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်း တစ်ခုက နေ့တိုင်းမှာ လုံလောက်တဲ့ ရေဓာတ် ဖြည့်တင်းတာပါ။ ဆောင်းအေးရင် ရေသောက်နည်းမယ်။ ဒီလို ရေသောက်နည်းတာက ကိုယ်ခံအားကို ထိခိုက်စေပြီး ဖျားနာလွယ်စေတာပေါ့။ ဒီတော့ ဆောင်းအေးလည်း တစ်နေ့တာ သောက်သုံးရမယ့် ရေပမာဏကို ပြည့်ဝအောင် သောက်သုံးပေးပါ။

  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရပါမယ်

ဆောင်းတွင်းမှာ ဗီတာမင် C လိုမျိုး ကိုယ်ခံအား ဗီတာမင် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးရပါမယ်။ ဆောင်းတွင်းမှာ ပူပူလောလော ချဉ်ချဉ်စပ်စပ်လေးတွေ စားပေးတာက ခံတွင်းလည်းတွေ့ပြီး အချဉ်အရသာအတွက် အသုံးပြုတဲ့ သံပုရာသီး၊ ရှောက်သီးတွေ နဲ့ အစပ်အရသာအတွက် အသုံးပြုတဲ့ ငရုတ်သီးက ဗီတာမင် C ရစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာတွေထဲမှာ ဗီတာမင် C ကြွယ်ဝတာတွေအပြင် ပရိုတင်း၊ ဗီတာမင် D ပါဝင်တာတွေကို စားပေးဖို့လည်း လိုပါမယ်။

  • အိပ်ရေးဝဝ အိပ်ရပါမယ်

ညဘက်တွေမှာ အိပ်ချိန် အနည်းဆုံး ၆နာရီကနေ ၈ နာရီလောက် ထားပေးပါ။ ဆောင်းအေးအေးမှာ အိပ်ချိန် လုံလုံလောက်လောက် မရှိတာက ခန္ဓာကိုယ်ကို အားနည်းစေပြီး ဖျားနာလွယ်စေဖို့ အားပေးနေပါတယ်။ အိပ်ရေးဝအောင် အိပ်တာက ကိုယ့်ကိုယ်ကိုယ် အားဖြည့်တာပါပဲ။ ဒါကြောင့် အိပ်ရေးဝဝအိပ်ရင်း ဖျားနာမှု ကင်းတဲ့ ဆောင်းရာသီ ကို ဖန်တီးလိုက်ပါ။

  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရပါမယ်

ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေးကို အကောင်အထည် ဖော်ပေးနိုင်မယ့် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ တစ်နေ့ကို ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာပါပဲ။ လမ်းလျှောက်တာဖြစ်ဖြစ် ကိရိယာလွတ် လေ့ကျင့်ခန်း လုပ်တာ ဖြစ်ဖြစ်ပေါ့။ ဒီလို လုပ်တာက စိတ်လက်ပေါ့ပါးစေပြီး ဆောင်းတွင်းမှာ ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • အချိန်မှန် စားပေးရပါမယ်

ဆောင်းတွင်းမှာ ပိုစားကောင်းတတ်တဲ့သူလေးတွေ ရှိပေမယ့် အစာကြေခဲတာကြောင့် ဆောင်းတွင်းမှာ အစားတွေကို သေချာ မစားမိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒီလို အစားတွေကို သေချာ မစားတာ၊ အနပ်တွေ ကျော်တာက ခန္ဓာကိုယ်ကို အားနည်းစေပြီး ဖျားနာလွယ်စေပါတယ်။ ဒါကြောင့် အစားကို အချိန်မှန်မှန် စားပေးပါ။ အစာကြေခဲတယ်ဆိုရင်တော့ နည်းနည်းစီ စားပေးပါ။

  • လက်ဆေးရပါမယ်

လက်တွေကနေတဆင့် မျက်လုံးတွေ၊ ပါးစပ်တွေ၊ နှာခေါင်းတွေထဲကို ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် လက်တွေကို ရေနဲ့ဆပ်ပြာ သုံးပြီး လက်ကို သေချာလေး ဆေးကြောပေးပါ။ ဒီလို ဆေးကြောပေးတာကလည်း ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှုကင်းတဲ့ Winter စိတ်ကူးလေးကို ဖန်တီးနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • စိတ်ဖိစီးမှု ပြေလျော့စေမယ့် အလေ့အထလေးတွေ မွေးမြူရပါမယ်

ဆောင်းတွင်းမှာ စိတ်ဖိစီးမှုတွေ စိတ်ဓာတ်ကျမှုတွေက ပုံမှန်ထက် အဖြစ်များပါတယ်။ စိတ်ဖိစီးမှု များတာက ကိုယ်ခံအားကျစေပြီး ဖျားနာလွယ်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပြေလျော့စေမယ့် အလေ့အထလေးတွေဖြစ်တဲ့ လေ့ကျင့်ခန်း လုပ်တာ၊ လက်မှုပစ္စည်းလေးတွေ ဖန်တီးတာ၊ တရားထိုင်တာတွေကို လုပ်ပေးပါ။

ကဲ …… ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေးကို အခုပဲ အကောင်အထည် ဖော်လိုက်တော့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 habits to stay healthy this winter https://www.goodhealth.co.nz/health-articles/article/7-habits-to-stay-healthy-this-winter Accessed Date 2 December 2022

Healthy Habits to Help Protect Against Flu https://www.cdc.gov/flu/prevent/actions-prevent-flu.htm Accessed Date 2 December 2022

9 Healthy Habits to Start During Winter https://www.oxygenmag.com/life/healthy-living-for-women/9-healthy-habits-to-start-during-winter/ Accessed Date 2 December 2022

7 Steps to a Healthy Winter Season https://www.premiermedicalhv.com/news/7-steps-to-a-healthy-winter-season/ Accessed Date 2 December 2022

How to Winterize Your Health https://www.nm.org/healthbeat/healthy-tips/winterize-health-habits Accessed Date 2 December 2022

ယခုပုံစံ

05/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ့်ကြောင့်သူများဖျားနာမှု မခံစားရစေဖို့

သင် ဘာလို့ ခဏခဏ ဖျားနာ နေတာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement