အအေးမိရောဂါမှန်း ဘယ်လိုသိနိုင်မလဲ။
များသောအားဖြင့်တော့ လူနာခံစားရတဲ့ လက္ခဏာကို ကြည့်ပြီးတော့ဘဲ ဆုံးဖြတ်ပါတယ်။ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်တယ်လို့ ယူဆမှသာ လိုအပ်တဲ့ ဆေးစစ်ချက် (ဥပမာ ရင်ဘတ်ဓာတ်မှန်)တွေ ဆက်လုပ်သွားပါတယ်။
အအေးမိဖျားတာကို ဘယ်လိုကုသနိုင်သလဲ။
အအေးမိတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေ ပေးလို့ မသက်သာပါဘူး။ နောက်ဆက်တွဲ ပိုးဝင်မှပဲ ပေးပါတယ်။ ခုခံအားနဲ့ပဲ တိုက်ထုတ်ရတာပါ။ တစ်ပတ်နေရင် အလိုလိုသက်သာသွားပါလိမ့်မယ်။
လတ်တလောမှာတော့ လူနာနေသာအောင် ဖျားရင် ပါရာစီတမော၊ ကိုက်တာခဲတာရှိရင် အကိုက်အခဲပျောက်ဆေး၊ နှာစေးရင် နှာစေးပျောက်ဆေး၊ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး စသဖြင့် ခံစားရတာ သက်သာအောင် ကုပေးပါတယ်။
လူနာအနေနဲ့ မြန်မြန်သက်သာအောင်
- အိမ်မှာပဲ နားနားနေနေနေပါ။ အလုပ်တွေ၊ ကျောင်းတွေ မသွားပါနဲ့။ သူများကို မကူးစက်အောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။
- ရေများများသောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ အအေးတွေကို ခဏရှောင်ထားပါ။
- အာဟာရပြည့်အောင် စားပါ။ စွပ်ပြုတ်လေးတွေ သောက်ပါ။
- နွေးနွေးထွေးထွေးနေပါ။
- မကြာခဏ လက်ဆေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။