အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရာသီမရွေး အအေးမိဖျားနာ ဖြစ်နိုင်တယ်ဆိုပေမယ့် ခုလိုမိုးရာသီအချိန်ကတော့ အအေးမိတာတွေ အဖြစ်အများဆုံးအချိန်ပါပဲ။ ပုံမှန်ကတော့ ၃ရက်ကနေ အလွန်ဆုံး တစ်ပတ်လောက်နဲ့ သက်သာသွားပေမယ့် တချို့လူတွေမှာကျ တစ်ခါဖျားလိုက်တာနဲ့ ၂ပတ်လောက်ထိကို မပျောက်ဘဲ သောင်တင်နေတတ်တယ်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်ကြရအောင်။

၁။ ကောင်းကောင်းအိပ်စက်အနားမယူလို့

အိပ်စက်အနားယူခြင်းဟာ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေပြီး ဖျားနာခြင်းကို တိုက်ထုတ်ပေးတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ပုံမှန်အချိန်မှာလည်း တစ်နေ့ အိပ်ချိန် ၇နာရီအပြည့်အဝမရဘူး၊ ဖျားနေတဲ့အချိန်မှာလည်း ကောင်းကောင်းအနားမယူဘူးဆိုရင်တော့ ပြန်သက်သာဖို့ အချိန်ပိုကြာနိုင်တယ်နော်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျားနေပြီလို့ သံသယရှိတာနဲ့ လုပ်လက်စအလုပ်တွေကို နားပြီး နေ့ရော ညပါ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။

၂။ အရည်သောက်နည်းလို့

လူက ဖျားပြီဆိုရင် ဘာမှမစားချင်၊ မသောက်ချင် ဖြစ်တတ်တာသိကြမှာပါ။ အထူးသဖြင့် ကိုယ်ခန္ဓါတွင်းမှာလည်း ရေဓါတ်က ကုန်ဆုံးသွားတတ်တော့ ဖျားတာတင်မကဘဲ နောက်ဆက်တွဲ လည်ချောင်းနာတာ၊ နှာစေးနှာပိတ်၊ နှာရည်ယို၊ ချောင်းဆိုးတာတွေပါ ဖြစ်ပြီး အဖျားသံသရာက လည်နေဦးမှာပါပဲ။ ဒါကြောင့် ဖျားပြီဆိုရင် ဘာမှမစားနိုင်တောင် ရေတော့ များများသောက်ပေးပါ။ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ ချင်းပြုတ်ရည် သောက်ပေးပါ။ ကော်ဖီ၊ အရက်၊ ဂက်စ်ပါတဲ့ အအေးတွေကိုတော့ ခဏနားထားပါ။

၃။ စိတ်ဖိစီးမှုများနေလို့

ဖျားနေတာတောင် အိပ်ရာမှာ အေးဆေးမနားဘဲ အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ အချစ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးပြီး ပူလောင်နေတတ်တဲ့အကျင့်ရှိလား။ ဒါဆိုရင်တော့ တော်ရုံအဖျားက ပျောက်နိုင်မှာမဟုတ်ပါဘူး။ စိတ်ဆိုတာလည်း ခန္ဓါကျန်းမာရေးအပေါ် သက်ရောက်မှုရှိစေတာမို့ ကိုယ့်စိတ်က ပြိုလဲနေရင် ခန္ဓါကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်ကလည်း ဒီရောဂါဘက်တီးရီးယားတွေကို ကောင်းကောင်းတိုက်ဖျက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဖျားနေရင် ဘာအကြောင်းနဲ့မှ စိတ်ညစ်မခံပါနဲ့။ အဖျားအမြန်ပျောက်သွားမှ စိတ်ပူစရာကိစ္စတွေကို ပြန်ပြီး ခေါင်းထဲထည့်ပါ။

၄။ ဆေးမသောက်ဘဲ ပေပေတေတေ နေတာ

တချို့တွေရှိပါတယ်။ ဖျားနေတယ်၊ ကိုယ်လက်ကိုက်ခဲနေတယ်၊ နှာစေးေနတယ်၊ ကိုယ့်မှာဒါတွေ ဖြစ်မှန်းလည်း သိပါလျက်နဲ့ ဆေးခန်းမပြ၊ ဆေးမသောက်ဘဲ ပေတေပြီး နေတတ်တာပေါ့။ ဒီလိုမျိုး လုပ်တဲ့သူတွေဆိုရင်လည်း အဖျားဝေဒနာက တော်ရုံနဲ့မပျောက်နိုင်ဘူးဆိုတာ သတိထားသင့်တယ်နော်။

၅။ ဆေးမြီးတိုတွေနဲ့ လျှောက်ကုတာ

အရင်ကရော အခုထိ လူတွေကြားမှာ အပြောများနေဆဲအရာကတော့ ဒီအမြစ်၊ ဒီအရွက်လေးကို ဘယ်လိုလုပ်သောက်ရင် ဘာရောဂါပျောက်ပါတယ်ဆိုတဲ့ အဆိုးဆုံး ဆေးမြီးတို ဂျင်းတွေပါပဲ။ သူတို့အတွက်တော့ ကိုယ်ခံအားစနစ်အခံကောင်းလို့ ကံကောင်းပြီး ပျောက်သွားခဲ့ရင်တောင် ကိုယ့်အတွက်ဒီလိုဟုတ်ချင်မှ ဟုတ်မှာပါ။ နောက်ပြီးတော့ ဒီဆေးမြစ်ဆေးရွက်တွေဟာ ရောဂါတွေကို အမှန်တကယ် ကုသပျောက်ကင်းနိုင်တယ်ဆိုတာ ဘယ်ဆေးခန်း၊ ဆေးပညာအဖွဲ့အစည်းကမှ စစ်ဆေးတွေ့ရှိထားခြင်း မရှိပါဘူး။ ဒါကြောင့် နေမကောင်းဖြစ်ပြီဆိုရင် ဆေးခန်းသွားပြပါ။ တွေ့ကရာ ဆေးမြီးတိုတွေနဲ့ လျှောက်မကုပါနဲ့။

၆။ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်နေဆဲမို့

အဖျားဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပျောက်သွားမှာပါဆိုပြီး ဝေဒနာကိုမမှုဘဲ လေ့ကျင့်ခန်းတွေလုပ်၊ အလေးတွေ မနဲ့ လုပ်တဲ့အကျင့်က တော်တော်ဆိုးတယ်နော်။ အထူးသဖြင့် အမျိုးသားတွေမှာ ကိုယ်ဆော့ထားသမျှ အိမ်မှာနားလိုက်ရင် ပြန်ကျသွားတော့မှာပဲ ဆိုတဲ့ စိုးရိမ်စိတ်တွေက များနေတော့ ဖျားနေရင်းနဲ့တောင် Gym ထိ လာဆော့တတ်ကြပါတယ်။ အဲ့လိုမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဖျားနေမှန်းသိရင် အိမ်မှာပဲ အေးအေးဆေးဆေး အနားယူပါ။ ကိုယ်ခံအားစနစ်ပြန်တက်လာအောင် သေချာစားသောက်အနားယူပါ။

ကဲ အပေါ်မှာပြောထားခဲ့တဲ့ အဖျားဝေဒနာကို ရှည်ကြာစေအောင် လုပ်မိနေတဲ့ အကျင့်ဆိုးတွေ ကိုယ့်မှာရှိတယ်ဆိုရင် မြန်မြန်ဖျောက်ဖို့ အကြံပေးလိုက်ပါတယ်နော်။ အားလုံးပဲ ခုလို မုတ်သုံကာလမှာ အအေးမိဖျားနာ၊ တုပ်ကွေးရန်ကနေ ကင်းဝေးပြီး နေ့ရက်တိုင်းကို ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခု

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ အရာ ဆိုလို့ ဘာများလဲလို့ တွေးနေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးထဲမှာ အဖြေရှာကြည့် လိုက်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read